Part 9

1.3K 88 13
                                    

Unicode

ဒေါက်..ဒေါက်..

"သခင်လေး..မနက်စာ စားလို့ရပါပီ.."

"အင်း..ဆင်းလာခဲ့မယ်.."

"ဟုတ်ကဲ့"

     ရှောင်ကျန့် အောက်ဆင်းလာတော့ ရိပေါ်ကိုမတွေ့....

"ကျန်းချန်..ဝမ်ရိပေါ် မနိုးသေးဘူးလား"

"ကျွန်တော် သွားခေါ်လိုက်ပါ့မယ် သခင်လေး"

     ကျန်းချန် အပေါ်တက်သွားပီး မကြာ ဒုန်းစိုင်းပြန်ဆင်းလာလေသည်.....

"သခင်လေး...သခင်လေးးး!!"

"ဘာဖြစ်တာလဲ ကျန်းချန်?"

"အကိုလေး..သူ..သူ..တံခါးနားမှာ လဲကျနေတယ် သခင်လေး.."

"ဘာာ!!"

    ရှောင်ကျန့်လဲ ရိပေါ်အခန်းကို အမြန်ပြေးတက်သွားသည်...

"ဟာ..ကိုယ်တွေပူခြစ်နေတာပဲ..ဝမ်လေး..ဝမ်လေး.."

   ဘယ်လောက်ခေါ်ခေါ် ပြန်မထူးတဲ့ ကောင်လေးကိုကြည့်ပီး စိုးရိမ်စိတ်တွေ မသိမသာ မြင့်တက်လာသည်...

"ဘာလုပ်နေတာလဲ..ဆရာဝန်ခေါ်လေ"

"ခေါ်ထားပါတယ် သခင်လေး"

"ရေဇလုံ ယူလာခဲ့..သဘက်ပါ ထည့်ခဲ့"

"ဟုတ်ကဲ့ပါ သခင်လေး.."

"သခင်လေး..ရေယူလာပါပီ..ကျွန်တော်လုပ်ပေးလိုက်ပါ့မယ် သခင်လေး.."

"မလိုဘူး..ငါလုပ်မယ်..ထွက်သွားတော့..ဆရာဝန် ရောက်ရင် ခေါ်လာခဲ့.."

"ဟုတ်ကဲ့ပါ သခင်လေး"

'ဝမ်ရိပေါ်ရယ်..ငါတောင် ဘာမှမလုပ်ရသေးတာကို..ခုထဲက ပျော့ညံ့လှချည်လား..'

     အ​​တွေးကတခြား စိတ်ကတခြားဖြစ်နေတာကိုတော့ ကာယကံရှင်ကိုယ်တိုင်ကလွဲပီး ဘယ်သူမှ သိနိုင်မယ် မထင်....

ဒေါက်..ဒေါက်..

"ဝင်ခဲ့"

"သခင်လေး..ဆရာဝန် ရောက်ပါပီ"

"ဆရာ"

"လူနာက ဒီရက်ပိုင်း စိတ်ညစ်စရာတွေ ကြုံခဲ့ရတယ်ထင်တယ်..အစားလဲ ကောင်းကောင်း မစားထားတော့ ကိုယ်ခံအားနည်းလို့ အအေးမိပီး ဖျားသွားတာပါ..ဆရာ အားဆေးသွင်းပေးခဲ့တယ်..ခနနေရင်တော့ အဖျားကျသွားမှာပါ.."

Beautiful RevengeWhere stories live. Discover now