Unpredictable!
Ep 3 unicode versionလူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံမိခြင်းဟာ ဝေးကွာစေဖို့အတွက် လမ်းစပဲဆိုရင် သေချာတယ် ကိုယ်ဘယ်သူနဲ့မှ မဆုံချင်တော့...
~~~~~~~~~~♥♥♥♥♥♥♥♥♥♥~~~~~~~~~~~
ဒီနေ့က ကျွန်တော့်အတွက် သာမန်မဟုတ်တဲ့နေ့တစ်နေ့ဖြစ်တာကြောင့် ယခင်နေ့တွေထက် အစောကြီးနိုးနေမိတယ်။အိပ်ယာပေါ်ကကုန်းရုံးထလိုက်ရင်း fbကိုဖွင့်ကြည့်မိလိုက်တော့ Timelineပေါ်မှာBD wishများကတစ်သီတစ်တန်း။
"Happy Birthday Arkarရေ မွေးနေ့မှာပျော်ရွှင်ပါစေ""Happy Birthday! Wish u all the best naw"
"Sweet 17 pr arkar yay HBD "စသဖြင့် မြောက်များစွာ
အစအဆုံး scroll downလုပ်ကြည့်မိတော့ စိတ်ကခုကနဲ။
ဟိုအကောင် နေမြတ်သူက ဘယ်ကိစ္စမwishထားတာလဲ။
နေမြတ်သူဆိုတာ အခြားမဟုတ်။ကျွန်တော့်ရဲ့ bff ၃ယောက်ထဲက တစ်ယောက်။ အထူးသဖြင့် ကျွန်တော့်ရဲ့အာရုံကိုဖမ်းစားထားတဲ့သူ
ကျွန်တော်ကိုကရူးတာလား။သူကပဲ ထူးတာလားတော့မသိ။
အခုလည်း ကျွန်တော့်အတွက်BD wishတွေထဲမှာ သူပါမလာတာတော်တော် ခံစားရသည်။ Chatboxကို သွားကြည့်လိုက်တော့ active 9 hours agoတဲ့။
အချစ်ဆုံး သူငယ်ချင်းရဲ့မွေးနေ့ကို မေ့နေရ လောက်အောင်သူက ဘာဖြစ်နေလို့လဲ။သူကတော့ကျွန်တော့်ကို သူငယ်ချင်းအဖြစ်ပဲသတ်မှတ်ကောင်းသတ်မှတ်မှာပေါ့ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို သူငယ်ချင်းလို့ တစ်ခါမှ သဘောမထားခဲ့ဖူးဘူး။
အကြောင်းအရင်းကတော့ ကျွန်တော်ကသူ့အပေါ်မှာ သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်ရှိနေလို့ပါပဲ။....ဒါပေမယ့် နေမြတ်သူက ကျွန်တော့်အပေါ်အမြဲတမ်းအနိုင်ကျင့်တယ်။
ကျွန်တော်ကချည်းအမြဲအလျော့ပေးနေရတာများတယ်။
သူလိုချင်တာပဲ သူသိပီး တစ်ကိုယ်ကောင်းဆန်တတ်တယ်။
ကျွန်တော်သူ့ကို အမြဲပြောနေကျစကားကတော့
"ငါမို်လို့ မင်းကိုသည်းခံပြီးပေါင်းနေတာ။ တခြားလူဆို မလွယ်ဘူး"
ဟူ၍ဖြစ်တယ်။ဒါလည်း သူကတော့ ဂရုမစိုက်ပါဘူး။
ဆိုးမြဲဆိုးနေမြဲပါပဲ။အခုလည်းကျွန်တော့်စိတ်တွေထိုင်းမှိုင်းပြီးကျောင်းသွားဖို့တောင်ခပ်ပျင်းပျင်း။
ဒီနှစ်မွေးနေ့ကလည်း ခါတိုင်းနှစ်တွေလိုပဲ သာမန်နေ့ရက်တစ်ခုသာဖြစ်ခဲ့သည်။တစ်ခါတစ်လေ ပျော်ရွှင်မှုရဲ့လမ်းစကိုလိုက်ရင်း ဘယ်နေရာမှာ ကိုယ်ကိုယ်တိုင်က ကျကျန်ခဲ့မှန်းမသိ။ဒီလိုအမြဲဖြစ်နေတဲ့ ခံစားချက်ကြီးက နေရဆိုးလှသည်။
YOU ARE READING
Unpredictable! (U+Z){Completed}
Romance(Unicode & Zawgyi💟) အချစ်က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... (Unicode & Zawgyi💟) အခ်စ္က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... Started on- 4th June,2020 Ended- 5th July,2020