Zawgyi
နန်းတော်ထဲ ပတ်ကြည့်နေရင်း တစ်နေရာရောက်တော့.....
" အတင့်ရဲလှချည်လား...မင်းသမီးတစ်ပါးလာတာကို အရိုအသေမပြုဘူး ။ "
"ဟမ်....ဘယ်ကမင်းသမီးလဲ "
"တောက်စ်....အဲ့အကောင်ကို ချုပ်ထားလိုက်စမ်း..မင်းသမီးကို မရိုမသေပြန်ပြောရဲတယ်။ "
ရှောင်ဝမ်လု မသိလို့ မေးတာကို သူ့ကိုချုပ်ထားပြီး ရိုက်ဖို့ပြင်နေတဲ့ မိတ်ကပ်တစ်ပိသာလောက်နဲ့ မိန်းမကြီးကြောင့် စိတ်လေသွားရတယ်။ အခုတလောကံတွေဆိုးနေတာ ၊ ဘုရားတရားလေး လုပ်အုံးမှဘဲ..သူ့ကိုရိုက်မဲ့ မိန်မကြီးကို ပညာပြန်ပေးဖို့ လုပ်နေတုန်း.......
"အဲ့ဒါ... ဘာဖြစ်နေကြတာလဲ "
အသံကြားတော့ လှည့်ကြည်စရာမလိုအောင် ရင်နှီးနေတဲ့သူကြောင့် သူလဲ ဘာမှမပြောဘဲ ရပ်နေလိုက်တယ်။ မင်းသမီးဆိုတဲ့တစ်ယောက်ကတော့ သူ့လူကြီးနား ပြေးသွားပြီး...
"လော့ကိုကို....အဲ့ကောင်ကလေ ချင်းမိန့်ကို့ မရိုမသေလုပ်တယ်။ ပြန်လဲပြောသေးတယ် ဟင့်..."
သြော် ခံရတဲ့ငါက မတိုင်ရဘူး ၊သူကအရင်တိုင်နေတယ်။ သူလဲ စိတ်လေတယ် ဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်တယ်။
"အဲ့အကောင်ကို အပြစ်ပေးပေးနော် လော့ကိုကို "
ချင်းမိန့် ဆိုတာ မင်းကြီးရဲ့ အစ်မတော်ကမွေးတဲ့ သမီးဖြစ်တယ်။ အလိုလိုက်ထားတာကြောင့် မောက်မာ ရိုင်းစိုင်းသည်။ လော့ရဲ့အန်း ကိုတဖတ်သတ်ချစ်နေတဲ့သူလဲ ဖြစ်သည်။ အခုလဲ သူပြောနေတာကို အဖတ်မလုပ်ဘဲ သူတို့ ရှေ့က ကောင်လေးကိုဘဲ ကြည့်နေတာကြောင့် ထိုကောင်လေးကို သတ်ပစ်ဖို့ အစီအစဉ်ဆွဲရတော့မယ် ထင်တယ်။ လော့ကိုကိုက သူမအပိုင် မိမိတစ်ယောက်ထဲအပိုင်ဘဲဖစ်ရမယ်။
"လူုကြီး...ဒါခင်ဗျားတို့ရဲ့ ကြိုဆိုပုံလား "
"မဟုတ်ပါဘူး ကလေးရယ်....ချင်းမိန့်ပြန်တောင်းပန်လိုက် "
ချင်းမိန့် ထိုကောင်လေးကို မုန်းတီးစွာ စိုက်ကြည့်ပြီး.....
စိတ်ထဲကမပါစွာနဲ့....
ESTÁS LEYENDO
What The Hell(system)
Fanficသော်တာငယ် တယောက်မတော်တဆကားတိုက်မူကြောင့် systemထဲရောက်ရှိပြီး တာဝန်တွေထမ်းဆောင်ဖို့ ဖြစ်လာသောအခါ ဘယ်လိုတွေဖြစ်လာမလဲ အချစ်ကိုရောရှာတွေ့နိုင်မလား ဆိုတာဖတ်ပိးအားပေးကြပါအုံးရှင့် အခုမှစရေးတာမို့ အမှားပါရင်တောင်းပန်ပါတယ်ရှင့် ဝေဖန်ပေးကြပါအုံး သော်တာငယ် တ...