Unicode
အချိန်တွေက ကုန်တာမြန်လွန်းတယ်...
ဒီနေ့ကိုမရောက်ပါစေနဲ့လို့ ဆုတောင်းနေပေမဲ့ မှန်ရှေ့က အဖြူရောင်ပုံရိပ်လေးနဲ့ မျက်စိရှေ့က လက်ထပ်စာချုပ်ကတော့ ဆုတောင်းမပြည့်ကြောင်း ဖော်ပြနေသလိုပင်...
စာချုပ်ပေါ်က နာမည်အရ ရိပေါ်လက်ထပ်ရမယ့်လူရဲ့ နာမည် Sean Xiao ကလွဲပီး တခြားဘာအကြောင်းမှ မသိခဲ့ရ..ယုတ်စွအဆုံး ကိုယ်လက်ထပ်ရမယ့်လူရဲ့ ပုံကိုတောင် မမြင်ဖူးခဲ့...
ဘုရားကျောင်းမှာ အကျဥ်းချုံးလက်ထပ်ရတာဆိုပေမဲ့ ပါးပါး၊ ဟိုက်ခွမ်းကော နဲ့ သက်သေလုပ်ပေးမယ့် တရားလူကြီးကလွဲပီး တခြားဘယ်သူမှ ရှိမနေခဲ့...
လက်ထပ်ရမယ့်လူကလဲ အရေးကြီးကိစ္စရှိလို့ဆိုပီး ခုထိရောက်မလာသေး..
အားတင်းထားတဲ့စိတ်တေလဲ လျှော့ချချင်လာပီ..
ပါးပါးကတော့ အားပေးသလို ပြုံးပြနေပေမဲ့ ဟန်ဆောင်ပြီး ပြန်ပြုံးပြဖို့လဲ မကြိုးစားနိုင်တော့...
"ဆောရီးနော်..ကိုယ် နောက်ကျသွားတယ် ဝမ်လေး"
'ဒီအသံ...ဒီအသုံးအနှုန်း..'
ရိပေါ်လှည့်ကြည့်လိုက်တော့ ပိုသေချာသွားတယ်...နှုတ်ခမ်းအောက်က မှည့်နက်လေးနဲ့ နောက်တယောက်ထပ်မရှိနိုင်တော့တဲ့ သူရဲ့ကိုကို..
"ဝမ်လေး"
"ကိုကို..ကိုကိုက ဒီကို ဘယ်လိုလုပ်.."
'ခနလေး..ကိုကိုလဲ သူ့လိုပဲ အဖြူရောင်ဝတ်စုံဝတ်ထားတာလေ..မဟုတ်မှ..'
"ကိုကိုက.."
"ထပ်တွေ့ပြန်ပီနော် ဝမ်လေး..ကိုယ့်ကို လျော်ကြေးပေးဖို့ အဆင်သင့်ဖြစ်ပီလား?"
"မဟုတ်ဘူးလေ..ကိုကို ဒါက.."
"ကိုယ့်နာမည် Sean Xiao"
"အဲ့ဒါဆို ကိုကိုက.."
"ဟုတ်တယ်..ဝမ်လေး စောင့်နေတဲ့သူ"
"...."
"နောက်ကျနေပီ...စလိုက်ရအောင်"
လက်မှတ်ထိုးပီး အခမ်းအနားပြီးသွားတဲ့ အချိန်ထိ ရိပေါ်ကြောင်နေမိသည်...
YOU ARE READING
Beautiful Revenge