လွန်ခဲ့တဲ့နှစ်တွေတုန်းကပေါ့...
သိပ်မကြာသေးဘူးဆိုပေမယ့်လည်း သေချာပြန်တွေးကြည့်ကြည့်ရင် သူကတော့ကြာခဲ့ပြီလို့ပြန်ပြောလောက်တယ်...ငါတို့ဝေးခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို စာစီပြပါဆိုရင်
ငါတို့တွေ့ခဲ့တဲ့ အဲ့ဒီအချိန်က အရမ်းစောသွားလို့ပါဆိုတဲ့ reasonကိုပဲ ပုံချမိမယ်ထင်တယ်
၁၇နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ သေချာမဆုံးဖြတ်နိုင်သေးတဲ့ နှလုံးသားတစ်ခုကြောင့်
ငါတို့ဘဝတွေကွာဝေးခဲ့ကြရသည်ပေါ့...သူဟာငါရဖူးခဲ့တဲ့ ဘုရားပေးတဲ့လက်ဆောင်တစ်ခုဖြစ်ပြီး
ငါ့ရဲ့အသုံးမကျမှုကြောင့် ပြန်ဆုံးရှုံးသွားတဲ့ တန်ဖိုးအထားရဆုံးပစ္စည်းလေးဖြစ်တယ်...အခုအချိန်မှာ ဘယ်သူတွေဘယ်လိုမေးမေး ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မယ် ပြီးတော့ အချိန်စက်ဝိုင်းကို မျှော်ငေးကြည့်မယ်
နှစ်တွေအလီလီပြောင်းလည်း မမေ့ရက်နိုင်တဲ့ အမှတ်တရတွေဟာ ကိုယ်တို့ဘဝမှာ ရှိကိုရှိတယ်လေ...။{Extraတောင်းဆိုထားတဲ့ readersလေးတွေအတွက် extraရေးပေးဖို့က ကိုယ့်ဘက်ကအဆင်မပြေတော့တာကြောင့်
အရင်တုန်းက ရေးသားထားတဲ့ စာတိုလေးတစ်ဖြစ်လဲ မှူးဝေရဲ့povကို updateပေးလိုက်ပါတယ်...
Btw: ဒီဇာတ်လမ်းလေးက real lifeမှာ ၅နှစ်နီးပါးကြာသွားခဲ့ပါပြီ}~~~~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
Unpredictable! (U+Z){Completed}
Romance(Unicode & Zawgyi💟) အချစ်က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... (Unicode & Zawgyi💟) အခ်စ္က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... Started on- 4th June,2020 Ended- 5th July,2020