#Zawgyi#
ရှောင်ကျန့် ဆိုင်ပိတ်ရက် အိမ်မှာ အနားယူနေပေမယ့် စိတ်ကမဖြောင့်။ ရိပေါ်ကို စိတ်ပူပြီး တွေ့ချင်နေတယ်။ ဦးလေးဝမ်က ဒီတစ်ခါတော့ တော်တော်လေး စိတ်ဆိုးနေတယ်။ ရိပေါ်ကို သူနဲ့ အပြင် သွားတဲ့နေ့က ကိစ္စကို စိတ်ဆိုးပြီး ရည်းစားကောင်နဲ့ ထပ်ချိန်းတွေ့ မှာစိုးလို့တဲ့ အိမ်မှာပဲ ပိတ်ထားတယ်။အဲ့ဒီအိမ်ဘက်ကို သွားချင်ပေမယ့် ကိုယ်က အပြစ်လုပ်သူဆိုတော့ စိတ်က သိပ်မလုံချင်ဘူး။အရင်က စိတ်ထဲမှာ ဘာမှ မရှိတော့ ဘယ်လိုမှမနေ ခဏခဏသွားတယ်။
"မေမေ...ဦးလေးဝမ်တို့ အိမ်ကို ဘာများပေးစရာရှိလဲ...''
ရှောင်ကျန့် ရိပေါ် အိမ်ဘက်ကို ကူးဖို့
ပေးစရာကို အကြောင်းပြပြီး သွားမယ် စိတ်ကူးရလိုက်တယ်။"ဘာမှတော့ ပေးစရာမရှိပါဘူး...ဘာဖြစ်လို့လဲ သား...''
"ဟို...ဘာမှ မဟုတ်ပါဘူး...ခဏသွားမလို့လေ...''
"အော်...မေ့နေတာ...မေမေ ပန်းသီးမုန့်တွေ လုပ် ထားတာ ရိပေါ်လေး စားရအောင် ယူသွားလိုက်...''
"ဟုတ်ကဲ့...မေမေ...''
ရှောင်ကျန့် ပန်းသီးမုန့်ကို အနည်းငယ်ကို ခွဲယူပြီး
ရိပေါ်တို့ အိမ်ဘက်ကို အမြန်ထွက်လာလိုက်သည်။"ဦးလေးဝမ်...ရိပေါ်အတွက် မေမေက ပန်းသီးမုန့်ပေးခိုင်းလို့...ဒါနဲ့ ကျိုးချန်ရောရှိလား...''
ရှောင်ကျန့်
ကျိုးချန်ကို အရမ်းမေးချင်နေလို့တော့မဟုတ်။
ရိပေါ်တစ်ယောက်ထဲ ကွက်ပြောနေရင် မကောင်းတတ်လို့။"အော်... အေးအေး...ကျန့်ကျန့်
ရိပေါ် အပေါ်ထပ်မှာရှိတယ် တက်ပေးလိုက်...
ဒါနဲ့ ကျန့်ကျန့်...''"ဟုတ်...''
"သား ညီကို သူ့ကောင်လေးက ဘယ်သူလဲ
မေးကြည့်ပေးပါလား
သူက သားမေးရင် ရလောက်မှာ
ပြီးတော့ သူ့ကို ရည်းစားမထားဖို့ လဲ ဖျောင်းဖျပေးပါဦး...သားက ဦးကို သိပ်စကားမပြောတော့လို့...''"ဟုတ်...ဟုတ်ကဲ့ ''
ရှောင်ကျန့် တွေးမိလိုက်တာက ဦးလေးဝမ်က
ရိပေါ် ကောင်လေးကို လုံးဝ သဘောမတူဖြစ်နေတာပဲ။ ဒါတွေ အသာထားဦး။ ရိပေါ်လေးကို မတွေ့ရတာက တစ်ညနဲ့ တစ်မနက်ခင်းတောင် ရှိနေပြီ။ ရိပေါ်မျက်နှာလေးကို မြင်ချင်လှပြီ။
VOUS LISEZ
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...