အပိုင်း( ၁၄ )

4.9K 329 1
                                    



အပိုင်း ( ၁၄ )
ဟိုတယ်၏ ရေကူးကန်၌ ဖြစ်သည်။ လူသူကင်းရှင်းနေ၏။ ဧည့်သည်များလည်း ရေကန်၌ မရှိပေ။ ရေတို့သည် ပြာလဲ့သောအရောင်အဆင်းရှိပြီး နေရောင်ဖျော့ဖျော့ဖြာကျနေသည်။ ရေကူးကန်ဘေးရှိ ဝှီးချဲပေါ်၌ မှူးထိုင်နေသည်။ မှူးလက်ထဲ၌ ဆေးတစ်ချို့နှင့် ရေတစ်ဝက်ထည့်ထားသောဖန်ခွက်ကို ကိုင်ထားသည်။ သူနာပြုတစ်ဦးမှာ မှူးဘေးတွင် ရပ်နေ၏။ မှူး အရွယ်စုံ အရောင်စုံဆေးလုံးများကို ပါးစပ်ထဲထည့်ကာ ရေဖြင့် မျိုချလိုက်သည်။ သူနာပြုသည် ဖန်ခွက်ပြန်ယူ၍ ထွက်သွားသည်။ သူငယ်ချင်းယမင်းဖြူက ပူတူးလေးကို ချီလျက် မှူးဆီသို့ လာနေ၏။ လမ်း၌ ဟိုတယ်ဝန်ထမ်းကောင်လေးကို ကလေးချီခိုင်းနေသဖြင့် မှူးပြုံးလိုက်သည်။ ပြီးတော့ မှူးဘေးရှိ ခုံတွင် လာထိုင်၏။
"ဘယ်လိုဖြစ်ရတာလဲမှူးရယ်၊ နင်ကတော့ လုပ်လိုက်ရင် ဆိုင်းမဆင့်ဘုံမဆင့်နဲ့ဟယ်”
"ငါ နိုင်ငံခြားမှာ ဆေးသွားကုဖို့အရေး ဗုံတွေဆိုင်းတွေ ထတီးလို့ လူတကာသိအောင်  ကြောငြာစာကပ်နေရဦးမှာလား၊ ဒီနိုင်ငံထက်စာရင် ဟိုမှာ ပိုထိရောက်နိုင်တယ်လေ၊ ငါ ဒက်ဒီနဲ့ ဆွေးနွေးခဲ့ပြီးပြီ”
"ငါမယုံဘူး၊ နင်က နိုင်ငံခြားကို ဘယ်တုန်းက အထင်ကြီးသွားတာလဲ၊ နင် ငါတို့ကို ခံစားရအောင် တမင်လုပ်ချင်လို့မလား၊ နင် ယုတ်မာလှချည်လားမိမှူးရဲ့”
ယမင်းဖြူက မကျေမနပ်ပြောဆိုနေသဖြင့် မှူးပြုံးနေမိသည်။
"မှူး ဒီလိုမျိုးမလုပ်ပါနဲ့ဟာ၊ နင် နေ့သစ်ကို ခွင့်မလွတ်နိုင်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ကြားထဲက သွင်ရိပ်လေးက ဘာအပြစ်မှမရှိဘူးလေ”
ယမင်း၏စကားမှာ အပြည့်အဝမှန်နေသဖြင့် မှူး ထောက်ခံစွာ ခေါင်းညိတ်မိသည်။
"တကယ်တော့ သွင်ရိပ်က နင့်ကို ဟို...ဟိုလိုမျိုးချစ်နေတာမှူးရဲ့၊ နင်သိရဲ့လား”
မှူး ယမင်းကို လှည့်ကြည့်၍ ပါးချိုင့်ပေါ်သည်အထိ သဘောကျစွာ ပြုံးလိုက်သည်။
"အဲဒီကလေးမလေး ငါ့အပေါ် မရိုးသားဘူးဆိုတာ အစကတည်းက သိသားပဲ၊ အဲဒါကြောင့် နေ့သစ်ကို
လက်စားချေတဲ့ပွဲမှာ လက်နက်အဖြစ် အသုံးပြုခဲ့တာပေါ့''
ယမင်းဖြူက မှူးကို အံ့အားသင့်စွာ ကြည့်နေသည်။
"မှူးရယ် နင်သိသိရက်နဲ့များဟာ၊ တခြားသူရဲ့ခံစားချက်ကို ဘာလို့ အသုံးချရတာလဲ၊ အခု သွင်ရိပ်က ဘယ်လိုလုပ်မလဲ၊ နင် ပြန်မချစ်ပေးနိုင်ရင်တောင် ဒီလိုမျိုးတော့ မထားခဲ့သင့်ဘူးလေ''
မှူး သက်ပြင်းခပ်သဲ့သဲ့ချရင်း အဝေးကို ငေးကြည့်မိသည်။
"အချစ်ဆိုတာ တကယ်ရှိလားယမင်း၊ ငါ တကယ်သိချင်မိတယ်၊ ငါမြင်တွေ့ဖူးတဲ့ ပတ်ဝန်းကျင်မှာတော့ အဲဒီအချစ်ဆိုတာ မတည်မြဲတဲ့အရာတစ်ခုဖြစ်နေတယ်၊ နင်ကတော့ မိဘတွေရဲ့အချစ်ကိုရတယ်၊ ချစ်သူရဲ့အချစ်ကို ရတယ်၊ သစ္စာဖောက်တာလဲ မခံရဖူးတော့ ငါ့ခံစားချက်ကို နားလည်မှာမဟုတ်ပါဘူး၊ တစ်ခါတလေတော့ နင့်ကို အားကျမိတယ်”
မှူး ဝမ်းနည်းလာသဖြင့် စကားခဏရပ်ပြီးမှ ဆက်ပြောမိသည်။
"ငါလဲ အချစ်ခံရချင်တယ်၊ ငါ့ကို ဘယ်သူမှ အကြာကြီးမချစ်နိုင်ကြဘူးလေ၊ နေ့သစ်ပြောခဲ့သလိုပဲ ငါက ကိုယ့်မာနသိက္ခာကိုပဲ ရှေ့တန်းတင်နေလို့ ဘယ်သူမှလဲ ကြာကြာသည်းခံပြီး မချစ်နိုင်ကြဘူး၊ သိပ်ချစ်ပါတယ်ဆိုတဲ့နေ့သစ်ကတောင် ငါ့ကို စွန့်လွတ်ဖို့ ရွေးချယ်ခဲ့တာလေဟာ''
"နင်ကလဲဟယ် နေ့သစ် နင့်ဆီကို ပြန်လာတယ်လေဟာ၊ အဲဒါ သူ နင့်ကိုတကယ်ချစ်လို့ပေါ့”
မှူး အဓိပ္ပါယ်ပါပါပြုံးလိုက်လိုက်သည်။
"သူ ငါ့္ကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့အကြောင်းတရားကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး၊ ငါ သူ့ကို ချစ်လဲမချစ်ချင်တော့သလို မုန်းလဲ မမုန်းချင်တော့ပါဘူး၊ အခုတော့ ငါမရှိတော့ရင် နေ့သစ်နဲ့သွင်ရိပ် ဝမ်းနည်းကြမှာပေါ့၊ ဘယ်လောက်ကြာအောင် ငါ့ကို သတိရနိုင်ပါ့မလဲဟာ၊ ဘယ်အချိန်ထိ ချစ်နိုင်မလဲ”
"ဒါဆိုရင် နင်ကရော ဘယ်သူ့ကို ချစ်တာလဲမှူး၊ နေ့သစ်လား သွင်ရိပ်လား”
"ငါ့ကိုယ်ငါလဲ စမ်းသတ်ရမယ်၊ ငါ နိုင်ငံခြားရောက်ရင် ဘယ်သူ့ကို ပိုသတိရပြီး ရင်ထဲရောက်နေလဲဆိုတာ ငါကိုယ်တိုင် သိချင်မိတယ်”
ယမင်းက မရွှင်ပျစွာ သက်ပြင်းချသည်။
"နင် ဘယ်နိုင်ငံကို သွားမှာလဲ၊ နီးနီးနားနားဘန်ကောက်လား၊ ဘယ်တော့လောက်သွားမှာလဲ”
