Unicode
15 years later⏩⏩⏩
"ပါးပါး..morning"
"သား..ကျောင်းသွားတော့မလို့လား..အစောကြီး ရှိသေးတယ်လေ.."
"ဟုတ်ပါး..ဒီနေ့ကျောင်းမှာ basketball ပြိုင်ပွဲရှိလို့..အဲ့တာသွားကြည့်ချင်လို့ ပါး"
"ဟားဟား..ဟုတ်ပါပီကွယ်..ပါး ကားနဲ့ လိုက်ပို့ပေးရမလား"
"အာ..ရတယ်ပါး..ပါး ပြန်ရောက်တာ မကြာသေးဘူးလေ..အေးဆေး အနားယူပါ..ကျွန်တော် ဆိုင်ကယ်နဲ့ပဲသွားလိုက်တော့မယ် ပါး.."
"အေး..အေး..မနက်စာ စားသွားဦးလေ"
"တော်ပြီပါး..ကျွန်တော် နောက်ကျတော့မယ်..သွားပြီ ပါးရေ"
"ဆိုင်ကယ် ဂရုစိုက်မောင်းနော် သား"
"ဟုတ်ပါး"
ဝမ််ချောင်လဲ သတင်းစာဘေးချရင်း ကော်ဖီသောက်ကာ wang ကုမ္မဏီသို့ ထွက်လာခဲ့တော့သည်...
▪
▪▪▪▪▪▪▪▪▪
လေယာဥ်ပေါ်မှဆင်းကာ တရုတ်ပြည်၏ မြေသင်းနံ့ကို တဝကြီးရှူရှိူက်နေမိသည်..ဝေးကွာခဲ့ရတဲ့ 15နှစ်အတွင်းမှာ တရုတ်ပြည်ကြီးလဲ အတော်အတန်ပြောင်းလဲနေပေမဲ့ 6နှစ်အရွယ်ကလေးရဲ့ ကလဲ့စားချေချင်စိတ်ကတော့ မပြောင်းလဲပဲ အသက်ကြီးလာတာနဲ့အမျှ ပို၍ပင် ကြီးမားလာလေသည်...
"သခင်လေး"
"ရှောင်ကျန့်ပဲခေါ်ပါ ကျန်းချန်ရာ"
"အကျင့်ဖြစ်နေလို့ပါ..စံအိမ်တော်ကိုပဲ တန်းပြန်မလား သခင်လေး"
"ဟင့်အင်း..ပါးနဲ့မားကို အရင်တွေ့ချင်တယ် ကျန်းချန်"
"ဟုတ်ကဲ့ သခင်လေး"
ရှောင်ကျန့် အုတ်ဂူနှစ်ခုပေါ်တွင် ပန်းများတင်လိုက်ပီး ဂါရဝပြုလိုက်သည်..အုတ်ဂူဘေးတွင်ပေါက်နေသောမြက်ရိုင်းများကို ရှင်းလိုက်ပီး အုတ်ဂူကိုလဲ သန့်ရှင်းလိုက်သည်..
'ပါးနဲ့မား..သားလာတွေ့တယ်နော်..နှစ်တွေအကြာကြီးပစ်ထားလို့ သားကို စိတ်ဆိုးနေကြပီလားဟင်..နောက်ကျရင်တော့ မကြာခဏလာတွေ့ပါ့မယ်..မား..ခုချိန် ပါးနဲ့တွေ့ပီး ပျော်ပျော်နေနေတယ်မလား..မားတို့က မကောင်းဘူး..သားကို တယောက်ထဲ ထားခဲ့တယ်..ဒါမဲ့ စိတ်ချပါ..ပါးနဲ့မားတို့အတွက် လက်စားချေပီးတဲ့ အချိန်ကျရင် သား လိုက်လာမှာပါ..အဲ့အချိန်ကျရင်တော့ သားကို ကြိုဆိုပေးရမယ်နော်..ခုတော့ သားတို့မိသားစု ပြိုကွဲခံစားခဲ့ရသလို ဝမ်မိသားစုကိုလဲ ခံစားရအောင် လုပ်ချင်သေးတယ်..တယောက်ထဲ အသက်ရှင်နေရတာ အရမ်းပင်ပန်းတာပဲ..အဲလိုအချိန်တွေကျရင် ပါးနဲ့တူတူဆော့ခဲ့ဖူးတာတွေနဲ့ မားချက်ပေးတဲ့ ဟင်းတွေကို အရမ်းသတိရတယ်..ထားပါတော့..ပါးနဲ့မားကို နှောင့်ယှက်နေမိပီ..သားပြန်တော့မယ်နော်..ပါးနဲ့မား ကောင်းကောင်း အနားယူကြပါ...'
YOU ARE READING
Beautiful Revenge