#Zawgyi#
ဒီနေ့က ရှောင်ကျန့် မွေးနေ့ဖြစ်လို့ ဆိုင်က
ကလေးတွေကို နေ့လည်စာ လိုက်ကျွေးပြီး ဆိုင်ကို နေ့တစ်ဝက်ပိတ်ကာ အိမ်ကို ပြန်ခဲ့ကြတယ်။အိမ်ရောက်တော့ ရှောင်ကျန့်မေမေက မွေးနေ့ကိတ် ပြင်ဆင်နေတာမို့ ရိပေါ်က ဝမ်းသာအားရနဲ့ ဝင်ကူညီတော့တာပဲ။ တစ်လွဲတွေ ဝင်လုပ်နေတဲ့ သမက်လုံးလုံးလေးကြောင့် ရှင်းရီမှာ ချွေးပင် ပြန်နေလေပြီ။
ရှောင်ကျန့်နာမည် ရေးမယ် လုပ်တော့လည်း သား ရေးချင်တယ် ပြောလို့ ပေးရေးလိုက်တာ
Happy Birthday Xiao Zhanဆိုတဲ့ စာလုံးလေးတွေဟာ ဝမ်ပိစိလေး လက်ချက်ကြောင့် ပဲပင်ပေါက် ဓာတ်လိုက်သလို တွန့်လိမ်လို့။ရှောင်ကျန့်ကတော့ ရိပေါ်လုပ်ရင် ဘာပဲလုပ်လုပ် အကောင်းပဲ။ တဟဲဟဲနဲ့ သဘောကျနေလေရဲ့။
ရိပေါ်က creamတွေ ကိုင်ရင်း
ပါးမှာ creamတွေပေသွားတော့
ရှောင်ကျန့် စိတ်လွတ်စွာ ရိပေါ် မျက်နှာလေးကို
ဆွဲယူပြီး ပါးမှာပေနေတဲ့ creamကို
လျှာလေးနဲ့ လျှက်ယူတယ်။ ဒါကို သဘောကျနေတဲ့ ရိပေါ်က ပါးနဲ့ နှုတ်ခမ်းလေးကို creamတွေနဲ့ ထပ်သုတ်လိုက်တယ်။ ရှောင်ကျန့်ကလည်း ထပ်လျှက်တယ်။တစ်ယောက်က ကဲတယ်။
တစ်ယောက်က သည်းတယ်။
ကဲစိန်လေးနဲ့ သည်းစိန် နှစ်ယောက်ကိုကြည့်ပြီး
ရှောင်လင်မယားနဲ့ ကျိုးချန်ခမျာမှာတော့ မေးရိုးတွေ ပြုတ်ကျလို့ ပါးစပ်အဟောင်းသားဖြစ်သွားရတယ်။ရှောင်ကျန့် creamကို လျှာနဲ့သတ်နေတုန်း ဘေးကို ကြည့်လိုက်တော့ ပါးစပ်အဟောင်းသားနဲ့
သုံးယောက်က သူတို့ကို ကြောင်ကြည့်နေကြတယ်။"အဟမ်း.....''
ကြောင်ကြည့်ပြီးမှ ခဏတာ တိတ်ဆိတ်နေခြင်းကို ချောင်းသံအစပြုကာ ဖြိုခွင်းပြီး လုပ်လက်စအလုပ်တွေကိုသာ မသိချင်ယောင်ဆောင်ရင်း
ဆက်လုပ်သွားကြတယ်။
.
.
.
"အားလုံးပြင်ဆင်ပြီးရင်...Birthday Song ဆိုကြမယ်...လီလီနဲ့ ဝမ်ဟန်က vd call ခေါ်ခိုင်းသေးတယ်...အဲ့ဒါ အရင်ခေါ် သား...''ရှောင်ကျန့်လည်း ယောက္ခမကြီးတွေဆီ vd callခေါ်လိုက်တယ်။
"ဟိုင်း...ဟယ်လို...ကျန့်ကျန့်...
Happy Birthday ပါနော်...''
YOU ARE READING
You're The Gift For Me (Completed)
Fanfiction(Zawgyi) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ်ခမ်းအိအိလေးကို နမ်းရတာ ကြိုက်တယ် Xiao Zhan (Unicode) ငယ်ငယ်တုန်းကတော့ ရိပေါ် ပါးဖောင်းဖောင်းလေးကို မွှေးမွှေးပေးရတာကြိုက်တယ် ခုကြီးလာတော့ ရိပေါ်နှုတ...