Zawgyi"ကိုယ့်ရဲ့ အိမ်တော်ဆီကို မင်းလေးကို ဖိတ်ခေါ်ချင်တယ်။ လက်ခံမလား ။ "
လော့ရဲ့အန်း မိမိကိုပြူးကြောင်ကြည့်နေတဲ့ ကောင်လေးကို အိမ်တော်ဖိတ်ခေါ်လိုက်တယ်။
"အင်း.......စားစရာကောင်းကောင်းလေးနဲ့ သေရည်ကောင်းကောင်းရှိလား ။ "
သူမေးလိုက်တော့ လော့ရဲ့အန်းက ရယ်ပြီး......
"ဒါပေါ့....ရှိတာပေါ့ "
system လေးကတော့....သူ့လင်က မင်းကြီးပါဆိုမှတော့ အကောင်းဆုံးတွေ ရှိမှာပေါ့လို့ သူ့hostက တုံးတယ်ပြောရင် မကြိုက်ဘူး။ တုံးတာကလဲ သူ့အပြင် နှစ်ယောက်မရှိဘူး။
ဒီလိုနဲ့ လော့ရဲ့အန်း ရဲ့အိမ်တော် မဟုတ်ပါဘူး ၊ နန်းတော်ကို ယောင်ချာချာနဲ့ ပါသွားတယ် ။
"ဝါး.......နန်းတော်က အရမ်းမိုက်တာဘဲ အစေခံလေးတွေကအစ အချောလေးတွေ.... နန်းဆောင်တွေကလဲ နေချင်စရာကြီးတွေ .....လော့ရဲ့အန်းက ကံကောင်းလိုက်တာကွာ ငါကျတော့ အိမ်စုတ်မှာ နေရတာ မတရားဘူး။ "
ရှောင်ဝမ်လု န န်းတော်ထဲ ပတ်ကြည့်နေရင်းကနေ စိတ်ချဉ်ပေါက်လာတာကြောင့်.....
^system..ငါကျတော့ ဘာလို့ ဒီလိုမျိုး ချမ်းချမ်းသာသာ မနေရတာလဲ ^
^မတန်လို့.......မနေရတာပေါ့ hostရယ်။ ^
^ငင့်...ငလူးမsystemစုတ်....မချမ်းသာတာက မတန်လို့ဆိုတာ ထားပါတော့ ခန္ဓာကိုယ်ကျတော့ကော လူစင်မမီတဲ့ ခန္ဓာကိုယ်တွေထဲဘဲ ပို့ပေးတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် ချောမောခန့်ညားတဲ့ ကိုယ်တဲ့ထည့်ပေးတော့ မင်းbထိုင်ရမှာမို့လို့လား ^
^မတန်မရာတွေ တအားမှန်းတာဘဲ လူစဉ်မမိတဲ့ကိုယ်ထဲပို့တာကိုဘဲ ကျေးဇူးတင် ၊ နောက်ခါလူကိုယ်ထဲ မပို့ဘဲ အကောင်တွေကိုယ်ထဲ ပို့ပစ်လိုက်လို့ systemကယ်ပါ ဖြစ်နေမယ် ။ ^
ရှောင်ဝမ်လု ပြောစရာ စကားတောင်ပျောက်ရှသွားရတယ်။ ပြောမဲ့စကားလုံးတွေတောင် လည်ချောင်းထဲ ပြန်ဝင်သွားတယ်။
YOU ARE READING
What The Hell(system)
Fanfictionသော်တာငယ် တယောက်မတော်တဆကားတိုက်မူကြောင့် systemထဲရောက်ရှိပြီး တာဝန်တွေထမ်းဆောင်ဖို့ ဖြစ်လာသောအခါ ဘယ်လိုတွေဖြစ်လာမလဲ အချစ်ကိုရောရှာတွေ့နိုင်မလား ဆိုတာဖတ်ပိးအားပေးကြပါအုံးရှင့် အခုမှစရေးတာမို့ အမှားပါရင်တောင်းပန်ပါတယ်ရှင့် ဝေဖန်ပေးကြပါအုံး သော်တာငယ် တ...