Chapter - 50
|| Zawgyi ||ယွမ်ကျိုးတစ်ယောက် အိမ်မှာမအိပ်ခင်ကော်ဖီလေးသောက်နေတုန်း ရုတ်တရက်ကြီးချောင်းထဆိုးတော့သည်။
( Saung / ဆောင်းကမအိပ်ခင်ကော်ဖီသောက်တာ 😁ပြီးရင်အိပ်မပျော်တော့ဘူး။ အခုခေတ်လည်းမကောင်းတော့ စိတ်ချလက်ချအိပ်နေလို့မရဘူးလေ 😞 )
" အဟွတ်...အဟွတ် ဘယ်ကောင်ငါ့အကြောင်း ပြောနေတာလဲ "
ဖိတ်ကျသွားတဲ့ ကော်ဖီတွေကိုလိုက်သုတ်နေရင်း အနောက်ကကျန်းရောင် ရောက်လာသည်။
" ဘာလို့ဖိတ်ကျနေတာလဲ မင်းကကလေးလား "
" ဟေ့ ကျန်းရောင် ပါးစပ်ပိတ်ထား။ "
ကျန်းရောင်က ယွမ်ကျိုးကိုကူသုတ်ပေးသည်။ ထို့နောက်သူတို့နှစ်ယောက်လုံး လေသာဆောင်ဘက်ထွက်လာတယ်။ ကျန်းရောင်က
" ယွမ်ကျိုး မင်းငါ့အိမ်မှာကပ်နေတာ မဆင်းသေးဘူးလား "
" ကျစ် မင်းကပ်စီးကုတ်နေသေးတယ်။ ငါတို့ကသူငယ်ချင်းထပ်ပိုတာပဲ့ကွာ "
ကျန်းရောင်က စဉ်းစားရင်းနဲ့
" ဒါနဲ့ငါမေးစရာရှိတယ် ရှောင်ချင်း သူမနဲ့အားရန် ဘာလို့ဒီလောက်တောင် ဆက်ဆံရေးဆိုးသွားတာလဲ လင်းယဲ့ကိုချိန်းခြောက်ခဲ့ရုံပဲ့မှတ်လား "
ယွမ်ကျိုး ခေါင်းခါလိုက်သည်။ သူကဟောက်ရန်နဲ့ အရင်ဆုံးသိကျွမ်းခဲ့တဲ့ ငယ်သူငယ်ချင်းဖြစ်တယ်။ ဟောက်ရန်အကြောင်းကိုလည်း အသိဆုံးပဲ့။ ချင်းချင်းက လင်းယဲ့ကို ဟောက်ရန်အနားကထွက်သွားဖို့ ပြောရုံနဲ့သူငယ်ချင်းဆက်ဆံရေးကိုဖြတ်မှာမဟုတ်ဘူး။
" မင်း...မသိဘူးလား "
ကျန်းရောင်ကဆိုသည်။
" မသိဘူးလေ။ အဲ့အချိန်ကငါမရှိဘူး။ ငါ့အဖေကငါ့ကိုအလုပ်တွေနဲ့ ဖိသတ်ထားတာ....ငါအားလည်းအားရော ချင်းချင်းတို့ကုမ္ပဏီဖြိုချခံရပြီ၊ ချင်းချင်းနဲ့လည်း ဆက်သွယ်မရှိတော့ဘူးလေကွာ "
" အေး ငါသိပြီ။ ဒီလိုကွ ဟောက်ရန်ဒီကိစ္စကိုထပ်မပြောခိုင်းဘူး။ မင်းမရှိတုန်း ချင်းချင်းကငါတို့ကို သူ့နိုင်ငံခြားကမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးဖို့ ဟိုတယ်တစ်ခုကိုဖိတ်တယ်။ ငါနဲ့ဟောက်ရန်က လုပ်ငန်းပါတနာတိုးဖို့ လက်ခံလိုက်တယ်လေ။ အဲ့နေ့ကလင်းယဲ့ကိုပါခေါ်လာခိုင်းတယ်။ ချင်းချင်းက အရင်ကပြောမိတာတွေကို တောင်းပန်ချင်လို့တဲ့။ ဒါမဲ့ဘယ်သူသိမလဲ ရှောင်ချင်းကလင်းယဲ့ကို အိပ်ဆေးအပြင်းစားတွေသုံးပြီး စင်ကာပူကလူကောင်ကြီးကြီး လေးငါးယောက်နဲ့ ပိတ်ထားခဲ့တာ "
![](https://img.wattpad.com/cover/257394668-288-k568743.jpg)
YOU ARE READING
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...