arc-2.7(ရှောင်ဝမ်လု ဘဝ)

4.2K 429 20
                                    


Zawgyi

         ရှောင်ဝမ်လုတစ်ယောက် ပျင်းတာကြောင့် အပြင်ထွက်လာပြီး ဈေးတန်းကမုန့်တွေတစ်ခုပြီးတစ်ခုလိုက်စားနေတော့တယ်။

     "အားပါးပါး..မုန့်တွေကစားချင်စရာကြီး... ကြည့်ရင်းသရေတောင်ကျချင်လာပြီ "

     ^hostက ငတ်ကြီးကျတာ ဘယ်ဘဝကငတ်ပြတ်နေလဲ မသိဘူး။ ^

      ^အမဲလုံး.. မင်းမသိပါဘူးကွာ ငါမသေခင်တုန်းက TVထဲကနေ တရုတ်မုန့်တွေကြည့်ပြီး သရေကျခဲ့ရတာကွ အခုလို စားရကံကြုံတုန်းလေး စားတာကို မင်းကအပြစ်ပြောနေတယ်။ အေးပေါ့လေ မင်းကစားလို့မရတော့လဲ မုန်တွေဘယ်လောက်အရသာရှိလဲဆိုတာ ဘယ်သိမလဲ ^

    ^ဟွန်း....ဂျပိုးနင်ပြီးသေပါစေ ^

သူsystemလေးကို လျစ်လျူရှူပြီး မုန့်တွေသာစားနေလိုက်တယ်၊ မျက်နှာက ပုဝါအုပ်ထားတာကြောင့် စားရတာအားမရချေ။ ဒါကြောင့်သူလဲ မုန်တွေဝယ်သွားပြီး တစ်နေရာမှာ သွားစားဖို့ စဉ်းစားလိုက်သည်။ သူမုန့်တွေဝယ်ပြီး သူသွားနေကြ တောင်ပေါ်က ချယ်ရီ ပင်ကြီးအောက်ကိုသွားပြီး ငုတ်တုတ်ထိုင်လိုက်သည်။

      "အား....မောလိုက်တာ.. အဟိ ငါလွတ်လွတ်လပ်လပ် စားလို့ရပြီကွ"

သူမျက်နှာကို အုပ်ထားတဲ့ပုဝါကို စိတ်ရှုပ်စွာချွတ်လိုက်ပြီး မုန့်စားဖို့ ပြင်လိုက်သည်။ထိုအချိန်မှာဘဲ လူ၂ယောက်ရောက်လာပြီး ကိုယ်မှာ ဒဏ်ရာတွေ လဲရနေကြတယ်။ သူတို့၂ယောက်က သူ့ကိုကြည့်နေတယ်။ သူကတော့ ဂရုမစိုက် ဘဲမုန့်သာစားနေလိုက်သည်။

လော့ရဲ့အန်း နန်းပြင်ထွက်ရင်း လုပ်ြကံသူတွေက ချုံခိုတိုက်ခိုက်တာကြောင့် ဒဏ်ရာရပြီး ပြေးလာစဉ် ချယ်ရီပင်ကြီးအောက်က မုန့်တွေစားနေတဲ့ကောင်လေးကို တွေ့လိုက်ရတယ် ၊ ထိုကောင်လေးက သူတို့ကို ဂရုမစိုက် ဘဲမုန့်သာစားနေတယ်။ထိုကောင်လေးကို ကြည့်လိုက်တော့ လှလိုက်တာ ယောကျာ်း လေးတစ်ယောက်ကို လှတယ်မသုံးသင့်ပင်မဲ့ သူ့ရှေ့က ကောင်လေးက အရမ်းလှပလွန်းတယ်။ မုန့်စားနေလို့ စားလိုက်ရင် ဖြစ်လာတဲ့ပါးဖောင်းဖောင်းလေးတွေက ကိုက်ပစ်ချင်စရာလေး၊ ပန်းရောင် သန်းနေတဲ့ နှုတ်ခမ်းလေးကိုကြည့်ပြီး လူကရေတောင်ငတ်လာသလိုဘဲ။ ထိုကောင်လေးကိုတွေ့လိုက်ရတော့ သူမျှော်နေတဲ့သူကို တွေ့လိုက်ရသလို ရင်ဘတ်ထဲက အကောင်က အပြင်တောင် ထွက်ကျတော့မလိုဘဲ။ သူငေးလို့ကောင်းနေတုန်း လုပ်ကြံသူတွေက မှီလာပြီ သူတို့ကိုဝိုင်းထားလေသည်၊သူလုပ်ကြံသူတွေကိုကြည့်ပြီး...

What The Hell(system)Donde viven las historias. Descúbrelo ahora