Unicode
"ဟဲ့..ငါတို့ king က စီးပွားရေးလောကက Top 3 ဖြစ်နေတဲ့ Sean Xiao နဲ့ လက်ထပ်လိုက်ပြီတဲ့.."
"ဟုတ်လား..ဘယ်မှာလဲ..ငါတို့ကိုလဲ ပြပါဦး.."
"အေး..ဟုတ်ပတော့..ငါဖြင့် ထင်တောင် မထင်ဘူးဟယ်..ယောကျာ်းချင်းကြီးကို..ရွံစရာကြီး.."
"ငါကြားတာတော့ သူ့အဖေကုမ္မဏီ အခြေအနေမဟန်လို့တဲ့ သူ့သားကိုထိုးကျွေးလိုက်တာ ထင်တယ်.."
"အမလေးလေး..ထိုးကျွေးတိုင်း ဟိုကယူမှာတဲ့လား..ရုပ်လေးနဲ့ ဗန်းပြပြီး လုပ်စားနေတာ ဖြစ်မှာပေါ့..ငါတို့တော့ ကျောင်းထဲမှာ အချောဆုံးဆိုပီး အထင်ကြီးမိတာ မှားပီ ထင်ပါတယ်လေ.."
"ဟက်..တိုးတိုးပြော..ဟိုမှာလာနေပီ.."
ပုံမှန်ထက် စကားနည်းပြီး အပေါင်းသင်းနည်းသူမို့ မာနကြီးတယ်ထင်နေကြပြီး အချေမင်းသားဆိုပီး ခေါ်တာသိပေမဲ့ ဘယ်တုန်းက တကျောင်းလုံးရဲ့ king ဖြစ်သွားမှန်း ရိပေါ်ကိုယ်တိုင်တောင် မသိလိုက်.....
ထားပါလေ..ဒါမဲ့ အတန်းတက်ဖို့အတွက် ဖြတ်လာရတဲ့လမ်းတလျှောက် ကြားနေရတဲ့ အတင်းအဖျင်းတေက ကိုယ့်ကိုယ်ဦးတည်ပြီး ပြောနေတာမို့ နားထောင်မိတာတော့အမှန်.....
"ယွီပင်း..မင်းတို့ပြောတော့ ငါ့အဖေပြောတာဆို..ဘယ်လိုဖြစ်တာလဲ.."
"ငါတို့လဲ မင်းအဖေဆီကပဲသိတာလေ.."
"ဟင်..ရိပေါ်..ဒီမှာကြည့်..school page မှာတင်ထားတာဟ.."
သတင်းထဲမှာ ကိုကိုနဲ့သူ လက်မှတ်ထိုးနေတဲ့ပုံကို မိမိရရ ရိုက်ပီး တင်ထားတာ.....
"အဲ့ဒါ ဘယ်သူတင်ထားတာလဲ ဟောက်ရွှမ်း"
"အဲ့တာတော့ မသိဘူး..fake acc နဲ့ကွ..a few minutes ago တဲ့..ခုနကမှ တင်ထားတာ.."
"ဝေ့..ရိပေါ်..မင်း အဆင်ပြေရဲ့လား.."
မြင်လိုက်ရတဲ့ ပုံတွေနဲ့ ကြားလိုက်ရတဲ့ စကားလုံးတေက နေကောင်းခါစ ရိပေါ်ကို မူးလဲမလိုတောင် ဖြစ်စေခဲ့တယ်.....
"ရပါတယ်..ငါအဆင်ပြေပါတယ် ယွီပင်း.."
"မင်းတကယ်အဆင်ပြေရဲ့လား ရိပေါ်..ယွီပင်းသာ မထိန်းရင် မင်းလဲကျနေပီ..မင်း ဒီနေ့တော့ အိမ်ပြန်ပြီး အနားယူသင့်တယ်ထင်တယ် ရိပေါ်ရ.."
YOU ARE READING
Beautiful Revenge