YRTGFM(9)[Z+U]

1.4K 130 3
                                    

#Zawgyi#

ရိပေါ်နဲ့ ရှောင်ကျန့် အဖိုးအိမ်ရောက်တော့ နှစ်ယောက်လုံး ခဏနားလိုက်ကြတယ်။ အဖိုးက တစ်ယောက်တစ်ခန်းဆီ ပြင်ဆင်ပေးထားတာဖြစ်လို့ ကိုယ့်အခန်းမှာကိုယ် နားရတယ်။ ရိပေါ် ခဏဆိုပြီး အိပ်ယာပေါ်ကို လှဲရင်း အိပ်ပျော်သွားတယ်။ အချိန်ဘယ်လောက်ကြာကြာထိ အိပ်ပျော်သွားမှန်းမသိပဲ နိုးလာချိန်မှာတော့ ညနေတောင် စောင်းနေပြီ။ မျက်နှာသစ်ပြီး ကိုကို့ အခန်းဘက်ကို လာကြည့်တော့ ကိုကိုက မရှိ။ဒါနဲ့ အောက်ထပ်ကိုပဲ ဆင်းလာခဲ့တယ်။ အောက်ရောက်တော့ အဖွားနဲ့ တီကြီး မုံယီက ချက်ပြုတ်ဖို့အတွက် ပြင်ဆင်နေကြတယ်။

"မြေးလေး နိးလာပြီ...ဒီမှာ အဖွားနဲ့ တီကြီးက မြေးအတွက် ခေါက်ဆွဲချက်ပေးမလို့ ပြင်ဆင်နေတာ...''

"ဟုတ်ကဲ့...အဖွား...ကျေးဇူးတင်ပါတယ်...''

ဂျုံတွေနယ်နေတဲ့ အဖွားကို ရိပေါ်က ပြေးဖက်ပြီး
ကျေးဇူးတင်စကားပြော ချွဲတယ်။ အဖွားက အသက်ကြီးတယ်ဆိုပေမယ့် သွက်လက်နေတုန်းပါပဲ။

"ဒါနဲ့ ကိုကိုရော အဖွား...''

"ခြံထဲ ဆင်းသွားတယ်...''

ရိပေါ် ခြံထဲကို အမြန်လိုက်သွားလိုက်တယ်။

သိပ်မကျယ်ဝန်းလှတဲ့ ခြံဝင်းလေးထဲမှာ အဖိုးစိုက်ထားတဲ့ သီးပင်စားပင်နဲ့တွေနဲ့ နေရာအနှံ့ပြည့်နေတယ်။ အပင်တွေဘက်မှာ အဖိုးကိုရော ကိုကို့ကိုရော မတွေ့တာမို့ အိမ်အနောက်က ရေကန်လေးဘက်ဆီ ထွက်လာခဲ့တယ်။

ရေကန်လေးက သဘာဝရေကန်တော့မဟုတ်အဖိုးဖန်တီးထားတဲ့ ရေကန်လေးပေါ့။ ဒါပေမဲ့ သဘာဝအတိုင်း ဖြစ်တည်နေသလိုပါပဲ။ငယ်ငယ်ကဆို ဒီရေကန်လေးထဲမှာ ရေဆင်းချိုးနေကျ။ ငယ်ငယ်က ကန်ရေက ပခုံးထိရှိပေမယ့်ခု အရပ်ရှည်လာတော့ ခါးထိပဲ ရှိတော့တယ်။ကန်ထဲမှာ ရေသန့်စင်အောင်ဆိုပြီး ကြာပန်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရေကန်လေးက သဘာဝရေကန်တော့မဟုတ်
အဖိုးဖန်တီးထားတဲ့ ရေကန်လေးပေါ့။ ဒါပေမဲ့ သဘာဝအတိုင်း ဖြစ်တည်နေသလိုပါပဲ။
ငယ်ငယ်ကဆို ဒီရေကန်လေးထဲမှာ ရေဆင်းချိုးနေကျ။ ငယ်ငယ်က ကန်ရေက ပခုံးထိရှိပေမယ့်
ခု အရပ်ရှည်လာတော့ ခါးထိပဲ ရှိတော့တယ်။
ကန်ထဲမှာ ရေသန့်စင်အောင်ဆိုပြီး ကြာပန်းပင်လေးတွေ ထည့်စိုက်ထားသေးတယ်။ တစ်ကန်လုံး အပြည့်စိုက်တာ မဟုတ်ဘဲနဲ့ ကန်အစပ်လေးမှာပဲ
စိုက်ထားတယ်။

You're The Gift For Me (Completed)Where stories live. Discover now