arc(3.3)

2.3K 249 26
                                    

Zawgyi

အနောက်ကနေပြီးတော့... လက်မောင်းကို ဆွဲလိုက်တာကြောင့် တစ်ဖက်လူရဲ့ ရင်ခွင်ထဲကိုရောက်သွားတော့တယ်။ သူလဲစိတ်တိုတိုနဲ့ ချက်ချင်းရုန်းထွက်ကာ လက်သီးနဲ့ထိုးပေးလိုက်တော့ တစ်ဖက်လူက သူ့ထက်အရပ်ရှည်တာကြောင့် နှုတ်ခမ်းကိုထိုးမိသွားပြီး ပေါက်သွားတာကြောင့် သွေးတွေထွက်လာတော့တယ်။ သူလဲနောက်မှ သူထိုးလိုက်တဲ့လူကိုမော့ကြည့်လိုက်တော့ ဇာတ်လိုက်ကောင်ဖြစ်နေပြီး ဇာတ်လိုက်က သူ့ကိုစိုက်ပြီးကြည့်နေတာကြောင့်....

"ဘာကြည့်တာလဲ "

"ဟက်...စိတ်ဝင်စားစရာဘဲ "

သူဘုဆတ်ဆတ်မေးလိုက်တော့ ဇာတ်လိုက်ကောင်ပြန်ဖြေလာတာက သူ့ကိုအံ့သြ သွားစေတယ်။ သူပြူးကြောင်ကြည့်နေတုန်း နောက်တစ်ခါသူ့ရင်ခွင်ဆွဲခေါ်ပြီး အတန်ကြာစိုက်ကြည့်နေပြီးမှ ခေါင်းကိုငုံ့ကိုင်းကာလာတာကြောင့် ကြောင်နေရာကနေ အသိဝင်ပြီး ရှောင်လိုက်တာကြောင့် ပါးကိုနမ်းမိသွားတော့တယ်။

"မင်း...မင်း.."

"အိနေတာဘဲ ပြီးတော့ အရမ်းမွှေးတာဘဲ "

"တောက် ခွေးကောင် ငါ့ကိုလွှတ်စမ်း "

ဟယ်ရီ အရမ်းစိတ်တိုနေပြီဖြစ်တာကြောင့် မျက်နှာတစ်ခုလုံး နီးရဲကာပေါက်ကွဲထွက်တော့မလိုတောင်ဖြစ်နေပြီ...

'ငါဒီဇာတ်လိုက်ကောင်ကို သတ်မိတော့မယ်'

'စိတ်ထိန်းပါhost... '

"လွှတ်လို့ပြောနေတာ မကြားဘူးလား နားကန်းနေလားဟမ်"

ဟယ်ရီအားကုန်ထုတ်ရုန်းနေပင်မဲ့အနှီးဇာတ်လိုက်ကောင်က တုတ်တုတ်တောင်မလုပ်ပေ ၊အဲ့အစား...

"က​လေးမင်းအငြိမ်မနေတော့ ကိုယ့်အ​ကောင်ကနိုးလာပြီ .."

ဇာတ်လိုက်ကောင်က ဟယ်ရီနားနားကပ်ကာပြောလာသည့်စကားကြောင့် အံ့ကြိတ်ထားရလွန်းလို့ မျက်လုံးတွေနီရဲပီး အသက်ရူသံတွေမြန်လာရတော့တယ်။ သူ့ဗိုက်နားကမာတောင့်တောင့်အရာကြီးကြောင့် မျက်နှာတွေပူပြီး နေရခက်လာတာကြောင့်
ဟယ်ရီလဲ ဇာတ်လိုက်ခြေထောက်ကို အားပြင်းပြင်းနဲ့ တက်နင်းလိုက်ပြီး.. "အ" ထွက်လာခဲ့လိုက်သည်။

What The Hell(system)Donde viven las historias. Descúbrelo ahora