#Zawgyi#
ရိပေါ်တို့ကားလေးက အဝေးထိရောက်သွားတော့ ရှောင်ကျန့် မြေပြင်ပေါ်ကို ဒူးထောက်ကာခေါင်းငိုက်စိုက်ချမိတယ်။ကျိုးချန်ကလည်း နောက်ကနေ
ပြေးလိုက်လာပြီး သူ့အနားကို ရောက်လာတယ်။"ရှောင်ကျန့်...''
"ငါမှားသွားတယ် ကျိုးချန်...
တကယ်ဆို ငါ ဦးလေးဝမ်ကို သတ္တိရှိရှိနဲ့ ရိပေါ်ချစ်သူက ကျွန်တော်ပါဆိုပြီး ပြောခဲ့သင့်တာ
ခုဟာက ဦးလေးဝမ်ကို လှောင်သလိုဂရုမစိုက်သလိုမျိုး ဖြစ်သွားတာ ငါ ဒါကို ဘာဖြစ်လို့ မတွေးမိသလဲ မသိဘူး...''ရှောင်ကျန့် ပြောရင်း မျက်ရည်တို့က ကျလာရတယ်။ ရိပေါ်ရှေ့မှာတော့ သူ့ကို ရိပေါ် ပိုစိတ်ဆင်းမနေစေချင်လို့ တင်းခံထားခဲ့ခြင်းဖြစ်တယ်။
"မင်းမမှားပါဘူး...မင်းက ညီလေးကို ချစ်တာကြောင့် လိမ်ညာခဲ့တာလေ...''
ကျိုးချန် ရှောင်ကျန့်မျက်ရည်ကျတာကို
အတူလည်ပင်းဖက် ပေါင်းလါခဲ့တဲ့ တလျောက်လုံး
တစ်ခါမှမမြင်ခဲ့ဖူးဘူး။
တကယ်တော့ ဖေဖေက သူ့ကို ဖုန်းဆက်မေးလို့
ပြောလိုက်ရတာ။အစက ငြင်းပေမယ့် သူယူခဲ့တဲ့ အိတ်တွေမှာ ရိပေါ်အိတ်တစ်အိတ်ပါနေတာကို သားတွေကို ဂရုတစိုက်ရှိတတ်တဲ့ ဖေဖေက သိနေတယ်။ဒါကြောင့် ငြင်းဆန်မနေတော့ပဲ ရိပေါ်တို့ ရှိနေတဲ့နေရာကို ပြောလိုက်တယ်။ ခုမပြောလည်း နောက်ကျ သိရမှာပဲဆိုတဲ့ အတွေးနဲ့ ပြောပြလိုက်တာ။
ရှောင်ကျန့်နဲ့ဆိုတာကိုတော့ ထုတ်မပြောဖြစ်လိုက်။
ဖေဖေ့ဖုန်းကို ချပြီး ချက်ချင်းပဲ ရှောင်ကျန့်တို့ ကို
ဒီအကြောင်းတွေကို ကြိုတင်ပြောပြဖို့အတွက် ဖုန်းခေါ်ခဲ့ပေမယ့် ရှောင်ကျန့်တို့က ဖုန်းမကိုင်တာကြောင့် ညတွင်းချင်းပဲ outdoorရိုက်မယ့်နေရာကနေ အမြန်ပြန်လာခဲ့တာ။ ပြီးမှ ဒီအကြောင်းတွေကို ရှောင်ကျန့်ကို ပြောပြရဦးမယ်။🍓
ရိပေါ်ကို ဖေဖေက အိမ်ပြန်ရောက်ရောက်ချင်းပဲ အခန်းထဲမှာပဲ ပိတ်ထားတယ်။
"ခုချိန်ကစပြီး အပြင်ထွက်ဖို့ မကြိုးစားနဲ့တော့...
ငါ တစ်ချိန်လုံး စောင့်ကြည့်နေမှာ နောက်ရက်ကျမှ
တံခါးတွေအကုန်လုံး သော့တွေ သေချာ ပြန်ခတ်ဦးမယ်....''
YOU ARE READING
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...