Chapter -31
|| Zawgyi ||ဒီအသံကြောင့် နွေးထွေးနေတဲ့လေထုလေးထဲမှာတောင် ဖုန်မှုန့်တွေရုတ်တရက် ထူလာသလိုဘဲ့။ လင်းယဲ့က ယုဟိုင်ကိုဂရုမစိုက်ပဲ သူ့ဘာသာသူစားသောက်နေသည်။ ဒါမဲ့စိတ်ထဲမှာတော့ သွေးပွတ်ပွတ်ဆူနေမိတယ်။
ရွံစရာကောင်းတယ်။ အချစ်တဲ့ မင်းယောက်ျားကော ဟုတ်ရဲ့လားကွာ။ အဲ့လောက်ချွဲပြစ်ပြီး ပြောရအောင်။ ဟူး..ဟောက်ရန်ကတော့ ဘာမျက်စိနဲ့ကြည့်ကြိုက်တာပါလဲ။
" မင်း ဒီဆိုင်မှာလာစားတာလား "
"ဟုတ်တယ်။ သူငယ်ချင်းနဲ့လာတာ မထင်မိဘူး သူ့လို့ကောင်လေးနဲ့အချစ်က အတူရှိနေမယ်ဆိုတာ "
ယုဟိုင်က အစားပုပ်နေတဲ့ လင်းယဲ့ကိုအထင်သေးသလို ကြည့်နေသည်။ ဟောက်ရန် ကိုကြည့်တော့ လင်းယဲ့ကိုသာ ကြည့်နေတာမြင်တယ်။ ဒါကြောင့် ဟောက်ရန်ကိုအာရုံပျက်အောင် စကားပြောလိုက်သည်။
" အချစ် နေ့လည်ပိုင်းတွေ့မယ်လို့ ပြောထားတယ်မလား ဘာပြောစရာရှိလို့လဲဟင် အခုပြောလိုက်လို့လဲရတယ်လေ "
ဟောက်ရန်သတိရသွားပြီး လင်းယဲ့ကိုကြည့်လိုက်တယ်။ ထို့နောက်ယုဟိုင်ကိုပြန်ကြည့်ပြီး
" ချိန်းထားတဲ့နေရာမှာပဲ ပြောတာပေါ့ အခုအဆင်မပြေလောက်ဘူး။ "
ယုဟိုင်ကဘုမသိဘမသိနဲ့ ဘဝင်မြင့်သွားသည်။ သူထင်တာက လင်းယဲ့ရှိတာကြောင့် သူတို့ဒိတ်လို့မဖြစ်ဘူးထင်သွားသည်။ ဒါကြောင့်တမင်တကာနဲ့
" ဘာလို့လဲကွာ ပြောလိုက်ရင်ရတာဘဲ့ကို "
လင်းယဲ့ စားလို့ပြီးတာနဲ့ လက်လေးသုတ်လိုက်သည်။ ထို့နောက်အပြုံးမမြည်တဲ့ အပြုံးလေးနဲ့ ဟောက်ရန်နဲ့ယုဟိုင်ကိုကြည့်လိုက်သည်။ သူ့ရဲ့အကြည့်တွေထဲမှာ စိတ်မရှည်မှု၊မနာလိုမှုအနည်းငယ်ရောနေတာကို ဟောက်ရန်တွေ့လိုက်ရတယ်။ ထို့နောက်ဟောက်ရန် သူ့ကိုမျှော်လင့်ချက် မျက်လုံးတွေနဲ့ ကြည့်နေတဲ့ယုဟိုင်ဆီကိုရောက်သွားပြီး
" မင်းပြောစေချင်မှတော့ ပြောရတာပေါ့ ယုဟိုင် ကိုယ်တို့လမ်းခွဲရအောင် "
YOU ARE READING
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...