"ငါဘယ်နိုင်ငံသွားမှာလဲဆိုတာ နင့်ကို ပြောပြမှာ မဟုတ်ဘူး၊ ဒီတစ်ပတ်အတွင်းသွားဖြစ်မှာပေါ့”
“မှူး နင် ငါကို အဆက်အသွယ်တော့ လုပ်မယ်မဟုတ်လား၊ ငါတို့အရင်းနှီးဆုံးသူငယ်ချင်းတွေလေ”
မှူး ပါးလှပ်လှပ်ပြုံးကာ နှုတ်ဆိတ်နေမိသည်။
~
၅နှစ်ခန့်ကြာသော်။
လိပ်ပြာရောင်စုံလေးများသည် ပန်းရနံ့ရှိရာ ခြံတလျှောက် ဝဲကာ လွင့်ကာ နိမ့်လိုက်မြင့်လိုက် ပျံသန်းနေကြသည်။ ဧကအနည်းငယ်ကျယ်ဝန်းသော ခြံထဲ၌ သစ်ခွပန်းစင်လေးများ အကန့်လိုက် စိုက်ပျိုးထားသည်။ သစ်ခွပင်လမ်းကြားလေးမှာ မြေနီဖြစ်ပြီး လူနှစ်ဦးချောင်ချိစွာ ဝင်နိုင်ထွက်နိုင်အောင် ကျယ်ဝန်းသည်။ သစ်ခွပန်းပင်မျိုးစိတ်များစွာ ခွဲစိုက်ထားကာ စုံလင်လှ၏။ မျိုးစိတ်များကို ဝယ်သူcustomerအား ရှင်းပြရင်း ပန်းစင်တလျှောက် သွင်ရိပ် လိုက်ပြနေမိသည်။
"သွင်ရိပ်''
စာရေးမလေးပြည့်ပြည့်က လှမ်းခေါ်လိုက်သဖြင့် သွင်ရိပ်နောက်လှည့်ကြည့်လိုက်သည်။
“ပြည့်ပြည့် ဘာဖြစ်လို့လဲ”
"ဧည့်သည်ရောက်နေလို့သွင်ရိပ်ရဲ့၊ ဒီအန်တီကို ပြည့်ပြည့်ပဲ ဆက်တာဝန်ယူလိုက်မယ်၊ သွင်ရိပ်သွားပါ”
“ဟုတ်ပြီလေ၊ အန်တီ လိုချင်တဲ့ပန်းကို ရွေးလိုက်ပါနော်၊ ဟိုဘက်မှာ နှင်းဆီတွေလဲ ရှိတယ်ရယ်၊ ပြည့်ပြည့်က အကောင်းဆုံးကူညီပေးပါလိမ့်မယ်၊ သွင်ရိပ်ကို ခွင့်ပြုပါဦး''
"ကောင်းပါပြီကွယ်''
သွင်ရိပ် သစ်ခွပန်းတန်းမှ ထွက်ကာ နားနေရာ အိမ်အသေးလေးသို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ လူတစ်ဦးက ကောင်တာအနီးရှိ စားပွဲဝိုင်းတွင် ရေပူကြမ်းထိုင်သောက်နေ၏။ သွင်ရိပ် ပြုံးလိုက်သည်။
"ဧည့်သည်ဆိုတော့ ဘယ်သူများလဲလို့ ပန်းဖောက်သည်ကြီးကိုဇာနည်ဖြစ်နေတာကိုး''
သွင်ရိပ် ပြောပြောဆိုဆို စားပွဲဝိုင်းတွင် ဝင်ထိုင်သည်။
"ကဲ ပြော ဒီတစ်ခေါက်ရော ဘာပန်းယူမှာလဲ၊ ဘယ်လောက်ယူမှာလဲ”
ကိုဇာနည်က သူ့ဆွဲအိတ်ထဲမှ ဖိတ်စာတစ်စောင်ယူထုတ်ပေးလာသည်။
"ဒီတစ်ခေါက်တော့ အလုပ်အကြောင်းမပြောခင် အရင်ပြရမှာရှိတယ်၊ ရော့ ဒါလေးဖတ်ကြည့်''
ဖိတ်စာပေါ်၌ သွင်ရိပ်ချိုဟု ရေးထားသည်။ သွင်ရိပ် ပြုံးကာ ထုတ်ဖတ်ကြည့်လိုက်သည်။
"ဝါကျွတ်သွားရင် မင်္ဂလာဖိတ်စာတွေလာတော့မယ်လို့ နမိတ်ရသား၊ ကိုဇာနည်က စျေးဦးဖောက်တာပဲ၊ ကောင်မလေးမရှိဘူးထင်နေတာ၊ တကယ်လျှိုထားတယ်နော်”
ကိုဇာနည်က ရှက်ရယ်ရယ်နေသည်။
"ဒီတစ်ခါတော့ သူများမင်္ဂလာပွဲမှာ ပန်းအလှမဆင်တော့ဘူး၊ ကိုယ့်မင်္ဂလာပွဲမှာ ကိုယ်ဆင်တော့မလို့
သွင်ရိပ်ကို ဖိတ်တာ၊ ဖြစ်အောင်လာရမယ်နော်''
"ဟုတ်ပါပြီရှင်၊ လာရမှာပေါ့ ဒီလူဒီလူပဲဥစ္စာ”
"ကိုဇာနည့်ကောင်မလေးက နှင်းဆီအဖြူကြိုက်တာဆိုတော့ နှင်းဆီပန်းအဖြူပိုသုံးမယ်စိတ်ကူးထားတယ်၊ သစ်ခွလေးလဲ နည်းနည်းသုံးမယ်”
"ရတယ်လေ၊ နှင်းဆီအဖြူလေးတွေရှိတယ်၊ အပွင့်လှလှတွေပဲ ရှယ်ရွေးပေးမယ်၊ သစ်ခွကတော့ အမျိုးအစားစုံတော့ ဘာလိုသုံးမလဲ အခု ကိုဇာနည်ကြည့်သွားလိုက်လေ၊ hotelလိပ်စာနဲ့ လိုသလောက်သာစာရင်းပေးခဲ့ မင်္ဂလာပွဲနေ့အချိန်မီပို့ပေးပါ့မယ်၊ စိတ်ချပါ''
“ညနေကျမှ သတို့သမီးလောင်းကိုပါခေါ်ပြီး ထပ်လာကြည့်မယ်သွင်ရိပ်၊ အခုတော့ ဖိတ်စာလိုက်ဖိတ်ရမှာလေးတွေ ရှိသေးလို့’’
“ညနေ သွင်ရိပ်ရှိတယ်၊ လာခဲ့ကြလေ”
ကိုဇာနည်က နှုတ်ဆက်ကာ ပြန်သွားတော့ သွင်ရိပ် လက်ပတ်နာရီကြည့်လိုက်သည်။
"ထမင်းစားချိန်ရောက်နေပြီပဲ၊ ပြည့်ပြည့်ရေ ခဏလာပါဦး”
ပြည့်ပြည့်က ပန်းစာရင်းများ လိုက်မှတ်နေရင်း စာရင်းစာအုပ်ကိုင်၍ အနားသို့ အပြေးရောက်လာလေသည်။
"သွင်ရိပ် ဘာခိုင်းစရာရှိလို့လဲ”
"ထမင်းစားနားချိန်ရောက်နေပြီ၊ နားကြတော့လေ၊ နေ့စားအလုပ်သမားတွေကိုလဲ ပြောလိုက်ပါ၊ သွင်ရိပ် အိမ်ခဏပြန်ဦးမယ်၊ နှစ်နာရီလောက်မှ ပြန်လာခဲ့မယ်၊ ပြည့်ပြည့်အဆင်ပြေတယ်မလား”
"ဟုတ်၊ ပြည့်ဦးစီးလိုက်ပါမယ်၊ သွင်ရိပ် အိမ်ကို စိတ်ချလက်ချပြန်ပါနော်''
သွင်ရိပ် ခေါင်းညိတ်ကာ ပိုက်ဆံအိတ်နှင့်ကားသော့ယူ၍ သစ်ခွခြံထဲမှ ကားဖြင့် မောင်းထွက်လာသည်။ အရှိန်နှုန်းမှာ ပုံမှန်လေးအတိုင်း သွားနေ၏။ ကိုကို့ကျေးဇူးကြောင့် သွင်ရိပ် ကားသေချာမောင်းတတ်ခဲ့ပြီ။
ဖုန်းဝင်လာသဖြင့် ကားအရှိန်လျှော့၍ ဖုန်းထုတ်ကြည့်လိုက်သည်။ contact၌ မှတ်ထားသည့် နာမည် ကြည့်ပြီး သွင်ရိပ်ပြုံးလိုက်သည်။
"Helloမေမေ''
"....''
