Chapter - 1
|| Zawgyi ||ဆေးရုံကနေ သဘာဝလွန်ဖြစ်ရပ်ကိုကြားပြီး အိမ်ကိုပြန်ခဲ့တယ်။ လမ်းတစ်လျှောက်လုံး ဗိုက်ကိုအသိစိတ်မဲ့ပြီး ပွတ်သက်နေမိတယ်။
ကိုယ်ဝန်နဲ့တဲ့လား...သူက သူကကွာရှင်းရတော့မှာ...
မိဘတွေလက်ထပ်ပေးတဲ့ လူကိုသူတကယ်ရင်ထဲအသဲထဲ နှလုံးသားထဲထိတောင် ချစ်ရပါသည်။ ဒါမဲ့သူ့ယောက်ျားကတော့ သူ့ကိုအမြဲလျစ်လျူ ရှုထားတယ်။ သူကမာနအရမ်းကြီးတာ သူကအဆင့်တန်းရှိတဲ့သူတွေနဲ့သာ အရောတဝင်လုပ်တယ်။ကျွန်တော်ကရော...ဟုတ်တယ်...ကျွန်တော် ပိုင်လင်းယဲ့ အရမ်းဆင်းရဲပြီး အမေကလက်ထပ်ပေးပြီးတာနဲ့ ဆုံးပါးသွားပြီ။ သူတို့ကကျွန်တော့ယောက်ျား ကျွင်းဟောက်ရန် မိဘနဲ့ကအရမ်းရင်းနှီးတဲ့သူတွေ၊ ငယ်သူငယ်ချင်းတွေပေါ့ အချိန်အတော်ကြာမှပြန်တွေ့တော့ သူတို့သားနှစ်ယောက်လုံးကို ရင်းနှီးအောင်တွေ့စေတယ်။ ထိုအချိန်မှာ ဟောက်ရန်ကလုံးဝသဘောမတူခဲ့...
သူ့မှာကချစ်သူရှိနေတယ်လို့ပြောတယ်။ ကျွန်တော်တို့ပုံမှန်တိုင်းတွေ့ဖြစ်ပြီး ခန္ဓာကိုယ်အလိုအရ sex တောင်ဖြစ်ခဲ့သေးတယ်။ မိဘတွေကလက်ထပ်မယ်ပြောတော့ ဟောက်ရန်ကအကြောက်အကန်ငြင်းတော့တယ်။ ဒါကြောင့်သူ့မိဘတွေက
လက်မထပ်ရင် အမွေပျက်စွန့်လွှတ်မယ်... လက်ထပ်ပြီး သုံးနှစ်အကြာမှာ အမွေလွှဲပေးမယ် လို့ရတိပြတ်ပြောခဲ့တယ်။ ဟောက်ရန်ငြင်းလို့မရဘဲ လက်ထပ်လိုက်ရတယ်။ ဟောက်ရန်ကလည်း ကျွန်တော့်ကိုပြောခဲ့တယ်။ သုံးနှစ်ကြာရင် ကွာရှင်းပေးဖို့ပေါ့...
တော်တော်ဆိုးတယ်မလား...ဒီကြားထဲ ကျွန်တော်တို့ တစ်လမှာ 32ရက်လောက်sex လုပ်ဖြစ်ကြတယ်။ ကျွန်တော်ထင်တာကတော့ သူကျွန်တော့်ကိုချစ်လာပြီပေါ့ ဒါမဲ့မထူးပါဘူး ဒုံရင်းကဒုံရင်းပါဘဲ့။
အခုကျွန်တော့မှာကိုယ်ဝန်ရှိလာပြီတဲ့...မကြာခင်လည်း သုံးနှစ်ပြည့်တော့မှာ...ဟူး....
" ကျွန်တော်ပြန်လာပြီ "
အိမ်တော်ကြီးထဲဝင်သွားတယ်။ ထိုအိမ်တော်ကကျွင်းအိမ်တော်ပါ...တကယ်ကိုအံ့မခန်းဘဲ့... နေ့လည်ထမင်းစားချိန်မို့ ဟောက်ရန် အိမ်မှာရှိနေလောက်သည်။ သူ့ကိုကိုယ်ဝန်ရှိနေတယ်လို့ ပြောဖို့စိတ်ကူးလေးနဲ့ဝင်လာခဲ့တယ်။ ဒါမဲ့အခန်းထဲရောက်တော့ အခန်းဝကိုကျောပေးပြီး ဖုန်းပြောနေတဲ့ဟောက်ရန် အသံကချိုသာနေရော...
YOU ARE READING
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...