Part 5

1.2K 92 0
                                    

Unicode

"အိမ်တော်ထိန်းကြီး..ပါးပါးသွားပီလားဟင်"

"ဟုတ်ကဲ့..အခုလေးတင်ထွက်သွားတာပါ သခင်လေး.."

"အော်"

'ပါးပါး ဒီတခါလဲ နှုတ်မဆက်ပဲ ထွက်သွားပြန်ပီ'

  ညှိုးငယ်နေတဲ့ သခင်လေးမျက်နှာကြည့်ပီး အိမ်တော်ထိန်းက စကားလွှဲလိုက်သည်...

"သခင်လေး..ကျောင်းသွားတော့မလို့လား..မနက်စာစားသွားဦးလေ သခင်လေး.."

"ကျွန်တော် အပြင်မှာပဲ စားလိုက်တော့မယ်..သွားပီနော်.."

"ဟုတ်ကဲ့ပါ သခင်လေး"

▪▪▪▪▪

"ရိပေါ်..ရိပေါ်..ဝမ်ရိပေါ်!!!"

"ဟင်..အင်..ယွီပင်း..ပြောလေ"

"မင်း ဘာဖြစ်နေတာလဲ..ကျောင်းရောက်ထဲက တမှိုင်မှိုင်နဲ့..ဘာတွေတွေးနေတာလဲ.."

"ဒီလိုပါပဲ..ဒါနဲ့ ဟောက်ရွှမ်း.."

"ပြောလေ"

"ငါ ဆိုင်ကယ်ပြိုင်ပွဲမှာ ပါမယ်နော်.."

"ဟင်..မင်းပဲ မင်းအဖေစိတ်ပူမှာစိုးလို့ မပြိုင်တော့ဘူးဆို..ဘာလဲ..မင်းအဖေ ခရီးထွက်ပြန်ပီလား.."

"အင်း"

"မင်းအဖေ ပြန်ရောက်တာ တပတ်တောင်မပြည့်သေးတာ..ထပ်သွားပြန်ပီလား.."

"ဟောက်ရွှမ်း..တော်တော့.."

ယွီပင်း ပြောလဲပြော လက်ကလဲ ဟောက်ရွှမ်းရဲ့ လက်မောင်းကို ဖတ်ခနဲ ရိုက်လိုက်လေသည်...

"အား..နာတယ်ဟ ယွီပင်းရ..ငါအမှန်တိုင်းပြောတာပဲကို..ပြိုင်ချင်လဲ ပြိုင်ပေါ့..သဘက်ခါ ည ၁၀နာရီနော်..နေရာကတော့ အရင်YAMAHAကွင်းပဲ..ငါ စာရင်းပေးလိုက်တော့မယ်.."

"အင်း..ယွီပင်း မင်းကော..လာမှာမလား.."

"ငါ့သူငယ်ချင်းကြီး ဝင်ပြိုင်တာပဲ..မလာလို့ ဖြစ်မလား.."

"ဟား..ဟား..ဟုတ်ပါပီကွာ..ငါနိုင်ရင် မင်းတို့နှစ်ယောက်လုံးကို ဟော့ပေါ့ လိုက်ကျွေးမယ်.."

"ဒဏ်ရာမရလာရင်ပဲ ကျေးဇူးတင်ပါတယ်ကွာ.."

ယွီပင်းစိတ်ပူနေတာနှင့် ကွဲလွဲစွာ ဟောက်ရွှမ်းကတော့..

Beautiful RevengeWhere stories live. Discover now