#Zawgyi#
"အဖိုးဝမ်...အဖိုးရေ...''
ရိပေါ် ကိုကိုနဲ့အတူ အဖိုး အပင်တွေကို
ပေါင်းကူသင်ပေးနေတုန်း ကလေးတစ်စုရဲ့
အော်သံကြားလိုက်ရလို့ ခြံတံခါးဖွင့်ပြီး
ထွက်ကြည့်လိုက်တယ်။
ကိုကိုကလည်း နောက်က ကပ်ပါလာတယ်။
အပြင်ရောက်တော့ ကလေးသုံးယောက်ကို တွေ့လိုက်ရတယ်။ တစ်ယောက်က ပန်းစည်းကို ပွေ့ထားတယ်။တစ်ယောက်က ဖရဲသီးကို ပွေ့ထားတယ်။"ဟာ...အားချုံး တို့
အားယွင်တို့ အားယွမ်တို့ပါလား...
လာလာ အထဲဝင်...''"ဟင်...အစ်ကိုပေါ်ပေါ် ဘယ်တုန်းက ရောက်နေတာလည်း သားတို့တောင် မသိရပါလား...''
"လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ...''
"သားတို့ဆီတောင်မလာဘူး...''
"အားယွင်တို့တွေ အလုပ်ရှုပ်နေမှာဆိုးလို့ပါ...''
အရင်က အဖိုးအိမ်လာတိုင်း အစ်ကိုကြီးနဲ့အတူ
အားယွင်တို့ စိုက်ခင်းတစ်ခွင် နှံ့ နေအောင် လျောက်သွားကြတယ်။ အဲ့ဒီလိုဆို အားယွင်တို့
အိမ်တွေက အလုပ်မအားတဲ့ကြားက
ရိပေါ်တို့ကို ပြာပြာသလဲနဲ့ လိုလေးသေးမရှိ
ဧည့်ခံကြတယ်။ အဲ့လိုတွေဆို ရိပေါ်တို့က အရမ်းအားနာရတယ်လေ။ ပြီးတော့ ကိုကိုနဲ့ စိမ်းနေတဲ့အိမ်တွေမလို့ ကိုကို မနေတတ်မှာစိုးလို့ မသွားဖြစ်တာ။"ဒါနဲ့ ကိုကို...သူတို့က ဟိုနားက စိုက်ခင်းတွေကလေ...ရိပေါ်တို့ အလာတုန်းက ဖြတ်လာခဲ့တဲ့ စိုက်ခင်းတွေလေ...''
"အော်...တွေ့ရတာ ဝမ်းသာတယ်နော် ကလေးတို့...''
ရှောင်ကျန့် ကလေးတွေကို ပြုံးပြလိုက်တယ်။
"အစ်ကိုပေါ်...ဒီအစ်ကိုက ဘယ်သူလဲဟင်...''
"ဟဲဟဲ...အစ်ကို့ချစ်သူလေ...''
"ဝါး...ယောက်ျားလေးချင်း ကြိုက်လို့ရတယ်ပေါ့နော်...အားယွင် ကြားလား ကြီးလာရင် မင်းလည်း
ငါ့ချစ်သူလုပ်...''"ချီးကို ချစ်သူလား...အရူးကောင်...''
"ကြည့်စမ်း...ရှဲ့ယွင်လေးက အကြီးတွေရှေ့မှာကို
ဆဲတယ်နော်...''"မင်းက ဆဲအောင်လုပ်တာကို...''
အားချုံး စကားကို အားယွင်က ကစ်ကစ်လန် ပြန်ပြောတယ်။ပြီးတော့ ကျိချုံးက သူ့သူငယ်ချင်းလေးရှဲ့ယွင်ကို ရယ်ချင်လို့ မထိတထိ စတော့ ရှဲ့ယွင်က ကျိချုံးကို ပြန်တွန်းတိုးရင်း ရန်ဖြစ်နေကြတယ်။
တစ်ယောက်အစသန် တစ်ယောက်က ဆတ်ဆတ်ထိမခံနဲ့ ကြီးလာလို့ တကယ်အတွဲလေးဖြစ်လာခဲ့ရင်တော့အရမ်းချစ်စရာကောင်းတဲ့ အသည်းယားစရာ စုံတွဲလေး ဖြစ်လာမှာကို မြင်ယောင်သေးတယ်။ ခုတော့ ကလေးစိတ်တွေနဲ့ စနောက်ကာ
ပျော်ပျော်နေတတ်တဲ့ ဖြူဖြူစင်စင် ကလေးလေးတွေပဲ ရှိပါသေးတယ်။
YOU ARE READING
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...