Chapter - 11
|| Zawgyi ||ဟူး....သေလောက်အောင်ကြောက်လန့်ရတဲ့ ပါတီပွဲ။ မိဘတွေကရှေ့ကဦးဆောင်သွားပြီး ဟောက်ရန်နဲ့လင်းယဲ့က အတူတူနောက်ကလိုက်လာတယ်။ အိုး...လူတွေကငါလေးကို ထူးဆန်းသလိုကြည့်နေကြတယ်။ ကိုယ့်ကိုကိုယ်တောင် နာမည်ကြီးမင်းသားလို ခံစားသွားရသည်။
" ကိုယ့်လက်ဆွဲထား "
လင်းယဲ့ ကြားလိုက်ရတာတောင် မယုံနိုင်... ဒီလဒအခုတလော ဆေးသောက်မှားနေတာလား...လင်းယဲ့ လက်မခံပေမဲ့ ဟောက်ရန်ကအတင်းဆွဲလိုက်တယ်။ ရုန်းလိုက်မလို့တွေးပေမဲ့ မျက်လုံးတွေပြုတ်ကျမတတ်ကြည့်နေတဲ့ သတင်းထောက်တွေ ပါတီလာတဲ့သူတွေကြောင့်ငြိမ်နေလိုက်ရတယ်။
မရုန်းတော့တဲ့ လက်အေးအေးလေးပိုင်ရှင်ကြောင့် ဘာမှမဟုတ်ကျေနပ်သွားတယ်။ အခုထိစိတ်တွေရှုပ်ထွေးနေတာကို မဖြေရှင်းနိုင်သေးချေ။ ကားထဲမှာနဘေးကနေ စိတ်လှုပ်တရှား လက်လေးနှစ်ဖက်ကို မီးထွက်မတတ်ပွတ်နေပြီး သက်ပြင်းတစ်ချချနဲ့ လိုက်လာရတဲ့ကောင်လေးကို သနားတယ်။ သူအရင်ကပါတီအတော်များများကို ခေါ်သွားခဲ့ဖူးရင် အခုလိုကြောက်နေတော့မှာမဟုတ်ဘူး။ လက်ကိုအတင်းဆွဲလိုက်တော့ လက်တွေကထင်တဲ့အတိုင်း အေးစက်နေပြီးချွေးတွေတောင်ထွက်နေတယ်။
" ဥက္ကဠကျွင်း အားရား..."
ခေါ်သံတစ်ခုနဲ့ ဝမ်းသာအားရပြေးလာတဲ့ လူကြီးတစ်ယောက် ဟောက်ရန်အဖေအနားရောက်တော့ အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီး
" ဥက္ကဠကျွင်း ကျွင်းကတော် ကနေဒါကနေတောင် လာပေးတာအတိုင်းမသိကျေးဇူးတင်ပါတယ်ဗျ "
" မဟုတ်တာ လီဥက္ကဠ...ပါတနာ(လုပ်ငန်း)အချင်းချင်းဘဲ့ နောက်ပြီးမိတ်ဆွေတွေလိုဖြစ်နေတဲ့ဟာဗျာ လာရမှာပေါ့ "
လီဥက္ကဠက ဟောက်ရန်နဲ့လင်းယဲ့ကို ကြည့်ပြီး...ဟောက်ရန်ကိုသိပေမဲ့ လင်းယဲ့ ကိုမသိဘူးဖြစ်နေတယ်။ လီဥက္ကဠနဲ့ကလွန်ခဲ့တဲ့ နှစ်နှစ်ကမှသိတာကြောင့် ဟောက်ရန်နဲ့လက်ထပ်တဲ့သူကို မသိဘူး။ ဟောက်ရန်အဖေကတော်တော်ကို ပြောချင်နေတာဖြစ်တယ်။
" သူကကျွန်တော့်သမက်လေ...အားရန်ယောက်ျား "
" တွေ့ရတာဝမ်းသာပါတယ် ပိုင်လင်းယဲ့ပါဗျ " လင်းယဲ့ ပြုံးပြီးခေါင်းငုံနှုတ်ဆက်လိုက်တယ်။ လီဥက္ကဠက မျက်လုံးပြူးသွားပြီး
![](https://img.wattpad.com/cover/257394668-288-k568743.jpg)
YOU ARE READING
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...