"ဟုတ်၊ သွင်ရိပ် အခုပြန်လာနေပါပြီနော်၊ လမ်းမှာ ကားမောင်းနေတာ”
မီးပွိုင့်နီနေသဖြင့် သွင်ရိပ်ကားရပ်ကာ ဖုန်းဆက်ပြောနေမိသည်။ ဖုန်းပြောနေရင်း ဘေးမှ ကားကို အကြည့်ရောက်သွားလေသည်။ ကားမှန်ချထားသဖြင့် တစ်ဖက်ကားတွင် ထိုင်နေသောမိန်းကလေး၏ဘေးစောင်းမျက်နှာအနေအထားကို တွေ့လိုက်ရသည်။ သွင်ရိပ် လက်မှ ဖုန်းလွတ်ချမိသွားသည်။
"မမမှူး”
သွင်ရိပ် အံ့သြတကြီးငေးကြည့်နေစဥ် မီးပွိုင့်စိမ်းသွားသဖြင့် ထိုကားမောင်းထွက်သွားလေသည်။ သွင်ရိပ် ထိုကားနောက်သို့ အရှိန်တင်မောင်းလိုက်မိသည်။
ငါးနှစ်လုံး နေ့စဉ်ရက်ဆက် သွင်ရိပ်တောင်းတနေမိသောတစ်ဦးတည်းသောသူ။ မမကို လွမ်းလွန်း၍  ရူးမတတ်ဖြစ်နေခဲ့ကြောင်း မိမိကိုယ်၌ အသိဆုံး။ မြင်ကွင်းထဲမှ ပျောက်သွားမည်စိုး၍ အကြည့်မခွာဘဲ ထပ်ကြပ်မခွာလိုက်နေမိသည်။ ထိုအနက်ရောင်ကားမှာ hotelထဲသို့ မောင်းဝင်သွား၏။ သွင်ရိပ် hotelထဲ မောင်းဝင်သွားချိန် ထိုအနက်ရောင်ကားမှာ တက္ကစီကားမို့ ပြန်လည်မောင်းထွက်သွားသည်။ တက္ကစီကား၌ မမမှူးပြန်မပါသွားပေ။ သွင်ရိပ် ကားရပ်၍ ကားပေါ်မှ ဆင်းလိုက်တော့ လုံခြုံရေးအစောင့်ကာ တားသည်။
"ဒီမှာ ကားရပ်လို့မရပါဘူး၊ ဟိုဘက်မှာ သွားရပ်ပေးပါ''
"မဟုတ်ဘူး၊ ခဏလေးပါပဲ”
"ခဏလဲ မရပါဘူး၊ ဟိုဘက်မှာ ပါကင်ထိုးပေးပါ''
အတင်းတားနေသဖြင့် မတတ်သာဘဲ ကားပေါ်ပြန်တက်ကာ ကားရပ်သည့်နေရာ၌ ပါကင်အမြန်ထိုးလိုက်သည်။ ကားပေါ်မှ ပြေးဆင်းကာ hotelထဲသို့ ပြေးဝင်လာခဲ့သည်။ Reception သို့ သွားကာ ဝန်ထမ်းအစ်မနှစ်ယောက်ကို အလောတကြီးမေးလိုက်သည်။
"ခုနက ဆံပင်ရှည်ရှည်နဲ့ ခပ်ချောချောမိန်းကလေးတစ်ယောက် ဒီhotelထဲကို ဝင်လာတယ်မို့လား၊ သူက ဒီ hotelမှာ တည်းတာလား၊ ဘယ်အခန်းမှာလဲ၊ ညီမကို ပြောပြပေးပါလား”
ဝန်ထမ်းအစ်မနှစ်ဦးမှာ နားမလည်ပုံဖြင့် တစ်ဦးမျက်နှာတစ်ဦး ကြည့်နေသည်။
"ဘယ်သူမှဝင်မလာပါဘူးညီမရဲ့၊ ဟဲ့နင်ရော တွေ့လား”
"အင်း၊ ဘယ်သူမှမတွေ့ပါဘူး''
သွင်ရိပ် အံ့သြသွားမိသည်။ ဝန်ထမ်းအစ်မနှစ်ဦးမှာ ကြိုတင်တိုင်ပင်ထားသလိုမျိုး သွင်ရိပ်ကို ဗြောင်လိမ်နေကြသည်။
"ဒါဆို ဒီhotelမှာ တေးယစ်မှူးနာမည်နဲ့ ဧည့်သည်များရှိလားဟင်၊ တစ်ချက်လောက်စစ်ကြည့်ပေးပါလား၊ ညီမအတွက် အရမ်းအရေးကြီးနေလို့ပါ''
"အင်း၊ စစ်ကြည့်ပေးပါ့မယ်''
ဝန်ထမ်းအစ်မနှစ်ဦး ဖိုင်ဖွင့်ကာ စာရင်းစစ်ကြည့်နေစဥ် သွင်ရိပ် အနားပတ်ဝန်းကျင်ကို လိုက်ကြည့်နေမိသည်။ မမမှူး၏အရိပ်အယောင်မျှမတွေ့ရသဖြင့် receptionရှိ အစ်မနှစ်ဦးကိုပဲ အားကိုးတကြီးကြည့်မိသည်။
"မရှိဘူးညီမလေး၊ အစ်မတို့ ဒီhotelမှာ အလုပ်စဝင်ကတည်းက အဲဒီနာမည်မျိုးဧည့်သည်လက်မခံဖူးသေးပါဘူး''
သွင်ရိပ်မငိုမိအောင်ထိန်း၍ ဝန်ထမ်းအစ်မနှစ်ဦးကို ကျေးဇူးတင်စကားပြောကာ နှေးတုံ့သောခြေလှမ်းတို့ဖြင့် hotelထဲမှ ထွက်လာသည်။
ဒီနှစ်များ၌ မမမှူးကို အမြဲလိုလိုရှာဖွေမိသည်။ နိုင်ငံခြားသွားကြောင်းပြောသော်လည်း ဘယ်နိုင်ငံ၌ ဆေးကုနေလဲဟု မည်သူမှမသိကြပေ။ ဘယ်နေရာ၌ ဘာတွေလုပ်ကာ ဘယ်လိုနေလဲဟု သိချင်သည်။ မမအဆင်မှပြေရဲ့လားတွေးမိတိုင်း ညဘက်အိပ်မပျော်နိုင်ခဲ့ပါ။
သွင်ရိပ် အိမ်ပြန်ရောက်တော့ ကားကို ဆင်ဝင်အောက်ထိုးရပ်ကာ ခြံတံခါးပိတ်ရန်
ခြံတံခါးဆီသို့ ခပ်သုတ်သုတ်ပြန်လျှောက်လာခဲ့သည်။ ခြံတံခါးသေချာပိတ်ပြီးမှ အိမ်ထဲဝင်လာသည်။ မေမေဒေါ်မြင့်မာချိုက မီးဖိုချောင်ထဲမှ ထွက်လာသည်။
