Unicode
ကိုကို့ ကားသံကြားတာနဲ့ အိမ်ပေါ်က ပြေးဆင်းခဲ့မိတယ်...တနေကုန် မမြင်ရသေးတဲ့ ကိုကို့မျက်နှာလေးကို ထပ်မစောင့်နိုင်လောက်အောင် မြင်ချင်နေပီ...
"ကိုကို..ပြန်လာပီလား.."
"နေမကောင်းသေးတာကို ဘာလို့ ဆင်းလာတာလဲ"
"ကိုကို့ကို တွေ့ချင်နေပီမို့ပါ..ကိုကို ထမင်းမစားရသေးဘူးမလားဟင်..ကျွန်တော် ထမင်းပြင်ခိုင်းထားလိုက်မယ်လေ ကိုကို.."
"ကိုယ် အပြင်က စားခဲ့ပီးပီ..ပီးတော့ နောက်နေ့ကစပီး အလုပ်သမားတေကို ပြန်လွှတ်လိုက်တော့ အိမ်တော်ထိန်းလီ.."
"သခင်လေး ဘာလို့.."
"ဝမ်ရိပေါ်..မင်း ငါနဲ့ လက်ထပ်ပီးပီမလား..မင်း အိမ်က အလုပ်တွေအကုန် လုပ်ရမယ်.."
"ဗျာ..ကိုကို"
"ဘာဖြစ်လို့လဲ..အဆင်မပြေလို့လား.."
"မဟုတ်ပါဘူး ကိုကို..ကျွန်တော်"
"အဲ့တာဆို မနက်ဖြန်ကစပီး အလုပ်သမားတွေ တယောက်မှ မမြင်ချင်ဘူး..ပီးတော့ ငါ့ကိစ္စ အကုန်လုံးကိုလဲ ဝမ်ရိပေါ်တယောက်ထဲ တာဝန်ယူရမယ်..တခြားသူ ကူညီပေးတာမြင်ရင် အဲ့လူကိုပါ အပြစ်ပေးမယ်..ကြားတယ်နော်.."
"ဟုတ်ကဲ့ပါ သခင်လေး"
ပြောစရာရှိတာပြောပီး တက်သွားတဲ့ ကိုကို့ကို ကြည့်နေမိသည်..
'ကိုကို ကျွန်တော့်ကို ဘာလို့ အဲ့လောက်တောင် မုန်းနေရတာလဲ?'
"အကိုလေး..ဦးလေး ကြက်စွပ်ပြုတ် လုပ်ပေးထားပါတယ်..ပူတုန်း စားလိုက်ပါနော် အကိုလေး.."
"ဟုတ်ကဲ့ပါ ဦးလေးလီ..ကျွန်တော် စားလိုက်ပါ့မယ်..ကျေးဇူးတင်ပါတယ် ဦးလေးလီ.."
"ရပါတယ်ကွယ်..ပြီးရင် ညကိုးနာရီလောက်ကျရင် သခင်လေးအတွက် သံပုရာရည် တခွက် သွားပို့ပေးပါဦးနော်.."
"ဟုတ်ကဲ့ ဦးလေးလီ"
"ကျေးဇူးတင်ပါတယ် အကိုလေး"
"မဟုတ်တာ ဦးလေးရယ်..ကျွန်တော် လုပ်ရမယ့် ကိစ္စပဲ..ကျေးဇူးတင်စရာမလိုပါဘူး.."
YOU ARE READING
Beautiful Revenge