ဘယ်က ကလေးကိုပြောနေတာလဲ...ဘာလို့ဖေဖေလဲ?

56.2K 4.3K 83
                                    

Chapter - 22
|| Zawgyi ||

ဂဏန်းဟင်းလေးနဲ့ အသင့်စားခေါက်ဆွဲဘူးတွေ ဝယ်ပြီးအိမ်လမ်းလေးအတိုင်းလျှောက်လာခဲ့တယ်။ လင်းယဲ့ အိမ်ကနည်းနည်းဝေးပေမဲ့ ညနက်နေပြီမို့ လိုင်းကားမရှိတော့ဘူး။ မြေအောက်ရထားနဲ့သွားဖို့လောက်လည်း မဝေးပြန်ဘူးလေ။ ဒါကြောင့်လမ်းဘဲ့လျှောက်လာတာပေါ့။ နောက်ထပ်အကြောင်းပြချက်အကြီးကြီးကတော့ အလုပ်မရှိတော့လို့ ငွေကိုပိုချွေတာရတော့မှာလေ။ ဒါကြောင့် တစ်ချို့တက္ကစီသမားတွေ လမ်းမှာဖြတ်သွားချိန် တွေ့တာတောင် လင်းယဲ့မငှါးနိုင်ဘူး။

' ဘာပိုက်ဆံမရှိဘူးလဲ ငါကကိုယ်ဝန်သည်။ ကိုယ်ဝန်သည်ဆိုတာ လမ်းလျှောက်ပေးရတယ်တဲ့ ဒါကြောင့်လမ်းလျှောက်ပြန်တာ နေကလည်းဝင်သွားပြီ၊ လူတွေနဲ့လည်းလမ်းမရှုပ်ဘူး၊ ဖုန်တွေလည်းမထူဘူး၊ လေအေးလေးတွေနဲ့ဘယ်လောက်တောင် ကောင်းလိုက်လဲ '

လင်းယဲ့လေးကိုယ့်ဘာသာကိုယ် အားတင်းကာတွေးလိုက်တယ်။ သူအရမ်းစိတ်ဓာတ်ကျနေတာဖြစ်တယ်။ နောက်ထပ်အလုပ်တစ်ခုကို ထပ်ရှာဖို့တွေးလိုက်တယ်။ သူစိတ်တွေတင်းထားပြီး လက်မှာဆွဲထားတဲ့ အထုတ်လေးတွေကို ပိုပြီတင်းကျပ်အောင်ကိုင်ထားမိလိုက်တယ်။ ရင်ထဲကတစ်ခုခုဆို့တင့်နေသလို ခံစားလိုက်ရပြီး မျက်လုံးတွေစပ်လာခဲ့တယ်။

အခက်ခဲတွေဘဲ့ အားလုံးက ငါ့အတွက်အခက်အခဲတွေဘဲ့။ ရှေ့ဆက်ဘာဆက်လုပ်ရမှာလဲ။ ဟောက်ရန်နဲ့လက်ထပ်ပြီးကတည်းက အားလုံးကိုလက်လွှတ်ထားလိုက်ရတာဖြစ်တယ်။ သူ့အလုပ်တွေ၊ လက်ထပ်ပြီးဒါနဲ့ သူ့(ဟောက်ရန်)ကိုစိတ်ချပြီး နောက်ဘဝကိုကူးပြောင်းသွားတဲ့ သူ့(လင်းယဲ့)အမေ၊ အရင်အလုပ်တွေက သူငယ်ချင်းတွေ၊ သူအခုအလုပ်ထွက်လိုက်တဲ့အချိန်မှာ တစ်ချို့သူငယ်ချင်းတွေနဲ့အဆက်အသွယ်ပျက်သွားခဲ့တယ်။ ဘာလို့ဆိုသူတို့က တစ်ခြားအလုပ်တွေကိုပြောင်းသွုားကြတာဖြစ်တယ်။ တစ်ချို့ဆိုအလွန်ဝေးတဲ့ မြို့တွေအထိပါပေါ့။

မျက်လုံးတွေထဲကနေ မသိလိုက်ပါဘဲ အရည်တစ်ချို့ကျဆင်းလာတယ်။ မျက်ရည်တွေကအလွန်ကို ပူပြင်းနေတာဖြစ်တယ်။ အခုအချိန်မှာ လမ်းမှာလူသွားလူလာနည်းတယ်ဆိုတဲ့ အခွင့်အရေးသေးသေးလေးကို ယူပြီးဆောင့်ကြောင်းလေး ထိုင်ချလိုက်ပြီး ဒူးပေါ်လက်နှစ်ကိုပိုက်တင်လိုက်ပြီး ခေါင်းငိုက်စိုက်ချကာ ငိုကြွေးမိတော့တယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now