"မေမေ ထမင်းပွဲအဆင်သင့်ပြင်ပြီး စောင့်နေတာ၊ တစ်ခါတည်း ဝင်စားလိုက်”
သွင်ရိပ်ပြုံး၍ မမလက်ကို တွဲကာ ထမင်းစားပွဲဝိုင်း၌ ဝင်ထိုင်လိုက်သည်။
"မမရတီကရောမေမေ''
မေမေက မျက်နှာအနည်းငယ်ပျက်သွားပြီးမှ မသက်သာစွာ ပြန်ပြုံးသည်။
"သူ့အဖေကို ထောင်ဝင်စာသွားတွေ့မယ်ပြောပြီး မနက်ကတည်းက ထွက်သွားတာပဲသမီးရယ်”
သွင်ရိပ် မေမေ့ကို အားနာစွာ ကြည့်မိသည်။
"စိတ်မကောင်းဖြစ်နေလားဟင်၊ သွင်ရိပ်လဲ ဘာမှမကူညီပေးနိုင်လို့ တောင်းပန်ပါတယ်နော်မေမေ''
"သွင်ရိပ်က မေမေ့အကြွေးတွေ အများကြီးဆပ်ပေးနေရတာပဲ၊ မေမေကတောင် အားနာနေတာပါ''
"အားနာဖို့မလိုပါဘူး၊ သွင်ရိပ်က မေမေ့သမီးပါ၊ သွင်ရိပ်ကို သမီးအဖြစ် လက်ခံပေးတာနဲ့တင် ပျော်နေမိတာပါ၊ ကျေးဇူးလဲ တင်တယ်၊ မေမေ့ကိုလဲ ချစ်တယ်”
မေမေက ဘာမှပြန်မပြောသဖြင့် သွင်ရိပ်သက်ပြင်းချ၍ မေမေ့ပန်းကန်ထဲသို့ ဟင်းများ ဦးဦးဖျားဖျား ခပ်ထည့်ပေးလိုက်သည်။
မမမှူး ထွက်သွားပြီးနောက် သွင်ရိပ်တို့အိမ်၌လည်း မိသားစုပြဿနာအများကြီးဖြစ်ခဲ့သည်။ အဘွားဆုံးသွားတော့ ဒေါ်လေးခင်မေတို့သည် မေမေတို့နေသောအိမ်မှာ မောင်နှမအားလုံးပိုင်သည့် အမွေဆိုင်အိမ်ဆိုကာ အမွေခွဲရန် ရောက်လာကြသည်။ မေမေက မိဘဘိုးဘွားခေါင်းချထားသည့်အိမ်မို့
မရောင်းနိုင်သဖြင့် ရှေ့နေခေါ်ပြီး ရှင်းရသည်အထိ ပြဿနာများတက်ကြသည်။ နောက်တော့ မေမေက အမွေဆိုင်အိမ်ကြီးကို မရောင်းချင်သဖြင့် ရသင့်သောဝေစုများကို အမ်းပေးရန် သဘောတူညီမှုယူခဲ့သည်။ ၎င်းကိစ္စဆုံးဖြတ်ပြီးမကြာမီ မေမေ့ယောင်္ကျားဦးမျိုးနိုင်သည် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုဖြင့် ရဲအဖမ်းခံရသည်။ မေမေက ရှိသမျှအကုန်ထုတ်ရောင်း ဘဏ်၌ ပိုက်ဆံချေးပြီး ဒေါ်လေးခင်မေတို့ကို ပေးခဲ့သည်။ ဦးမျိုးနိုင်အတွက် ရှေ့နေဌား ရဲများကို လာဘ်ထိုးရသည်နှင့် ငွေအတော်ကုန်ခဲ့သည်။ အစ်ကိုကြီးဆုံးသားဖြစ်တဲ့ကိုကြီးထက်နောင်က အတတ်နိုင်ဆုံးကူညီပေးသည့်အပြင် ရမည့်ဝေစုလည်း အမွေမယူခဲ့ပေ။ ကိုကြီးက သွင်ရိပ်ကို စိတ်မလေဘဲ အလုပ်တစ်ခုစနိုင်ရန် သေချာမေးတော့ သွင်ရိပ်က စီးပွားဖြစ် ပန်းစိုက်ချင်ကြောင်း ပြောခဲ့သည်။ ကိုကြီးက သစ်ခွခြံအသေးလေးတစ်ခြံဝယ်ပေးခဲ့သည်။ သစ်ခွခြံကို သွင်ရိပ်ကြိုးစားလုပ်ကိုင်ရင်း ကံစပ်တယ်ဆိုရမည်။ ငါးနှစ်အတွင်း၌ အထိုက်အလျောက်တိုးတက်ပြီး ယခုဆို အမြတ်များလည်းညအများကြီး ကျန်သည်။ သစ်ခွခြံဆိုသော်လည်း နှင်းဆီအချို့ကို အရံစိုက်ပျိုးထားသေးသည်။ ဤဝင်ငွေလေးဖြင့် မေမေဝန်ပေါ့အောင် နည်းနည်းချင်းစီ ဘဏ်ကို အကြွေးပြန်ဆပ်ပေးနိုင်ခဲ့သလို ကိုကြီးထက်နောင်ကိုလည်း စုထားသည့်ထဲမှ ခြံဖိုး ဖဲ့ဆပ်ခဲ့သည်။ ကိုကြီးထက်နောင်က ငွေပြန်ပေးစရာမလိုဟု ငြင်းသော်ငြားလည်း သွင်ရိပ်အားနာမိ၍ ကာလပေါက်စျေးအတိုင်း မဝယ်နိုင်သည့်တိုင် သစ်ခွခြံလေးကို အပိုင်လိုချင်မိတော့ မယမင်းကို ပိုက်ဆံနည်းနည်းချင်းပြန်ပေးသည်။ မေမေနှင့်မမရတီကလည်း သွင်ရိပ်ကို လက်ခံပေးလာသည်မို့ အဆိုးထဲမှ အကောင်းဆိုရမည်။
~
"ချလတ်...ချလတ်''
