Unpredictable! ep(7)

595 47 10
                                    

Unpredictable!
Ep (7) Unicode version

အချိန်စက်ဝန်းလည်း တရွေ့ရွေ့လည်ပတ်ရင်း ရက်၃၀အကြာသို့ ရောက်ရှိလာတော့သည်။ဒီနေ့က Weekend တစ်ဖြစ်လဲ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် လှည်းတန်းမှာစားသောက်ရင်းတွေ့ဆုံကြရန် မနေ့ညက နေမြတ်သူနဲ့
ဖုန်းပြောဖြစ်သည်။တက္ကသိုလ်တွေ ကွဲသွားကတည်းက သူလည်းသူ့ဟာနဲ့သူ ကိုယ်လည်းကိုယ့်အလုပ်နဲ့ကိုယ် မအားကြတာကြောင့်ပင်ဖြစ်သည်။
ထုံးစံအတိုင်း သူကမာလာရှမ်းကောသရဲမို့ သွားနေကျ Spicy Houseကိုသာ ချိန်းဆိုလိုက်​တော့သည်။

*ဟာကွာ ကျစ် ကြာလိုက်တာ။ဘာတွေများ ပြင်ဆင်ခြယ်သနေလို့ အခုထိ ရောက်မလာသေးတာလဲ*

နေမြတ်သူဆိုတဲ့အကောင်က ဘယ်သောအခါမှ အချိန်ကိုမလေးစား
အနည်းဆုံး နာရီဝက်လောက်က အမြဲနောက်ကျသည်။တစ်ခါတစ်လေ ကားပိတ်လို့ ဘာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေ
တစ်သီတစ်တန်းနဲ့ ဆင်ခြေကပေးတတ်သေးသည်။
ယခုလည်း မနက်၁၀နာရီချိန်းထားတာ ၄၅မိနစ်ကျော်နေပြီ ရောက်မ​လာသေး။ ဆိုင်ကwaiterကောင်မလေးများက ဟိုကွက်ကြည့် ဒီကွက်ကြည့်ဖြင့် ကျွန်တော့်အား ရှိူးနေကြသည်။

*ဟူး...ရုပ်ချောရတဲ့ ဒုက္ခကလည်းမ​သေးပါလား*

"If it's me,if it's you,if our love is wrong...🎼"
ရုတ်တရက် ကျွန်တော့်ဖုန်းမြည်လာသည်။

"ဟယ်လို!"

"အာကာရေ ငါရောက်တော့မယ်နော် ခဏလေးစောင့်နေ ဟီး"

သကာကိုပျားရည်လောင်းထားသော အသံဖြင့် လုပ်ပြောနေတာ ကျွန်တော်မသိရင်ခက်မည်။

"အေး မင်းလာရင် တုတ်တစ်ချောင်းကောက်ခဲ့"

"ဟမ် ဘယ်သူ့ကိုချောင်းရိုက်မလို့်လဲ!"

"မင်းကိုဟေ့ မင်းကို... ချောင်းရိုက်မှာမဟုတ်ဘူး ပေါ်တင်ရိုက်မှာ"

"အမလေး ကြောက်လိုက်တာ ဖုန်းချပြီ တာ့တာ ဂွက်" သရဲဘီးလူးမြင်တဲ့ လေသံဖြင့်မြန်မြန် ဖုန်းချသွားသည်။ကျွန်တော်စိတ်ဆိုးရင်တော့ သူကြောက်တတ်တာ အခုချိန်ထိပါလား။
စိတ်ကိုမနည်းဆွဲဆန့်ထားတာ သိပ်အဆင်မပြေချင်တော့။ဒီကောင် လာမှတွေ့မယ်ဟုသာ ကြိမ်းဝါးမိတော့သည်။
ထို့နောက်
၁၅မိနစ်အကြာတွင်

Unpredictable! (U+Z){Completed}Where stories live. Discover now