Unpredictable!
Ep(14) Unicode versionဘဝက ထင်သလောက်မရိုးရှင်းဘူး ဆိုတာ ငါသိတယ် ဒါပေမယ့်
ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးထဲမှာ
မင်းတစ်ယောက်ကိုတော့ တစ်သတ်လုံးပိုင်ဆိုင်ချင်ခဲ့မိတာ...~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မေမေတို့ကို ငါအကုန်ပြောပြလိုက်ပြီ"
အတူရှိရမယ့်နေရက်တွေ ဘယ်လောက်ကျန်သေးလဲဆိုတာတော့
ကျွန်တော်မသိပေမယ့် ရှေ့ဆက်ရမယ့်မနက်ဖြန်တိုင်းမှာ မြတ်ဘုန်းခန့်တစ်ယောက်ကိုတော့ ကိုယ့်အနားရှိနေစေချင်သည်။"အဲ့တော့ ဘယ်လိုလဲ?"
သူ့ မျက်ဝန်းတွေဟာ တခုခုကိုအလိုမကျသယောင်ယောင်
ကိုယ့်ကိုစူးစိုက်၍ကြည့်နေတော့သည်။"သဘောမတူဘူးတဲ့"
"အင်း ထင်သားပဲ လွယ်လွယ်နဲ့တော့ဘယ်လက်ခံပေးပါ့မလဲ"
"ငါတို့ဘာဆက်လုပ်သင့်လဲ..."
"မှူးကလည်း ဘာဆက်လုပ်သင့်လဲဆိုတော့ ငါကဘယ်လိုဖြေရမလဲ
အစတည်းကဒီအခြေအတွေ
ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိပြီးသားပဲလေ""ဒါကမတူဘူး ငါ့မေမေအကြောင်း ငါပဲသိတယ်..."
"မှူးကအခု ဘာဖြစ်ချင်လို့လဲအဲ့တာပဲပြော"
"ငါမင်းကိုမထိခိုက်စေချင်ဘူး...ငါမင်းကိုအမြဲတမ်းကာကွယ်ပေးချင်ခဲ့တာ"
"မှူးကလည်း ပြောင်းပြန်တွေပြောနေတယ် ငါကမင်းကိုကာကွယ်ရမှာလေ..."
အကြောက်တရားဟာ အဲ့လောက်တောင်ခါးသီးလား။
မျက်စိရှေ့မှာမြင်နေရတဲ့အရာတစ်ခုဟာ ဘယ်အချိန်ပျောက်ကွယ်သွားမယ်မှန်းမသိရလောက်အောင်
အချိန်ပြည့် စိုးထိတ်နေရလောက်တဲ့အထိ အကြောက်တရားဟာ
အဲ့လောက်တောင် ခါးသီးလား။"မင်းဆီကို နံပါတ်စိမ်းတွေနဲ့ ဖုန်းဝင်လာရင်မကိုင်နဲ့နော်"
"ဘာလို့လဲ?"
"ငါတစ်ခုခုကို တွေးပြီးကြောက်နေလို့"
"မင်းမိဘတွေကိုလား"
"အင်း..."
"အဲ့တာဆို ပြောလိုက်လေ ငါ့ဘက်ကစပြီးကြိုက်တာမို့ မင်းနဲ့ဘာမှမဆိုင်ဘူးလို့ ငါ့ဘက်ကပဲဖြစ်နေတာလို့...
အခုလောလောဆယ်တော့ မင်းကိုအမြင်ကြည်နေဖို့လိုတယ်"
KAMU SEDANG MEMBACA
Unpredictable! (U+Z){Completed}
Romansa(Unicode & Zawgyi💟) အချစ်က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... (Unicode & Zawgyi💟) အခ်စ္က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... Started on- 4th June,2020 Ended- 5th July,2020