ရိုက်လိုက်သည့်ဓာတ်ပုံများကို ပြန်ကြည့်၍ သတို့သားနှင့်သတို့သမီးကို နေ့သစ်လက်မထောင်ပြလိုက်သည်။ သတို့သားနှင့်သတို့သမီးက မင်္ဂလာပွဲလာသည့်ဧည်သည်များကို ဆက်ဧည့်ခံနေ၏။ နေ့သစ် ကလေးတစ်ဦးထိုင်နေေသာ စားပွဲတွင် ဝင်ထိုင်ကာ ရေခဲမုန့်ခွက်ယူခပ်စားနေမိသည်။ မနက်ကတည်းမှ ကော်ဖီတစ်ခွက်သာသောက်ရသေး၏။ ဗိုက်အလွန်ဆာနေသဖြင့် ကိတ်မုန့်ကို ခက်ရင်းဖြင့် ထိုးစားနေမိသည်။ ရေခဲမုန့်ခွက် လိုက်ပွဲယူလိုက်တော့ တစ်ဝိုင်းတည်းထိုင်နေသောကလေးက နေ့သစ်ကို ပြူးကြည့်နေလေသည်။
"မင်းကလဲ ဗိုက်ဆာလို့ပါကွာ၊ ရော့ မင်းလဲစား’’
ကလေးအား ရေခဲမုန့်နောက်တစ်ခွက်ယူပေးလိုက်တော့ ကလေးက ရယ်ပြနေသည်။ နေ့သစ် လက်ဖွဲ့လက်ခံသည့်အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ သွင်ရိပ်က မင်္ဂလာလက်ဖွဲ့ပစ္စည်းပေးရင်း စာရင်းရေးသောမိန်းကလေးနှစ်ဦးနှင့် စကားပြောနေသည်။ ဒူးအတိဂါဝန်အပြာနုလေးဝတ်ထား၏။ ကြိုးတစ်ချောင်းဂါဝန်မို့ သွင်ရိပ်၏ဖွေးဥဥအသားရေမှာ ပိုထင်းနေသည်။ နှစ်ဆယ့်သုံးနှစ်ထဲဝင်လာသည့်တိုင် သွင်ရိပ်မှာ အရင်လို ကလေးဆန်ကာ ချစ်စရာကောင်းနေဆဲ။ တောသူမ မနူးမနှပ်လေးမဟုတ်တော့ဘဲ ပြင်တတ်ဆင်တတ်ကာ မြို့သူအပျိုချောလေးဖြစ်နေလေပြီ။ ခန်းမထဲသို့ အူတူတူလေးဝင်လာပြီး ထိုင်စရာနေရာရှာနေသဖြင့် နေ့သစ်လက်လှမ်းပြလိုက်သည်။ သွင်ရိပ်က ဝမ်းသာအားရ လျှောက်လာကာ နေ့သစ်ဘေးရှိ ခုံတွင် ဝင်ထိုင်၏။
"ကိုကို့ကို တွေ့ရတာ သိပ်ဝမ်းသာတာပဲ၊ သွင်ရိပ်မှာလေ ဖိတ်စာရလို့ လာသာလာရတယ်၊ အသိမရှိဘဲ
အူကြောင်ကြောင်ဖြစ်နေတာသိလား”
နေ့သစ် ဟားတိုက်ရယ်မောမိသည်။ မည်သို့ပင် လှလှပပလေးဝတ်စားထားစေမူ သွင်ရိပ်က အရင်လို အူတူတူလေးဖြစ်နေဆဲ။ အကြောက်လွန်သည်။ မျက်လုံးက မမြင်ဖူးသလို အကုန်လျှောက်ကြည့်နေ၏။
“ဟုတ်ပါပြီဗျာ၊ သွင်ရိပ်က သတို့သမီးနဲ့ သိတာလား’’
“သတို့သားနဲ့သိတာကိုကိုရဲ့၊ ကိုဇာနည်က ပန်းအလှဆင်သူမဟုတ်လား၊ သူ ပွဲတွေလုပ်လို့ ပန်းလိုတိုင်း သွင်ရိပ်တို့ ခြံမှာ အမြဲဝယ်လေ့ရှိတယ်၊ ပန်းဖောက်သည်ကြီးပေါ့”
နေ့သစ်ပြုံး၍ မင်္ဂလာစင်မြင့်မှ ပန်းများကို လှည့်ကြည့်လိုက်သည်။
"ဒါဆို ဒီမင်္ဂလာပွဲမှာ အလှဆင်ထားတဲ့နှင်းဆီဖြူနဲ့သစ်ခွအလှလေးတွေက သွင်ရိပ်တို့သစ်ခွခြံကပေါ့၊ ပန်းတွေလှလွန်းလို့ ပွဲလာသူတိုင်း သဘောကျပြီး ချီးကျူးနေကြတာ''
"ဒါပေါ့၊ သွင်ရိပ်ရဲ့အစွမ်းလေ ဟိဟိ”
သွင်ရိပ်က သူ့ကိုယ်သူဂုဏ်ယူသည့်မျက်နှာဖြင့် ပြန်ပြောတော့ နေ့သစ်ရယ်နေမိသည်။ ဒီအချိန်အတွင်း အရွယ်ငယ်ငယ်ဖြင့် ဒီလောက်ဦးစီးဦးဆောင်လုပ်နေတော့ တော်တယ်ဟု သတ်မှတ်ရမည်။ သွင်ရိပ်၏ကြိုးစားမှုကို ဂုဏ်လည်း ယူသည်။
မင်္ဂလာမောင်နှံနှစ်ဦးက နေ့သစ်တို့စားပွဲရောက်လာပြီး သွင်ရိပ်ကို လာနှုတ်ဆက်ဧည့်ခံကြသည်။ သွင်ရိပ်က ကြွက်ကလေးလို အခြားသွားများထက် ပိုကြီးနေသောရှေ့သွားနှစ်ချောင်းပေါ်အောင်ပြုံးလျက် ဂုဏ်ပြုစကားပြောနေသည်။ မင်္ဂလာမောင်နှံက အခြားဧည့်သည်များကို ဆက်ဧည့်ခံနေ၏။
"ကိုကိုတို့မဆုံတာကြာပြီ၊ ဒီနေ့ သွင်ရိပ်ကို မုန့်လိုက်ဝယ်ကျွေးမယ်''
"ကိုကို့မှာ အားတဲ့နေ့ရှိလို့လား၊ ကြော်ငြာကုမ္ပဏီတွေကအစ ကိုကို့ကို အပြိုင်ဆိုင်ဌားနေကြတာ သိပါတယ်နော်၊ အခုလဲ အလုပ်နဲ့ မအားဘူးမို့လား”
သွင်ရိပ်က ရေခဲမုန့်စားရင်း ကလေးပီပီ နှုတ်ခမ်းစူပြောလေသည်။
"မင်္ဂလာပွဲက ပြီးတော့မှာပါ၊ ကျန်တာ ကိုကို့လက်ထောက်နဲ့ လွဲထားခဲ့မယ်၊ သွင်ရိပ်စားပြီးရင် အတူသွားကြမယ်လေ”
