#Zawgyi#
ဝမ်ဟန် ခေါင်းတငြိမ့်ငြိမ့်နဲ့ စဉ်းစားခန်းဖွင့်နေတုန်း ဝမ်လီလီက နွားနို့ဖန်ခွက်ကို ယူကာ စာအုပ်ဖတ်နေတဲ့ ဝမ်ဟန်ရှေ့က စားပွဲပေါ်ကို ချပေးလိုက်သည်။
"အစ်ကို စာအုပ်ကြီး ကိုင်ထားပြီး ဘာတွေ စဉ်းစားနေတာလဲ...''
"သားငယ်လေးအကြောင်းပါ...''
သားငယ်လေးအကြောင်းဆိုမှ ဝမ်လီလီ ငြိမ်ကျသွားတယ်။ သူတို့က ရိပေါ်ကို တုန်နေအောင်ချစ်တာမို့ သိပ်မချမ်းသာပေမယ့် ငယ်ငယ်ထဲ လိုလေသေးမရှိ ပြည့်စုံအောင် ထားခဲ့ကြတယ်။ ရိပေါ်ရည်းစားရှိတာကို သိရတဲ့ အချိန်တုန်းက ဝမ်းနည်းခဲ့ကြရသေးတယ်။ ရိပေါ် ရည်းစားက ယောက်ျားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် ပိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။သူတို့လည်း လူငယ်ဘဝက ကြီးပြင်းလာတာဖြစ်လို့ ရည်းစားထားတာကို နားလည်ပေးချင်ပေမယ့် သူတို့အတွက်တော့ ရိပေါ်က ထိုအရာတွေ နားလည်ဖို့ရာ ငယ်လွန်းသေးတယ်လို့ ထင်တယ်။သူတို့မျက်လုံးထဲမှါ ရိပေါ်လေးက ကလေးပေါက်စလေးလို့ မြင်နေတုန်းပဲ။ ပြီးတော့ ရိပေါ်ကောင်လေးက ဘယ်သူဘယ်ဝါမှန်း မသိရတဲ့အတွက် အလွန်စိတ်ပူစရာဖြစ်နေတယ်။နောက်ပြီး တနေ့က ရိပေါ်ဆီက အမှတ်အသားတွေကို ကြည့်ခြင်းအားဖြင့် ထိုကောင်လေးက လက်ရဲဇက်ရဲ နိုင်လှတယ်လို့ ခန့်မှန်းမိတာကြောင့် သားငယ်လေးကို တစ်ယောက်ထဲ စိတ်ချလက်ချမထားနိုင်ဘူး။
"ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ အစ်ကို...''
ရိပေါ်ကို တစ်ချိန်လုံး စောင့်ကြည့်မနေနိုင်တော့လည်း တစ်မျိုး စိတ်ပူရပြန်တယ်။ ပိုပြီးဆိုးတာက ဝမ်ဟန်ရဲ့ အလုပ်က နောက်တစ်လကျရင် နယ်ကို အပြောင်းအရွေ့ တာဝန်ရထားတယ်။ နယ်မှာက ရိပေါ်ကျောင်းတက်ဖို့အဆင်မပြေဖြစ်နေတယ်။နယ်ဘက်ကို ကျောင်းပိတ်တုန်း ခဏခေါ်ထားတာက ဟုတ်ပါပြီ။ကျောင်းပြန်ဖွင့်ရင် ဒီမှာ သားကြီးကျိုးချန်နဲ့ နှစ်ယောက်ထဲ ထားခဲ့ဖို့က မဖြစ်နိုင်ပြန်ဘူး။
"အစ်ကိုစဉ်းစားမိတာ သားငယ်လေးကို ရှောင်ကျန့်နဲ့ လက်ထပ်ပေးရင်ကောင်းမလားလို့စဉ်းစားနေတာ...''
YOU ARE READING
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...