Unpredictable! ep(16)

578 32 19
                                    

Unpredictable!
Ep (16) Unicode version

"ဟေ့ကောင် မင်း‌များနေပြီ တော်တော့နော်!"

"မတော်နိုင်တော့ ဘာဖြစ်ချင်လဲကွာ!"

အာကာမှူးဝေတစ်ယောက် အသည်းကွဲနေသည်ဟုဆိုကာ နေမြတ်သူ၏တိုက်ခန်းတွင် ဘီယာတွေထိုင်သောက်နေတာ တစ်ဗူးပြီးတစ်ဗူး...။

နေမြတ်သူက အဆောင်နေလျှင် အပေါင်းအသင်းမှားပါက ပျက်စီးမည်စိုးသဖြင့် သူ၏တက္ကသိုလ်အနီးတွင်
တိုက်ခန်းငှား၍‌တစ်ကိုယ်တည်း‌နေထိုင်သူဖြစ်သည်။
အထူးသဖြင့် ထိုနေရာက သူနှင့် အာကာမှူးဝေတို့၏ စိတ်ညစ်စရာကြုံလျှင် မည်သူ့ကိုမှဂရုစိုက်စရာမလိုပဲ လွတ်လွတ်လပ်လပ်ဖွင့်ထုတ်နိုင်သည့် တစ်ခုတည်းသော စိတ်ထွက်ပေါက်ဟုဆိုပါကလည်း မမှားနိုင်ချေ။

"အာကာရာ...မင်းဘာဖြစ်နေတာလဲ အဆင်ရောပြေရဲ့လား"

အမှန်အတိုင်းဝန်ခံရရင် အာကာမှူးဝေရဲ့ အခုလိုဖြစ်ပျက်နေသည့်ပုံစံကို သူပထမဆုံး‌မြင်ဖူးခြင်းဖြစ်သည်။
ဘီယာ(၃)ဘူးလည်းအကုန် အာကာလည်းအတော်မူးနေ၍ ဒီအတိုင်းလွှတ်ထားလိုက်ရင် အသိစိတ်ပင်ပျောက်တော့မည့် အနေအထား။

"ငါရုပ်က အဆင်ပြေတဲ့ရုပ်‌ပေါက်‌နေလို့လား"

"အဲဒါကြောင့် ဘာဖြစ်နေတာလဲဆိုတာ ‌ပြောလေကွာ
ဒါမှ ငါကဘာလုပ်ပေးရမလဲသိမှာ‌ပေါ့"

ဤသို့ဆို‌တော့မှ အာကာ့မျက်နှာက အနည်းငယ် ဝမ်းနည်းနေသယောင် သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ကာ နှုတ်ခမ်းမှလည်းတစ်လုံးချင်း...

"ငါ သူနဲ့လမ်းခွဲလိုက်ပြီ..."

"ဘာရယ်!"

"အင်း..."

"ဘာလို့လဲ မင်းတို့ဒီလောက်ချစ်ကြတာကို"

*ဟိုတစ်လောကမှ မြတ်ဘုန်းခန့်နှင့် movie dateလုပ်စရာရှိတယ်ဆိုပြီး ကိုယ့်ကိုပျော်ပျော်ရွှင်ရွှင် လာကြွားသွားတဲ့လူက အခုတော့လမ်းခွဲလိုက်ကြပြီတဲ့*
လူတွေကပဲ အပြောင်းအလဲမြန်တတ်တာလား။
သူသိတဲ့ လောကကြီးကပဲ ရှုပ်ထွေးလွန်းတာလား။

"အားလုံး ငါ့အပြစ်တွေချည်းပဲ...
သူငါ့ကို မုန်းသွားလောက်ပြီထင်တယ်"

Unpredictable! (U+Z){Completed}Where stories live. Discover now