သွင်ရိပ်က လက်ခံသည်။ နေ့သစ် သတို့သားကို သွားတွေ့ကာ အကျိုးသင့်အကြောင်းသင့်ရှင်းပြ၍ လက်ထောက်နှင့် လွဲထားခဲ့သည်။ ပြီးတော့ သွင်ရိပ်နှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့သည်။ သွင်ရိပ်က ကားပါကင်၌ ကားထုတ်နေသဖြင့် နေ့သစ်လက်ပိုက်ကာ ပြုံးကြည့်မိသည်။
"သွင်ရိပ်က ကားနဲ့ လာတယ်ပေါ့၊ အထင်ကြီးမိသွားပြီဗျာ၊ ကိုကို့ကားတော့ ဒီမှာပဲ ထားခဲ့မယ်၊ မုန့်စားပြီးရင် သွင်ရိပ်ကားနဲ့ ပြန်လာပို့ပေးရမှာနော်”
"ကိုကိုကလဲ နောက်နေသေးတယ်၊ မမရတီကားမှန်းသိရက်နဲ့ သွင်ရိပ်က ကားဝယ်စီးနိုင်တဲ့အထိ ပိုက်ဆံမရှိသေးပါဘူးနော်”
“သြော်…ကိုကိုဆိုလိုချင်တာက သွင်ရိပ်မြို့ထဲကားမောင်းရဲနေပြီလို့ ဆိုလိုတာပါကွာ၊ ကောင်မလေးတစ်ယောက် အိုးမလုံ အုံပွင့်နဲ့ ကားလိုချင်နေတယ်ထင်ပါရဲ့ဟားဟား”
နေ့သစ်စနောက်လိုက်တော့ သွင်ရိပ်က နှုတ်ခမ်းစူ၍ နေ့သစ်ဘေးတွင် ကားလာရပ်သည်။ မှူးထားခဲ့သည့်နောက်ပိုင်း နေ့သစ်အမှန်မြင်လာခဲ့သည်။ ဟိုအရင်က မှူးစိတ်ဖြင့် ကမူကရူးထိုးမိုက်မဲမိသည်။ သွင်ရိပ်က ရိုးသားဖြူစင်ကြောင်းသိလျက် မှူးကို ချစ်သောစိတ်စိုးမိုးကာ သွင်ရိပ်အပေါ် အပြစ်ပုံချမိသည်။ သွင်ရိပ်က ဘာအပြစ်မှမရှိ။ နေ့သစ်အမြဲနောင်တရနေခဲ့သည်။
နေ့သစ် ကားပေါ်တက်လိုက်တော့ သွင်ရိပ်က ဟိုတယ်ထဲမှ ကားစတင်မောင်းထွက်သည်။ သွင်ရိပ်က လမ်းတစ်ဝက်၌ တုံ့ခနဲ ရပ်လိုက်သဖြင့် နေ့သစ်လှည့်ကြည့်လိုက်သည်။
"ကိုကို သွင်ရိပ်တွေ့လိုက်တယ်၊ ခုနက ဖြတ်မောင်းသွားတဲ့ တက္ကစီကားပေါ်မှာ”
“ဘာတွေ့လို့လဲသွင်ရိပ်၊ ဘာလို့အထိတ်တလန့်ဖြစ်နေတာလဲ”
"မမမှူး''
“ဟင်”
"ဟုတ်တယ်ကိုကို၊ သွင်ရိပ် သေချာတွေ့လိုက်တယ်၊ သွင်ရိပ်အထင် မမရန်ကုန်ပြန်ရောက်နေပြီ၊ ဟုတ်တယ် မမပြန်လာပြီ''
သွင်ရိပ် ဝမ်းသာအားရ အားတက်သရောပြောနေသဖြင့် နေ့သစ် ရင်ထဲ ခံစားချက်အစုံ တာဆူနေတော့သည်။
====
ဆက်ရန်။
#ကြွေ

အပိုင္း ( ၁၄ )
ဟိုတယ္၏ ေရကူးကန္၌ ျဖစ္သည္။ လူသူကင္းရွင္းေန၏။ ဧည့္သည္မ်ားလည္း ေရကန္၌ မရွိေပ။ ေရတို႔သည္ ျပာလဲ့ေသာအေရာင္အဆင္းရွိၿပီး ေနေရာင္ေဖ်ာ့ေဖ်ာ့ျဖာက်ေနသည္။ ေရကူးကန္ေဘးရွိ ဝွီးခ်ဲေပၚ၌ မႉးထိုင္ေနသည္။ မႉးလက္ထဲ၌ ေဆးတစ္ခ်ိဳ႕ႏွင့္ ေရတစ္ဝက္ထည့္ထားေသာဖန္ခြက္ကို ကိုင္ထားသည္။ သူနာျပဳတစ္ဦးမွာ မႉးေဘးတြင္ ရပ္ေန၏။ မႉး အ႐ြယ္စုံ အေရာင္စုံေဆးလုံးမ်ားကို ပါးစပ္ထဲထည့္ကာ ေရျဖင့္ မ်ိဳခ်လိဳက္သည္။ သူနာျပဳသည္ ဖန္ခြက္ျပန္ယူ၍ ထြက္သြားသည္။ သူငယ္ခ်င္းယမင္းျဖဴက ပူတူးေလးကို ခ်ီလ်က္ မႉးဆီသို႔ လာေန၏။ လမ္း၌ ဟိုတယ္ဝန္ထမ္းေကာင္ေလးကို ကေလးခ်ီခိုင္းေနသျဖင့္ မႉးၿပဳံးလိုက္သည္။ ၿပီးေတာ့ မႉးေဘးရွိ ခုံတြင္ လာထိုင္၏။
"ဘယ္လိုျဖစ္ရတာလဲမႉးရယ္၊ နင္ကေတာ့ လုပ္လိုက္ရင္ ဆိုင္းမဆင့္ဘုံမဆင့္နဲ႕ဟယ္”
"ငါ နိုင္ငံျခားမွာ ေဆးသြားကုဖို႔အေရး ဗုံေတြဆိုင္းေတြ ထတီးလို႔ လူတကာသိေအာင္  ေၾကာျငာစာကပ္ေနရဦးမွာလား၊ ဒီနိုင္ငံထက္စာရင္ ဟိုမွာ ပိုထိေရာက္နိုင္တယ္ေလ၊ ငါ ဒက္ဒီနဲ႕ ေဆြးႏြေးခဲ့ၿပီးၿပီ”
"ငါမယုံဘူး၊ နင္က နိုင္ငံျခားကို ဘယ္တုန္းက အထင္ႀကီးသြားတာလဲ၊ နင္ ငါတို႔ကို ခံစားရေအာင္ တမင္လုပ္ခ်င္လို႔မလား၊ နင္ ယုတ္မာလွခ်ည္လားမိမႉးရဲ႕”
ယမင္းျဖဴက မေက်မနပ္ေျပာဆိုေနသျဖင့္ မႉးၿပဳံးေနမိသည္။
"မႉး ဒီလိုမ်ိဳးမလုပ္ပါနဲ႕ဟာ၊ နင္ ေန႕သစ္ကို ခြင့္မလြတ္နိုင္ဘူးဆိုတာ ငါသိပါတယ္၊ ဒါေပမဲ့ ၾကားထဲက သြင္ရိပ္ေလးက ဘာအျပစ္မွမရွိဘူးေလ”
