မြတ်နိုးရာ အချစ်...one

1.5K 87 7
                                    

ပြတင်းတံခါးအပြင်၌ကျဆင်းသည့် နှင်းမှုံတို့က သိပ်ကိုလှပလွန်းသည်။

နှင်းပွင့်တို့ကြားချစ်ရသူ၏လက်ဖဝါးလေးကို တွဲလျှက် အတူလမ်းလျှောက်ခွင့်ရလျှင် အဘယ်မျှပြည့်စုံနေမည်နည်း။

ကိုယ်ကတော့ အခန်းထဲက ပြတင်းပေါက်ကနေကြည့်နေရတဲ့အဖြစ်...မွန်းကြပ်လိုက်တာ တခါတရံ၌ ချစ်ရသည်မှာသိပ်ပင်ပန်းလွန်းသည်။

အင်း အချစ်ခံရတာရောပဲ...ဒါပေမယ့် ချစ်ရသူကိုတော့ လက်မလွှတ်နိုင်ဘူး...

ပြက္ခဒိန်ကို မျက်စိတစ်ချက်အကြည့်ရောက်သွားတဲ့အခါ '8' ရက်နေ့ကို ညွှန်ပြလို့ '8'ဂဏန်းရဲ့ အဓိပ္ပါယ်က 'infinity' တဲ့..

ကျွန်တော်ရဲ့ အချစ်ကလည်း သူ့အပေါ် 'infinity love' ပဲ....

*ဂယောင်းဆူးရား....*

တံခါးတွန်းဖွင့်သံနဲ့ သူ့အသံဟာ ထပ်တူကျလျက်...လှည့်ကြည့်စရာမလိုအောင် သိနေပြီလေ...ခါးပေါ်ကသိမ်းဖက်ထားတဲ့ လက်တစ်စုံဟာ မြမြဲစွာ..တင်းကျပ်စွာ...

*ဘာတွေတွေးနေတာလဲ အချစ်...ငါ့အကြောင်းရောပါရဲ့လား*..

ဒါပါပဲ သူ့အချစ်က အတ္တဆန်ဘက်ရောက်လွန်းတယ် ကိုယ်ကရော အင်း..သူ့အပေါ်ဆို အမြဲတမ်း ခွင့်လွှတ်ပြီးသား...

* ရား...ဖြေကွာ ဘာတွေတွေးနေတာလဲလို့ *

* စစ်မှုထမ်းတုန်းက ရက်တွေအကြောင်းပါကွာ ဒီအတိုင်းသတိရလာလို့ တကယ်အမှတ်ရနေမိလို့ပါ *

* ဘာလဲ fanboy တွေကို လွမ်းနေတာလား ချစ်သူတစ်ယောက်လုံး ဘေးထားပြီလေ ဂယောင်းဆူးနော် မင်း ငါးစိမ်မြင်ငါးကင်ပစ်ချချင်တာလား...ပြော *

ပြောရင်းဆိုရင်း လက်ကိုဖြုတ်ချကာ မျက်နှာဆူပုတ်စွာနဲ့ကုတင်ပေါ်သို့စောင့်ထိုင်ချလိုက်တဲ့ ခလေးလူကြီး ရဲ့ ရစ်ခြင်းကအစပြုလာပါပြီ။

*မဟုတ်ပါဘူး ချန်းယောလ်ရာ ဒီအတိုင်း အတွေးလေး ခဏ ရောက်မိသွားတာပါ သူတို့က တကယ်...*

* ဘာလဲ သူတို့က မင်းအပေါ်ဘယ်လောက်ကောင်းတာ ဘယ်လောက် ဂရုစိုက်တာ ဒါတွေပဲ ပြောမှာမလား..ငါကရော မင်းအပေါ် မကောင်းလို့လား ငါက.....*

မြတ်နိုးရာ အချစ် { ChanSoo One Shots }Tempat cerita menjadi hidup. Temukan sekarang