Zawgyi
ကူးပြောင်းတိုင်း ခံစားရတဲ့နာကျင်မူကိုခံနိုင်ရည်တကယ်မရှိသေးဘူး။ဘေးကဆူညံ့သံတွေကြောင့် နာကျင်နေတဲ့ခေါင်းကိုလျစ်လျူရူကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးမှာလူတွေအများကြီးက လက်ညိုးထိုးကာ ဝိုင်းလှောင်နေကြတယ်။နောက်ပြီး သူ့တစ်ကိုယ်လုံးကလဲ ရေများစိုရွှဲကာ ကြွက်စုတ်လေးဖြစ်နေတော့တယ်။ နောက်ခန့်ညားပြီးကြည့်ကောင်းတဲ့လူငယ်တစ်ယောက်ဟာ ရှေ့ထွက်လာပြီး........
"ကြည့်စမ်းပါအုံး..မင်းက အခုကျတော့လဲ သနားစရာလေးပါလား "
"ရာရာစစ မတန်ရာကိုမှန်းနေသေးတယ် ရွံစရာကောင်းလိုက်တာကွာ "
သူလဲအဲ့အကောင်တွေကို အေးစက်စက်အကြည့် နဲ့စိုက်ကြည့်ကာ ထွက်သွားဖို့ပြင်လိုက်တယ်။
ထွက်မလို့ရှိသေးတယ် ဟိုခွေးကောင်ကသူ့အင်္ကျီလာဆွဲကာ.."ဘယ်သွားမလို့လဲ... ငါတို့နဲ့တစ်ညလောက်ပျော်ရအောင်လေ. မင်းစိတ်ကျေနပ်စေရပါ့မယ်ကွာ "
"ဟား......ဟား......ဟား....."
ကျန်တဲ့လူတွေက ထိုကောင်စကားကြားတော့ဝိုင်းရယ်ကြတယ်။
"လွှတ်လိုက်..."
သူ့ကိုဆွဲထားတဲ့လက်ကိုစိုက်ကြည့်ကာ အေးစက်စက်လေသံနဲ့ပြောလိုက်တော့ တစ်ဖက်ကအံသြသွားကာ......
"ဘာပြောလိုက်တယ်..."
"မင်းရဲ့ညစ်ပတ်တဲ့လက်ကိုအခုလွှတ်ပေးလို့ပြောတာ "
"မလွှတ်တော့ဘာဖြစ်ချင်လဲကွာ.....အသဲလေးကိုယ်တို့နဲ့လိုက်ခဲ့စမ်းပါ "
"လီးကိုအသဲလေး......"
သူလဲဆွဲထားတဲ့လက်ကိုလိမ်ချိုးကာ ပါးစပ်ကလဲပိတ်ဆဲပေးလိုက်တယ်။ လက်အရိုးကျိုးသံကိုအားလုံးရှင်းလင်းစွာကြားလိုက်ရပြီးအဲ့ကောင်ရဲ့အပေါင်းအပါတစ်စုကသူ့ဆီပြေးဝင်လာကြတော့တယ်။ သူလဲအကုန်လုံးကို မြေပေါ်လဲသိပ်ကာ....လက်ကျိုးသွားတဲ့ကောင်ရဲ့ဆံပင်ကိုဆွဲကာ....
"သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်။ နောက်ခါငါနဲ့ငြိရင်အသေ သတ်ပြစ်မယ် တောက်....."
ŞİMDİ OKUDUĞUN
What The Hell(system)
Hayran Kurguသော်တာငယ် တယောက်မတော်တဆကားတိုက်မူကြောင့် systemထဲရောက်ရှိပြီး တာဝန်တွေထမ်းဆောင်ဖို့ ဖြစ်လာသောအခါ ဘယ်လိုတွေဖြစ်လာမလဲ အချစ်ကိုရောရှာတွေ့နိုင်မလား ဆိုတာဖတ်ပိးအားပေးကြပါအုံးရှင့် အခုမှစရေးတာမို့ အမှားပါရင်တောင်းပန်ပါတယ်ရှင့် ဝေဖန်ပေးကြပါအုံး သော်တာငယ် တ...