ယမင္း၏စကားမွာ အျပည့္အဝမွန္ေနသျဖင့္ မႉး ေထာက္ခံစြာ ေခါင္းညိတ္မိသည္။
"တကယ္ေတာ့ သြင္ရိပ္က နင့္ကို ဟို...ဟိုလိုမ်ိဳးခ်စ္ေနတာမႉးရဲ႕၊ နင္သိရဲ႕လား”
မႉး ယမင္းကို လွည့္ၾကည့္၍ ပါးခ်ိဳင့္ေပၚသည္အထိ သေဘာက်စြာ ၿပဳံးလိုက္သည္။
"အဲဒီကေလးမေလး ငါ့အေပၚ မရိုးသားဘူးဆိုတာ အစကတည္းက သိသားပဲ၊ အဲဒါေၾကာင့္ ေန႕သစ္ကို
လက္စားေခ်တဲ့ပြဲမွာ လက္နက္အျဖစ္ အသုံးျပဳခဲ့တာေပါ့''
ယမင္းျဖဴက မႉးကို အံ့အားသင့္စြာ ၾကည့္ေနသည္။
"မႉးရယ္ နင္သိသိရက္နဲ႕မ်ားဟာ၊ တျခားသူရဲ႕ခံစားခ်က္ကို ဘာလို႔ အသုံးခ်ရတာလဲ၊ အခု သြင္ရိပ္က ဘယ္လိုလုပ္မလဲ၊ နင္ ျပန္မခ်စ္ေပးနိုင္ရင္ေတာင္ ဒီလိုမ်ိဳးေတာ့ မထားခဲ့သင့္ဘူးေလ''
မႉး သက္ျပင္းခပ္သဲ့သဲ့ခ်ရင္း အေဝးကို ေငးၾကည့္မိသည္။
"အခ်စ္ဆိုတာ တကယ္ရွိလားယမင္း၊ ငါ တကယ္သိခ်င္မိတယ္၊ ငါျမင္ေတြ႕ဖူးတဲ့ ပတ္ဝန္းက်င္မွာေတာ့ အဲဒီအခ်စ္ဆိုတာ မတည္ၿမဲတဲ့အရာတစ္ခုျဖစ္ေနတယ္၊ နင္ကေတာ့ မိဘေတြရဲ႕အခ်စ္ကိုရတယ္၊ ခ်စ္သူရဲ႕အခ်စ္ကို ရတယ္၊ သစၥာေဖာက္တာလဲ မခံရဖူးေတာ့ ငါ့ခံစားခ်က္ကို နားလည္မွာမဟုတ္ပါဘူး၊ တစ္ခါတေလေတာ့ နင့္ကို အားက်မိတယ္”
မႉး ဝမ္းနည္းလာသျဖင့္ စကားခဏရပ္ၿပီးမွ ဆက္ေျပာမိသည္။
"ငါလဲ အခ်စ္ခံရခ်င္တယ္၊ ငါ့ကို ဘယ္သူမွ အၾကာႀကီးမခ်စ္နိုင္ၾကဘူးေလ၊ ေန႕သစ္ေျပာခဲ့သလိုပဲ ငါက ကိုယ့္မာနသိကၡာကိုပဲ ေရွ႕တန္းတင္ေနလို႔ ဘယ္သူမွလဲ ၾကာၾကာသည္းခံၿပီး မခ်စ္နိုင္ၾကဘူး၊ သိပ္ခ်စ္ပါတယ္ဆိုတဲ့ေန႕သစ္ကေတာင္ ငါ့ကို စြန့္လြတ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာေလဟာ''
"နင္ကလဲဟယ္ ေန႕သစ္ နင့္ဆီကို ျပန္လာတယ္ေလဟာ၊ အဲဒါ သူ နင့္ကိုတကယ္ခ်စ္လို႔ေပါ့”
မႉး အဓိပၸါယ္ပါပါၿပဳံးလိုက္လိုက္သည္။
"သူ ငါ့ၠို စြန့္ပစ္ခဲ့တယ္ဆိုတဲ့အေၾကာင္းတရားကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ဘူး၊ ငါ သူ႕ကို ခ်စ္လဲမခ်စ္ခ်င္ေတာ့သလို မုန္းလဲ မမုန္းခ်င္ေတာ့ပါဘူး၊ အခုေတာ့ ငါမရွိေတာ့ရင္ ေန႕သစ္နဲ႕သြင္ရိပ္ ဝမ္းနည္းၾကမွာေပါ့၊ ဘယ္ေလာက္ၾကာေအာင္ ငါ့ကို သတိရနိုင္ပါ့မလဲဟာ၊ ဘယ္အခ်ိန္ထိ ခ်စ္နိုင္မလဲ”
"ဒါဆိုရင္ နင္ကေရာ ဘယ္သူ႕ကို ခ်စ္တာလဲမႉး၊ ေန႕သစ္လား သြင္ရိပ္လား”
"ငါ့ကိုယ္ငါလဲ စမ္းသတ္ရမယ္၊ ငါ နိုင္ငံျခားေရာက္ရင္ ဘယ္သူ႕ကို ပိုသတိရၿပီး ရင္ထဲေရာက္ေနလဲဆိုတာ ငါကိုယ္တိုင္ သိခ်င္မိတယ္”
ယမင္းက မ႐ႊင္ပ်စြာ သက္ျပင္းခ်သည္။
"နင္ ဘယ္နိုင္ငံကို သြားမွာလဲ၊ နီးနီးနားနားဘန္ေကာက္လား၊ ဘယ္ေတာ့ေလာက္သြားမွာလဲ”
"ငါဘယ္နိုင္ငံသြားမွာလဲဆိုတာ နင့္ကို ေျပာျပမွာ မဟုတ္ဘူး၊ ဒီတစ္ပတ္အတြင္းသြားျဖစ္မွာေပါ့”
“မႉး နင္ ငါကို အဆက္အသြယ္ေတာ့ လုပ္မယ္မဟုတ္လား၊ ငါတို႔အရင္းႏွီးဆုံးသူငယ္ခ်င္းေတြေလ”
မႉး ပါးလွပ္လွပ္ၿပဳံးကာ ႏႈတ္ဆိတ္ေနမိသည္။
~
၅ႏွစ္ခန႔္ၾကာေသာ္။
လိပ္ျပာေရာင္စုံေလးမ်ားသည္ ပန္းရနံ႕ရွိရာ ၿခံတေလွ်ာက္ ဝဲကာ လြင့္ကာ နိမ့္လိုက္ျမင့္လိုက္ ပ်ံသန္းေနၾကသည္။ ဧကအနည္းငယ္က်ယ္ဝန္းေသာ ၿခံထဲ၌ သစ္ခြပန္းစင္ေလးမ်ား အကန့္လိုက္ စိုက္ပ်ိဳးထားသည္။ သစ္ခြပင္လမ္းၾကားေလးမွာ ေျမနီျဖစ္ၿပီး လူႏွစ္ဦးေခ်ာင္ခ်ိစြာ ဝင္နိုင္ထြက္နိုင္ေအာင္ က်ယ္ဝန္းသည္။ သစ္ခြပန္းပင္မ်ိဳးစိတ္မ်ားစြာ ခြဲစိုက္ထားကာ စုံလင္လွ၏။ မ်ိဳးစိတ္မ်ားကို ဝယ္သူcustomerအား ရွင္းျပရင္း ပန္းစင္တေလွ်ာက္ သြင္ရိပ္ လိုက္ျပေနမိသည္။
