YRTGFM(8)[Z+U]

1.4K 136 10
                                    

#Zawgyi#

ရှောင်ကျန့် ဆိုင်ကိုရောက်တော့ ဦးလေးဝမ်က ရောက်နှင့်နေပြီ။

"ဦးလေးဝမ်... ''

"ထိုင်...''

တစ်ဖက်ခုံမှာ ဝင်ထိုင်ပြီးနောက် တခဏတော့
တိတ်ဆိတ်နေကြတယ်။ဒါကြောင့် ရှောင်ကျန့်ဘက်ကပဲ စကားစလိုက်တယ်။

"ဟို ဦးလေးဝမ်ကို တောင်းပန်ပါတယ်လို့ ထပ်ပြောပါရစေ ကျွန်တော်အမှား ကျွန်တော် သိပါပြီ
ပြီးတော့ ကျွန်တော်နဲ့ ရိပေါ်က လက်မှတ်မထိုးရသေးပါဘူး...ဦးလေးကို ထပ်လိမ်မထားချင်လို့ပါ...''

"သိတယ်...''

"ဟမ်...ဘယ်လိုသိ...''

"သားက 18နှစ်မပြည့်သေးဘူး နောက်တစ်ပတ်နေမှ ပြည့်မှာ ဒါကြောင့် လက်မှတ်မထိုးရသေးဘူးဆိုတာ အစထဲက ရိပ်မိတယ်...မင်း ခုလို ပြောလာမှာကို စောင့်နေတာ...''

"...''

"ငါ သဘောတူဖို့ ဆုံးဖြတ်လိုက်ပါပြီ...ဒါပေမဲ့
သားကြီး အိမ်ထောင်ကျမှ မင်းတို့ကိုလည်း
လက်ထပ်ပေးဖို့ တွေးထားတယ်...ရှေ့ကား
အရင်ထွက်ပြီးမှ နောက်ကားပေါ့...''

ဦးလေးဝမ်စကားကြောင့် ပျော်မယ်ကြံပြီးမှ နောက်ဆက်လာတဲ့ စကားကြောင့် ခေါင်းအကြီးအကျယ် ခဲသွားရတယ်။
ကျိုးချန် အိမ်ထောင်ကျမှ သူတို့ ယူရမယ်ဆိုရင်တော့ သူနဲ့ရိပေါ် နှစ်ယောက်လုံး ဆံဖြူသွားကျိုးမှ ညားရမယ်ထင်ပါရဲ့။ ဒါက ဦးလေးဝမ် သက်သက်ညစ်တာ မဟုတ်ဘူးလား။
ရှောင်ကျန့် အီလည်လည် ဖြစ်သွားရတယ်။

"ကျိုးချန်က အိမ်ထောင်မပြုတော့ရင်ရော...''

"မင်းတို့ကံပေါ့ကွာ...ဟား...ဟား...ဟား...''

🍓

ဝမ်ဟန်တစ်ယောက် ရှောင်ကျန့်ရုပ်ကို ကြည့်ပြီး
ရယ်ချင်စိတ်ကို ထိန်းမရ။
အိမ်ပြန်ရောက်သည်ထိ ရှောင်ကျန့်မျက်နှာကို
ပြန်မြင်ယောင်ပြီး ပြုံးစိစိနဲ့မို့ လီလီကတော့ မျက်ထောင့်နီကြီးနဲ့ တကြည့်ကြည့်။အမြင်ကတ်နေသည့်ဟန်။

ရှောင်ကျန့်တို့တွေ သူ့အလှည့်တုန်းကလည်း
ဒီလိုပဲ ကွယ်ရာမှာ ရယ်ရင်ရယ်နေကြမှာ။
သူ့ကတော့ အကြီးအကျယ် စိတ်တွေ
ညစ်နေလိုက်ရတာ။ သားငယ်လေးကို
တစ်ခြားသူနဲ့ လက်ထပ်ပေးရမယ့်အစား
ရှောင်ကျန့်ကတော့ မဆိုးရှာဘူးဆိုပြီး
လက်ထပ်ပေးဖို့ စတောင် ကမ်းလှမ်းလိုက်သေး။
ခုတာ့ ဝမ်ဟန်က စင်ပေါ် ရောက်သွားပြီ။
နည်းနည်းတော့ ပညာပြန်ပြရမှာပေါ့။

You're The Gift For Me (Completed)Hikayelerin yaşadığı yer. Şimdi keşfedin