Unpredictable! ep(15)

483 34 24
                                    

Unpredictable!
Ep (15) Unicode version

"ငါတို့ရပ်လိုက်ကြရအောင်!"

သူ့ရဲ့ထိုစကားသံအဆုံး လေပြေအဝှေ့မှာကြွေကျသွားတဲ့ အနီရောင်စိန်ပန်းပွင့်တွေ...
အချိန်အတော်ကြာတည်‌ဆောက်လာခဲ့တဲ့ သည်ချစ်ခြင်းမေတ္တာတွေဟာ "ငါတို့ရပ်လိုက်ကြရအောင်"ဆိုတဲ့
စကားတစ်ခွန်းနဲ့ ပြီးသွားရောလား...?
သူ့မျက်ဝန်းတွေကို ကြည့်မိတော့ ကြေကွဲစရာပုံရိပ်တွေ...

"မှူး မနောက်စမ်းပါနဲ့...
ဒါနောက်ရမယ့်ကိစ္စမဟုတ်ဘူးနော်"

"ငါအတည်ပြောနေတာ..."

"ဘာလို့လဲ အကြောင်းပြချက်ငါ့ကိုပေး!
မင်းမိဘတွေကြောင့်လို့တော့ ငါ့ကိုလာမပြောနဲ့ ဒါတွေကိုအဆုံးထိရင်ဆိုင်သွားဖို့ အစတည်းကငါဆုံးဖြတ်ပြီးသား...
မင်းသိလားမှူး အချို့အရာတွေက ပုံမှန်ထက်တစ်ကွက်ကျော်မြင်တတ်ရတယ်
ဘယ်အရာမဆို မဝံ့မရဲဖြစ်နေတဲ့ င‌ကြောက်လုပ်‌နေလို့မရဘူး"

"မဟုတ်ဘူး မြတ်ဘုန်းခန့်!
မင်းသိလား ငါတကယ်ပင်ပန်းနေပြီ ရပ်လိုက်ချင်ပြီ
ဒါ‌တွေမင်းဘာမှနားမလည်ပါဘူး..."

"Arr...အာကာမှူးဝေ ငါတကယ်‌ဒေါသထွက်လာပြီနော်!!!
မင်းဘာဖြစ်‌ချင်‌နေတာလဲလို့ ငါ့ကိုပြော
မင်းအိမ်နဲ့ငါဒဲ့ရှင်းလိုက်ရမလား?"

"ဟင့်အင်း...ငါအကြိမ်ကြိမ်စဉ်းစားပြီးသွားပြီ ဒါပေမယ့်နောက်ဆုံးရလဒ်တခုက
ငါတို့နှစ်ယောက်အဆုံးသတ်လိုက်ဖို့ပဲ..."

"..."

"ငါတို့သူငယ်ချင်းလိုပဲဆက်နေရအောင်..."

*အဲဒီသူငယ်ချင်းဆိုတဲ့ဝေါဟာရကြီးကို ဟိုးယခင်ကတည်း ငါသိပ်မုန်းတယ်ဆိုတာ မင်းမသိလေရော့လား*

"အစတည်းကအဲ့လိုပဲနေနေတာပဲလေ
မင်းဘာသာမင်း ရှင်းနေတဲ့ကိစ္စကိုသက်သက်သွားရှုပ်လိုက်လို့
ဒါတွေဖြစ်လာတာ...
မင်းသိလာမှူး ငါကမင်းဖွသမျှအမှိုက်တွေကို နောက်ကလိုက်‌ကောက်‌နေရတဲ့ လူတစ်ယောက်သာသာပဲ!"

"မင်း ငါ့ကိုအဲ့ဒီစကားမပြောနဲ့!
ငါ့မှာလည်း ငါ့အခက်အခဲနဲ့ငါရှိတယ်
မင်းကငါ့ဘက်မပါတဲ့အပြင် အားနေရင် အပြစ်ပြောဖို့ပဲတွေးနေတာ
မင်းရဲ့အဲ့စိတ်ဓာတ်ကိုအစတည်းကငါမကြိုက်တာ"

Unpredictable! (U+Z){Completed}Where stories live. Discover now