Chapter - 17
|| Zawgyi ||ဆိုင်ကိုပိတ်ပြီး အတွင်းမှာဘဲ့ စားပွဲခုံတွေကို စုလိုက်ကာစားပွဲအကြီးတစ်လုံးဖြစ်အောင်လုပ်ပြီး ဟော့ပေါ့လုပ်ကာ အသားတွေကင်ကြပြီး ဘီယာသောက်ဖို့ပြင်ဆင်ကြတယ်။ ဆိုင်မှာကလင်းယဲ့ အပါအဝင်အလုပ်သမား လေးယောက်ရှိတယ်။ ဆိုင်ရှင်နဲ့သူ့သားအပါအဝင်ဆို ခြောက်ယောက်ပေါ့။ အားလုံးကအနီးမှာဖွင့်ထားတဲ့ market တစ်ခုကိုစုသွားကြတယ်။ လူခြောက်ယောက်က သီးခြားစီဈေးဝယ်ထွက်ကြတယ်။ ပြောရရင် ဆိုင်ရှင်နဲ့စစ်ရှန်း ကအသားတွေဝယ်ဖို့ တာဝန်ယူတယ်။ တစ်ခြားအလုပ်သမားကောင်မလေးတစ်ယောက်က ဖေးအာနဲ့အတူဟော့ပေါ့မှာထည့်ဖို့ အသီးအရွက်သွားဝယ်ကြပြီး လင်းယဲ့က လန်ရှင်း ဆိုတဲ့ဝန်ထမ်းကောင်လေးနဲ့ ဘီယာဝယ်ဖို့တာဝန်ကျတယ်။
" အိုး...အကိုအချိုရည်ကဘာလိုဝယ်တာလဲ ပြီးတော့ဂတ်စ်မပါတဲ့ အချိုရည် အကိုရှောင်ယဲ့သောက်မလို့လား "
လင်းယဲ့ လက်ထဲကလိမ္မော်ရည်ဘူးလေးကို ကြည့်လိုက်တယ်။ သူဒီလိုအရည်ကို ကိုယ်ဝန်ရှိနေလို့ဆိုတဲ့အသိနဲ့ ယူလိုက်တာမဟုတ်ဘူး။ သူ့ရဲ့မသိစိတ်ကသူ့ကို အချိုရည်ဘဲ့သောက်သင့်တယ်လို့ ပြောနေခဲ့တာ။
" အင်း...အခုတစ်လော အစာအိမ်ကသိပ်မကောင်းလို့ ပြင်းတဲ့အရည်တွေ မသောက်နိုင်ဘူး "
" အော် "
ဒီတိုင်းဘီယာ ခြောက်ပါကင်ကိုဆွဲပြီး လိမ္မော်ရည်တစ်ဘူးနဲ့ဂျင်ဆင်းရည်တစ်ဘူးကိုဝယ်လိုက်တယ်။ သူတို့တွေကရွေးစရာမလိုတာကြောင့် အစောကြီးအပြင်မှာသွားရပ်စောင့်နေလိုက်တယ်။ သူတို့မိနစ်အနည်းငယ်လောက်စောင့်နေပေမဲ့ အထဲကလူတွေထွက်မလာသေးတာကြောင့် လန်ရှင်းကအထုပ်တွေကို လင်းယဲ့နဲ့အတူထားပြီး သွားကြည့်တယ်။ လင်းယဲ့ ဘီယာဘူးခြောက်ပါကင်ကို အချိန်အကြာကြီးမသယ်ထားနိုင်တာကြောင့် မြေပြင်ပေါ်ချပြီး အနားက ပလစတစ်တစ်ယောက်ထိုင်ခုံလေးမှာ ထိုင်လိုက်တယ်။ သူ့ရဲ့စိတ်တွေကတော့ အရမ်းကိုပျံလွင့်နေတယ်။
ငါအကယ်လို့ ကိုယ်ဝန်ရှိနေတယ်လို့ ဟောက်ရန်ကိုပြောရင် အရမ်းအဆိုးဝါးကြီးမပြောလောက်ဘူးမလား။ ဒါမဲ့ဟောက်ရန်နဲ့က ထပ်ပြီးပတ်သက်ဖို့ အချိန်အနည်းငယ်လေးဘဲ့ကျန်ပြီ။ အင်း အခုဆိုတစ်လနဲ့ ရက်နှစ်ဆယ်ရောက်ရင် သုံးနှစ်ပြည့်လို့ကွာရှင်းရတော့မှာ ငါပြောလိုက်သင့်လား...
YOU ARE READING
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...