#Zawgyi
ရိပေါ် စာမေးပွဲကို ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ခဲ့လို့ ပျော်သည်။အဲ့ဒီထက် ကိုကိုနဲ့ နီးစပ်ရတော့မှာကို ပို၍ပျော်သည်။ဒါအတွက် ကိုကြီးက ကိုကိုနောက်ခိုးရာလိုက်ဖို့အတွက် အစီစဉ်တွေကို ပြောပြထားတာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို သေသေချာချာထုတ်ပိုးပြီး အိပ်ယာဝင်လိုက်သည်။ ဒီည ရိပေါ်အိမ်မက်တွေကတော့ လှနေတော့မှာ သေချာသည်။
.
.
.
တီ....တီ....တီ....နယ်ဘက်ကို ယွီပင်း၏ကားနဲ့သွားမှာဖြစ်လို့ နေ့လည်စာ စားပြီး ခဏအကြာမှာတော့ ယွီပင်းက ရှောင်ကျန့်တို့ကျိုးချန်တို့ အိမ်ရှေ့ကို ကားနဲ့ ရောက်လာပြီ။
"ကျိုးချန်ရေ.....''
"အေး...လာပြီ....''
အိမ်ပေါ်မှ ပစ္စည်းတွေ ယူပြီး ဆင်းလာတဲ့
ကျိုးချန်ဆီက အိတ်တစ်လုံးကို ဝမ်ဟန်က
ကူဆွဲပြီး ကားပေါ်ထိ လိုက်တင်ပေးသည်။"ကောင်းကောင်းဂရုစိုက်မောင်းကြနော်သားတို့...''
"ဟုတ်ကဲ့...ဖေဖေ...''
"ဟုတ်ကဲ့....ဦးလေး...''
ခဏနေတော့ ရှောင်ကျန့်လည်း
ကားဆီကို ရောက်လာပြီမို့
နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။ရိပေါ် ကိုကိုတို့ကား ထွက်သွားပြီးနောက်မှာတော့
ဖေဖေမေမေတို့နဲ့အတူ အိမ်ထဲ ပြန်ဝင်လာခဲ့လိုက်သည်။"ဝှါး...ဗိုက်လည်း ဝနေပြီ..
စာမေးပွဲပြီးသွားပြီဆိုတော့ ဒီနေ့ အနားယူပြီး
တစ်နေကုန်ကို အိပ်ပစ်လိုက်ဦးမယ်..ဝှါး...ဝှါး...ဝှါး..''ရိပေါ် ပါးစပ်ကို လက်ဝါးနဲ့ အုပ်ကာ
သန်းချင်ယောင်ဆောင်ရင်း ဖေဖေနဲ့မေမေ
မကြား၊ကြားအောင် အော်ပြောလိုက်သည်။
ပြီးတော့ အခန်းကို ပြေးတက်လာခဲ့သည်။
အခန်းတံခါးကိုလည်း ရည်ရွယ်ချက်ရှိရှိ
အသံမြည်အောင် ဆောင့်ပိတ်လိုက်သည်။ ပြီးတော့ ပြတင်းပေါက်ကနေ စီစဉ်ထားတဲ့ ကြိုးနဲ့ အောက်ကို တိတ်တိတ်လေး တွယ်ဆင်းပြီး ဖေဖေတို့ မမြင်အောင် အပင်တွေနောက်ကနေ ကွယ်ဝှက်ပြီး အပြင်ကို ပြန်ထွက်လာခဲ့သည်။
YOU ARE READING
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...