Unpredictable!
Ep 5 Unicode version"ငါနားလည်ပေမယ့်...ငါက...သူ့ကိုသဘောကျနေတာကိုး"
"သြော်...!"
ကျွန်တော်သူနဲ့မျက်လုံးချင်းဆုံမိတော့ ခံစားမိတာက သူ့မျက်ဝန်းထဲက ဝမ်းနည်းရိပ်တွေ။"If it's me, if it's you
If our love is wrong, i don't ever wanna be right, i don't ever wanna be right 🎼🎼🎼"
ထိုစဉ်
"achitlay Nay Thu"ဆိုတဲ့ contact nameနဲ့ နေမြတ်သူဆီက ဖုန်းဝင်လာတယ်။
ချက်ချင်း call endကို ကျွန်တော် နှိပ်ချလိုက်တယ်။
မြတ်ဘုန်းခန့်လည်း ဒါကိုမြင်တော့...
"မှူး ဘယ်လိုလုပ်လိုက်တာလဲ မင်းပဲတစ်ချိန်လုံးစောင့်နေခဲ့တာမလား"
"မသိဘူး ကြိုက်သလောက်ခေါ်ပလေ့စေ သေတောင်မကိုင်ဘူး"*************************************
မှူးက မာနသိပ်ကြီးတယ်။ကိုယ်တောင့်တနေတဲ့ အရာတစ်ခု ကို လိုချင်တဲ့အချိန်မှါရောက်မလာရင် လှည့်မကြည့်ဘူးဆိုတဲ့ စိတ်မျိုးမှူးမှာ ရှိတယ်။ဒါပေမယ့် ကျွန်တော်သိတယ်။မှူးကအရမ်းစိတ်ပျော့တယ်။
ဟိုဘက်က နည်းနည်းလောက် သနားစရာလုပ်ပြလိုက်တာနဲ့သူ
ပြန်ပါသွားမှာ ကျွန်တော်သိတယ်။အခုလည်းနေမြတ်သူဖုန်းခေါ်နေတာကို သူမကိုင်ဘူး။ချက်ချင်း ချပစ်လိုက်တယ်။
"If it's me,if it's you🎼🎼🎼"ringtone ကနောက်တစ်ခေါက်ထမြည်လာပြန်တယ်********************************************
"မှူး ဖုန်းကိုင်လိုက်"
မြတ်ဘုန်းခန့်ကတော့ တစ်ချက်လွှတ်အာဏာနဲ့ အမိန့်ပေးနေပြီ"ကိုင်လိုက်လို့ပြောနေတယ်လေ!"
မြတ်ဘုန်းခန့်ကို ကျွန်တော်ကြောက်မိတယ်။ဒါပေမယ့် ကျွန်တော့်ကို အာဏာပေးရလောက်တဲ့ထိတော့ သူ့မှာ အခွင့်မရှိဘူး။ပြောရရင်
ကျွန်တော် သူ့စကားနားမထောင်ချင်ဘူး။"ဟင့်အင်း ငါမကိုင်ချင်ဘူး"
"အဲ့တာဆို ငါကိုင်လိုက်မယ်"ပြောပြာဆိုဆိုနဲ့ မြတ်ဘုန်းခန့်က ဖုန်းကိုကိုင်လိုက်တယ်
"Hello နေမြတ်သူလား"
တဖက်က နေသူ ပြန်ပြောတဲ့စကားတွေကိုတော့ ကျွန်တော်မကြားရ။
ကျောင်းcanteenမှာဆိုတော့လည်း speaker ဖွင့်ခိုင်းဖို့်ကမဖြစ်။"အေး ဟုတ်တယ် ငါမြတ်ဘုန်းခန့်ပဲ"
"Aww အဲ့လိုလား ။aww...."
မြတ်ဘုန်းခန့်က ခေါင်းတညိမ့်ညိမ့်နဲ့ ရယ်ပြီး ဟိုတစ်ယောက်နဲ့ ဘာတွေပြောနေလဲ
ကျွန်တော်တော့မသိ။
"အင်း မှူးက ငါ့ဘေးမှာရှိတယ်"
JE LEEST
Unpredictable! (U+Z){Completed}
Romantiek(Unicode & Zawgyi💟) အချစ်က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... (Unicode & Zawgyi💟) အခ်စ္က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... Started on- 4th June,2020 Ended- 5th July,2020