Chapter - 38
|| Zawgyi ||ဟောက်ရန် သူကဘယ်သူလဲ။ သုံးနှစ်သုံးမိုးလုံးလုံး ငါ့ကိုလုံးဝရှိတယ်လို့မထင်တဲ့သူကလေ။ သဘောကျတယ်တဲ့လား...ဒါကအရမ်း..အရမ်းပျော်ဖို့ကောင်းပေမဲ့ အရမ်းလည်းဝမ်းနည်းရတယ်။
မျှော်လင့်ခဲ့တယ်။ ရက်တွေအများကြီးလေ။ ဒီရက်တွေထဲ တစ်ယောက်ထဲနေရတာတွေ၊ အထီးကျန်ခဲ့ရတဲ့ရက်တွေ၊ ကိုယ့်ကိုယ်ကို သနားရတဲ့ရက်တွေအရမ်းများပေမဲ့ ဟောက်ရန်ဆိုတဲ့ အဲ့ဒီလူကိုမေ့ပြစ်လို့မရခဲ့ဘူး။ အခုထွက်သွားရတော့မဲ့အချိန်လေးမှ ဟောက်ရန်ဆီက ချစ်တယ်လို့မကြားရသေးပေမဲ့ သဘောကျတယ်လို့ ကြားရတာနဲ့တင် လုံလောက်ပါပြီ။
" သခင်လေး..."
" အင်း ထား၊ထားလိုက် သူအိပ်ပျော်နေတယ်။ ကျွမ်းမျိုးရိုး ရှယ်ယာဈေးတွေကမောက်ကမ ဖြစ်အောင်လုပ်သွားတဲ့ ကုမ္ပဏီ၊ ကျွမ်း....ဟက် ကျွမ်းချင်းချင်းလား "
အတွင်းရေးမှူး ကလင်းယဲ့အတွက် ဝယ်လာတဲ့အစားစာကို စားပွဲပေါ်တင်ပေးလိုက်သည်။
" ဟုတ်ပါတယ် သခင်လေး ကျွန်တော်စုံးစမ်းရတာကတော့ ကျွမ်းချင်းချင်း သူကလွန်ခဲ့တဲ့သုံးနှစ်က စင်ကာပူကိုထွက်သွားခဲ့တာ။ နိုင်ငံခြားမှာသူ့အဖေရဲ့ ကုမ္ပဏီလုပ်ငန်းကို ဆက်ခံခဲ့တယ်။ နောက်တပတ်က သူတရုတ်ကိုပြန်ရောက်တယ်တဲ့။ "
ဟောက်ရန် laptop ကိုပိတ်လိုက်ပြီးနောက် စားစရာထုတ်ကိုယူလိုက်တယ်။ ထို့နောက်ထရပ်လိုက်ပြီးနောက် အတွင်းရေးမှူးဘက်ကို လျှောက်လာခဲ့ပြီး လောကတစ်ခုလုံး သူ့လုပ်စာထိုင်စားနေတဲ့ ရုပ်လုပ်လိုက်ကာ
" ဟက် ချန်ကန်း ငါတို့ကိုတိုက်ခိုက်တာထပ် ဆယ်ဆလောက်ခံရအောင် လုပ်ပေးသင့်တယ်မဟုတ်လား။ "
"ဟုတ်ကဲ့ သခင်လေး "
ဟောက်ရန်ကချန်ကန်းကို တာဝန်ပေးခဲ့ပြီး လင်းယဲ့ရှိတဲ့အခန်းကို ဝင်လာခဲ့တယ်။ နာရီကိုကြည့်တော့ နောက်တစ်နာရီကျရင်ထမင်းစားချိန်ရောက်တော့မှာ လက်ထဲကဟမ်ဘာကာ ထုတ်ကိုပြန်ကြည့်လိုက်သည်။
" ဟောက်........ရန် ......... "
အိပ်ရာဘက်က သူ့နာမည်ခေါ်သံကြားတော့ လှည့်ကြည့်လိုက်သည်။ အိပ်နေရင်းနဲ့ယောင်ပြီး အော်ခေါ်နေတဲ့ လင်းယဲ့လေးကြောင့် နဘေးကိုလျှောက်သွားလိုက်သည်။ အနည်းငယ်ပြည့်ဖောင်းသလို့ဖြစ်နေတဲ့ ပါးနီနီလေးကိုကြည့်ရင်းမနေနိုင်စွာ ပွတ်သက်လိုက်တယ်။ ဒီအထိအတွေ့ကြောင့်လားမသိ အိပ်နေရင်းလင်းယဲ့လေး နှုတ်ခမ်းတွေစူထွက်လာပြီး အင်းအဲ ညီးလိုက်ပြီးပြန်အိပ်ပျော်သွားသည်
YOU ARE READING
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...