Chapter - 52
|| Zawgyi ||" Ha ha မင်းကောင်လေးကဖြူဖွေးနေတာပဲ့ ငါတောင်အသဲယားလာပြီ "
လင်းယဲ့လေးဖန်ခွက်ကို ကိုင်ထားတဲ့လက်တွေ တုန်ရီလာရသည်။ သူတို့ကလပ်မှာက ဟောက်ရန်သူငယ်ချင်းတွေအများကြီးပဲ့ ဘာတဲ့ကျောင်းသားဟောင်းများ တွေ့ဆုံပွဲတဲ့လား။ အဲ့ကျောင်းသားဟောင်းတွေက ငါ့ကိုစားမတတ်ကြည့်နေကြတယ်။
ဟောက်ရန် ခင်ဗျားနေနိုင်တယ်။
လင်းယဲ့ ကြောက်ရွံစွာအကူအညီအတောင်းသလို ခဏခဏဟောက်ရန်ကိုကြည့်ပေမဲ့ သူကတော့တခြားမိန်းကလေးသူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာအရက်သောက်ရင်း စကားပြောနေလေရဲ့။
လင်းယဲ့လေးမနေနိုင်စွာ ထရပ်လိုက်တယ်။ သူကြောက်လှပြီ ဒီလိုနေရာမှာမနေချင်တော့ဘူး။ ဒီနေရာကအရမ်းကြောက်ဖို့ကောင်းတယ်။ ဒီနေရာကလူတိုင်းကလည်း အရမ်းချမ်းသာပြီး ပိုက်ဆံတွေကိုရေလိုသုံးနိုင်တဲ့ သခင်လေးတွေပဲ့။ သူနဲ့တစက်လေးတောင် မတူဘူး။ သူတို့ရဲ့မျက်လုံးတွေထဲမှာ လင်းယဲ့ကအပျော်ကောင်လေး တစ်ယောက်လိုသာတွေးနေမှန်း လင်းယဲ့သိသည်။
" ဘယ်သွားမလို့လဲ "
အနည်းဆုံးတော့ ဟောက်ရန်သူ့ကိုမေးလာတာပဲ့။ လင်းယဲ့ထပ်ပြီးအကူအညီတောင်းသလို ကြည့်တယ်။ ဒါမဲ့အကြည့်စိမ်းစိမ်းတွေသာ ပြန်ရလိုက်သည်။
" ကျွန်တော် သန့်စင်ခန်းခဏသွားမလို့ပါ "
လင်းယဲ့ ပြောရင်းထွက်သွားလိုက်တယ်။ ဟောက်ရန်များသူ့ကိုကြည့်နေမလား ကြည့်လိုက်ပေမဲ့ ဟောက်ရန်ကတခြားချောချောလှလှ မိန်းကလေးတစ်ယောက်ပုခုံးပေါ် လက်တင်ပြီး အရက်သောက်ရင်းကောင်မလေးနဲ့ စကားပြောနေတာကိုသာ တွေ့လိုက်ရတယ်။
( " < ဒါကအသံထွက်တာကိုပါ။ ** < ဒါကတော့စိတ်ထဲကပါ)
" ဟင့် "
** လင်းယဲ့ မင်းမငိုရဘူး။ သီးခံထား တစ်နေ့တော့ငါ့ကိုသဘောကျလာမှာပါ **
"ဟာ့...ရွှတ် "
** ဒီမှာမနေချင်ဘူး...ဟောက်ရန် ဘာလိုနားမလည်ပေးတာလဲ ကျွန်တော့်ကိုအဲ့လောက်တောင် အထင်သေးတာလား ကျွန်တော် ကျွန်တော်ဘယ်လိုနေမှ သဘောကျလာမှာလဲဗျာ....**
DU LIEST GERADE
မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)
Fantasy|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' blပါ.... # ကျွင်းဟောက်ရန်၊ပိုင်လင်းယဲ့ # Writer - Saung (D.W) 💙💙💙💙💙💙💙💙💙💙💙 မမျှော်လင့်ထားသေ...