Unpredictable! ep(1)

4.7K 125 4
                                    

Unpredictable!

Ep 1 unicode version

"မင်းအသက်၃၀ဆို ငါ့အသက်လည်း၃၀ပေါ့နော် အင်းလေငါတို့နှစ်ယောက်က အသက်တူတူပဲဟာကို"

တစ်ခါတစ်လေ အဲ့လိုကြောင်တောင်တောင်စကားတွေပြောတတ်တဲ့သူက ကျွန်တော်ချစ်ရတဲ့ အာကာမှူးဝေပဲလေ
အသက်၄လသာ ကိုယ့်ထက်ကြီးတယ် လုပ်လိုက်ရင်ထူးထူးဆန်းဆန်းတွေကြီးပဲ။အခုလည်း ရုတ်တရက်ကြီး ကျွန်တော့်ကို ပြုံးပြီးကြည့်နေလေရဲ့။
နေ့တိုင်းမြင်နေရတာတောင်မရိုးသွားတဲ့ အရာတွေထဲမှာ သူ့အပြုံးတွေကလည်း အပါအဝင်ဖြစ်တယ်။
အခုလည်းကြည့် သူပဲမေးခွန်းမေးပြီး သူပဲဖြေသွားတယ်။
ခပ်တိုးတိုးလေး ရယ်မိတော့ သူကနောက်ထပ်စကားဆိုလာတယ်

"ငါတို့တွေအဲ့ဒီအရွယ်လောက်ရောက်ရင် ဘာတွေဖြစ်နေမလဲ ငါသိချင်တယ်"
ပြီးတော့ အဓိပ္ပါယ်မဖော်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်ကိုကြည့်တယ်။သူဘယ်လိုအဖြေကို လိုချင်နေတာလဲ ကျွန်တော်မခန့်မှန်းတတ်။

"မပြောတတ်ဘူးလေ ကြိုသိနေရင် ပျော်စရာမကောင်းတော့ဘူး ဟုတ်တယ်မလား"

"ငါကတော့အဲ့လိုမဟုတ်ဘူး သေချာတဲ့အဆုံးသတ်တစ်ခုကို ကြိုသိရရင် ပိုပီးပျော်စရာကောင်းမယ်လို့ထင်တယ် အဲ့လိုသာဆို ၁၀နှစ်ဖြစ်ဖြစ် ၁၅နှစ်ဖြစ်ဖြစ် ငါစောင့်နေမှာ"

မှူးရဲ့မျက်ဝန်းထဲမှာ ဝမ်းနည်းစရာအငွေ့အသက်တွေကျွန်တော်တွေ့ရတယ်။
အခုလည်း သူနဲ့ကျွန်တော်အတူရုပ်ရှင်ကြည့်ပီးအပြန် ဘတ်စ်ကားဂိတ်မှာ စကားတွေပြောနေတာပဲဖြစ်တယ်။
ကြည့်လာတဲ့ Thai movie friend zoneက အဆုံးသတ်မလှလို့ သူစိတ်စွဲနေတာလားတော့မသိ။တကယ်ဆို အဲ့လိုအတွေးလွန်တတ်တဲ့ သူ့စိတ်ကိုကျွန်တော်သဘောမကျ။

"မှူးကလည်း ဘာတွေလျှောက်ပြောနေတာလဲ အစမရှိအဆုံးမရှိ"

တကယ်ဆို သူ့စကားရဲ့အဓိပ္ပါယ်ကို ကျွန်တော်အသေအချာသိသည်။
ကျွန်တော်နဲ့ သူ့ရဲ့relationshipမှာ သူများထင်နေသလို အဆင်ပြေချောမွေ့မနေ။အချိန်နှင့်အမျှ အခက်အခဲများနှင့်သာရင်ဆိုင်နေရသည်။​ယောကျ်ားလေးနှစ်ယောက်တွဲတဲ့ကိစ္စက အခုခေတ်မှာအထူးတလှယ်မဟုတ်ပေမယ့် မှူးရဲ့မိဘများကအလွန်ရှေးရိုးစွဲဆန်ကြသည်။ခက်တာက မှူးက တစ်ဦးတည်းသောသားဖြစ်၍ မိဘများကသားအပေါ်အထူးမျှော်လင့်ထားကြသည့်အတွက်ကြောင့်ဖြစ်သည်။

Unpredictable! (U+Z){Completed}Where stories live. Discover now