Unicode
စံအိမ်တော်ကို ပြန်ရောက်တဲ့အခါ ပါးနဲ့မား ရှိတုန်းက အမှတ်တရတွေကို ပြန်မြင်ယောင်လာသည်..ငယ်ငယ်တုန်းက မိဘရဲ့ရင်ခွင်ထဲမှာ ပျော်ပါးခဲ့ဖူးတာတွေကို ပြန်အမှတ်ရလာမိသည်..တချိန်ထဲမှာပဲ ပါးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ဝမ်ချောင်ရဲ့ပုံရိပ်တွေ မျက်လုံးထဲတိုးဝင်တာသည်..
"စံအိမ်တော်ကနေ ကြိုဆိုပါတယ် သခင်လေး.."
"အိမ်တော်ထိန်းလီ..နေကောင်းတယ်နော်.."
"သခင်ကြီးကျေးဇူးကြောင့် ဒေါင်ဒေါင်မြည်နေတုန်းပါ သခင်လေး.."
အရာရာကို ကြိုသိနေတဲ့ပါးက အားလုံးကိုသေချာ အကွက်ချပီး စီစဥ်ခဲ့တယ်..အိမ်တော်ထိန်းလီကို အပြစ်ရှာက စံအိမ်တော်ကနေ မောင်းထုတ်ခဲ့ပေမဲ့ နောက်ကွယ်မှာ တိုက်ခန်းတခန်းပေးကာ စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးပေးခဲ့တယ်..ကျွန်တော့်ကိုလဲ U.S မှာ အဆင်ပြေပြေနေနိုင်အောင် ပြုလုပ်ပေးခဲ့တဲ့ပါးကို အရမ်းလေးစားမိတယ်..အစကတော့ ပါး အလုပ်အရမ်းများပီး ကျွန်တော့ကို ဂရုမစိုက်တော့ဘူးထင်ပီး စိတ်ဆိုးခဲ့ပေမဲ့ ပါးဆုံးတော့မှ ကိုယ့်ကိုကိုယ် အပြစ်တင်မိတယ်..ကျွန်တော့်လုပ်ရက်တွေက ကလေးဆန်လွန်းတယ်...
"သခင်လေးရဲ့အခန်းကို အဆင်သင့်ပြင်ပေးထားပါတယ်.."
"အင်း..ကျွန်တော်နားချင်ပီ.."
"ဟုတ်ကဲ့ပါ သခင်လေး.."
"ဦးလေး"
"အော်..အားချန်..ထွားလာလိုက်တာ..ဟိုမှာ အဆင်ပြေတယ်မလား.."
"ဟုတ်..ပြေပါတယ် ဦးလေး"
"အေးကွယ်..ပင်ပန်းနေပီလား ငါ့တူ.."
"မပင်ပန်းပါဘူး ဦးရယ်..ကျွန်တော်က သခင်လေးခိုင်းတာလေးပဲ ကူပေးရုံပါ..သခင်လေးကမှ ပိုပင်ပန်းတာ..ကျောင်းတက်ရင်းနဲ့ ကုမ္မဏီကအလုပ်တေလဲ လုပ်နေရတာ..ဒီကြားထဲ အသက်ငယ်ပြီး စီးပွားရေးလောကမှာ အောင်မြင်နေတော့ အတိုက်အခံတွေများတာပေါ့ ဦးရယ်.."
"ဦးလေး နားလည်ပါတယ်..သခင်လေးလဲ တော်တော်ပင်ပန်းနေမှာပဲကွယ်.."
YOU ARE READING
Beautiful Revenge