Part 6

1.2K 84 4
                                    

Unicode

"ရိပေါ်..သက်သာရဲ့လား..ဆေးကော လိမ်းပီးပီလား.."

"လိမ်းပီးပါပီ ယွီပင်းရဲ့..သက်သာပါတယ်.."

"မင်းကျောင်းမလာတော့ဘူးထင်လို့ ငါမင်းအတွက် ခွင့်သွားတိုင်ပေးတော့မလို့.."

"အိမ်မှာ​နေလဲ ဂရုစိုက်ပေးမယ့်လူမှမရှိတာ..ကျောင်းလာရင် မင်းတို့နဲ့ တွေ့ရသေးတယ်လေ.."

"ဒါနဲ့ ရိပေါ်..မင်းသတိထားမိလား.."

"ဘာကိုလဲ ဟောက်ရွှမ်းရ.."

"မင်းဆိုင်ကယ်ပေါ်က ပြုတ်ကျပီးတော့ No. 18 က သူ့ဘေးက မောင်းလာတဲ့ ဆိုင်ကယ်ပေါ်ကလူနဲ့ လက်ချင်းရိုက်လိုက်တာကိုလေ.."

"ငါ စက်ပြန်နှိုးလို့မရလို့ စိတ်ညစ်​နေတာနဲ့ သတိမထားမိလိုက်ဘူး.."

"ငါတွေ့လိုက်တယ် ဟောက်ရွှမ်း.."

"ဟုတ်တယ်မလား ယွီပင်း..ငါပဲ အမြင်မှားတယ်ထင်နေတာ..ဒီတခေါက်ကိစ္စက No. 18 တယောက်ထဲ ရိပေါ်ကို ဒုက္ခရောက်အောင်လုပ်နေတာမဟုတ်ဘူး..သူ့ကို ကူညီပေးနေတဲ့သူ နောက်တယောက်ထပ်ရှိနိုင်တယ်.."

"ဟုတ်လောက်တယ် ရိပေါ်..မင်း လွန်ခဲ့တဲ့ 3နှစ်ကလဲ အဲ့ဆိုင်ကယ်ကွင်းထဲမှာပဲ ဒဏ်ရာရခဲ့တာမလား.."

"လွန်ခဲ့တဲ့ 3 နှစ်က ရိပေါ်ကို လုပ်ကြံတဲ့သူနဲ့ မနေ့က ရိပေါ်ကို လုပ်ကြံတဲ့သူက တယောက်ထဲ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်..မဟုတ်ရင် ရိပေါ်ကို နောက်တကြိမ် ထပ်လုပ်ကြံနိုင်တယ်.."

"ရိပေါ် မင်းအဖေနဲ့ ပြိုင်နေတဲ့သူ မဟုတ်လဲ မင်းအဖေကို ရန်ငြိုးရှိတဲ့သူများရှိနေလား.."

"ငါ မသိဘူး ယွီပင်း..ငါ ပါးပါးရဲ့ အလုပ်ကိုလဲ ငါ တခါမှ မမေးကြည့်မိဘူး..သူဘာလုပ်နေလဲဆိုတာ ငါလဲအတိအကျမသိဘူး..ငါသိတာ သူ wang ကုမ္မဏီမှာပဲ လုပ်နေတာ သိတာ..ငါသူ့အလုပ်ကို ကူ​ပေးမယ်ပြောရင်လဲ မလိုဘူးပဲပြောနေတာ.."

"ကုမ္မဏီ ကိစ္စပဲ လုပ်နေတဲ့သူက ခဏခဏ ခရီးထွက်စရာလိုလို့လား..ငါတော့ မင်းအဖေ ကုမ္မဏီကိစ္စအပြင် တခြား အလုပ်တခု လုပ်နေသေးတယ်လို့ ထင်တာပဲ.."

Beautiful RevengeWhere stories live. Discover now