"သြင္ရိပ္''
စာေရးမေလးျပည့္ျပည့္က လွမ္းေခၚလိုက္သျဖင့္ သြင္ရိပ္ေနာက္လွည့္ၾကည့္လိုက္သည္။
“ျပည့္ျပည့္ ဘာျဖစ္လို႔လဲ”
"ဧည့္သည္ေရာက္ေနလို႔သြင္ရိပ္ရဲ႕၊ ဒီအန္တီကို ျပည့္ျပည့္ပဲ ဆက္တာဝန္ယူလိုက္မယ္၊ သြင္ရိပ္သြားပါ”
“ဟုတ္ၿပီေလ၊ အန္တီ လိုခ်င္တဲ့ပန္းကို ေ႐ြးလိုက္ပါေနာ္၊ ဟိုဘက္မွာ ႏွင္းဆီေတြလဲ ရွိတယ္ရယ္၊ ျပည့္ျပည့္က အေကာင္းဆုံးကူညီေပးပါလိမ့္မယ္၊ သြင္ရိပ္ကို ခြင့္ျပဳပါဦး''
"ေကာင္းပါၿပီကြယ္''
သြင္ရိပ္ သစ္ခြပန္းတန္းမွ ထြက္ကာ နားေနရာ အိမ္အေသးေလးသို႔ ခပ္သြက္သြက္ေလွ်ာက္လာခဲ့သည္။ လူတစ္ဦးက ေကာင္တာအနီးရွိ စားပြဲဝိုင္းတြင္ ေရပူၾကမ္းထိုင္ေသာက္ေန၏။ သြင္ရိပ္ ၿပဳံးလိုက္သည္။
"ဧည့္သည္ဆိုေတာ့ ဘယ္သူမ်ားလဲလို႔ ပန္းေဖာက္သည္ႀကီးကိုဇာနည္ျဖစ္ေနတာကိုး''
သြင္ရိပ္ ေျပာေျပာဆိုဆို စားပြဲဝိုင္းတြင္ ဝင္ထိုင္သည္။
"ကဲ ေျပာ ဒီတစ္ေခါက္ေရာ ဘာပန္းယူမွာလဲ၊ ဘယ္ေလာက္ယူမွာလဲ”
ကိုဇာနည္က သူ႕ဆြဲအိတ္ထဲမွ ဖိတ္စာတစ္ေစာင္ယူထုတ္ေပးလာသည္။
"ဒီတစ္ေခါက္ေတာ့ အလုပ္အေၾကာင္းမေျပာခင္ အရင္ျပရမွာရွိတယ္၊ ေရာ့ ဒါေလးဖတ္ၾကည့္''
ဖိတ္စာေပၚ၌ သြင္ရိပ္ခ်ိဳဟု ေရးထားသည္။ သြင္ရိပ္ ၿပဳံးကာ ထုတ္ဖတ္ၾကည့္လိုက္သည္။
"ဝါကြၽတ္သြားရင္ မဂၤလာဖိတ္စာေတြလာေတာ့မယ္လို႔ နမိတ္ရသား၊ ကိုဇာနည္က ေစ်းဦးေဖာက္တာပဲ၊ ေကာင္မေလးမရွိဘူးထင္ေနတာ၊ တကယ္လွ်ိုထားတယ္ေနာ္”
ကိုဇာနည္က ရွက္ရယ္ရယ္ေနသည္။
"ဒီတစ္ခါေတာ့ သူမ်ားမဂၤလာပြဲမွာ ပန္းအလွမဆင္ေတာ့ဘူး၊ ကိုယ့္မဂၤလာပြဲမွာ ကိုယ္ဆင္ေတာ့မလို႔
သြင္ရိပ္ကို ဖိတ္တာ၊ ျဖစ္ေအာင္လာရမယ္ေနာ္''
"ဟုတ္ပါၿပီရွင္၊ လာရမွာေပါ့ ဒီလူဒီလူပဲဥစၥာ”
"ကိုဇာနည့္ေကာင္မေလးက ႏွင္းဆီအျဖဴႀကိဳက္တာဆိုေတာ့ ႏွင္းဆီပန္းအျဖဴပိုသုံးမယ္စိတ္ကူးထားတယ္၊ သစ္ခြေလးလဲ နည္းနည္းသုံးမယ္”
"ရတယ္ေလ၊ ႏွင္းဆီအျဖဴေလးေတြရွိတယ္၊ အပြင့္လွလွေတြပဲ ရွယ္ေ႐ြးေပးမယ္၊ သစ္ခြကေတာ့ အမ်ိဳးအစားစုံေတာ့ ဘာလိုသုံးမလဲ အခု ကိုဇာနည္ၾကည့္သြားလိုက္ေလ၊ hotelလိပ္စာနဲ႕ လိုသေလာက္သာစာရင္းေပးခဲ့ မဂၤလာပြဲေန႕အခ်ိန္မီပို႔ေပးပါ့မယ္၊ စိတ္ခ်ပါ''
“ညေနက်မွ သတို႔သမီးေလာင္းကိုပါေခၚၿပီး ထပ္လာၾကည့္မယ္သြင္ရိပ္၊ အခုေတာ့ ဖိတ္စာလိုက္ဖိတ္ရမွာေလးေတြ ရွိေသးလို႔’’
“ညေန သြင္ရိပ္ရွိတယ္၊ လာခဲ့ၾကေလ”
ကိုဇာနည္က ႏႈတ္ဆက္ကာ ျပန္သြားေတာ့ သြင္ရိပ္ လက္ပတ္နာရီၾကည့္လိုက္သည္။
"ထမင္းစားခ်ိန္ေရာက္ေနၿပီပဲ၊ ျပည့္ျပည့္ေရ ခဏလာပါဦး”
ျပည့္ျပည့္က ပန္းစာရင္းမ်ား လိုက္မွတ္ေနရင္း စာရင္းစာအုပ္ကိုင္၍ အနားသို႔ အေျပးေရာက္လာေလသည္။
"သြင္ရိပ္ ဘာခိုင္းစရာရွိလို႔လဲ”
"ထမင္းစားနားခ်ိန္ေရာက္ေနၿပီ၊ နားၾကေတာ့ေလ၊ ေန႕စားအလုပ္သမားေတြကိုလဲ ေျပာလိုက္ပါ၊ သြင္ရိပ္ အိမ္ခဏျပန္ဦးမယ္၊ ႏွစ္နာရီေလာက္မွ ျပန္လာခဲ့မယ္၊ ျပည့္ျပည့္အဆင္ေျပတယ္မလား”
"ဟုတ္၊ ျပည့္ဦးစီးလိုက္ပါမယ္၊ သြင္ရိပ္ အိမ္ကို စိတ္ခ်လက္ခ်ျပန္ပါေနာ္''
သြင္ရိပ္ ေခါင္းညိတ္ကာ ပိုက္ဆံအိတ္ႏွင့္ကားေသာ့ယူ၍ သစ္ခြၿခံထဲမွ ကားျဖင့္ ေမာင္းထြက္လာသည္။ အရွိန္ႏႈန္းမွာ ပုံမွန္ေလးအတိုင္း သြားေန၏။ ကိုကို႔ေက်းဇူးေၾကာင့္ သြင္ရိပ္ ကားေသခ်ာေမာင္းတတ္ခဲ့ၿပီ။
ဖုန္းဝင္လာသျဖင့္ ကားအရွိန္ေလွ်ာ့၍ ဖုန္းထုတ္ၾကည့္လိုက္သည္။ contact၌ မွတ္ထားသည့္ နာမည္ ၾကည့္ၿပီး သြင္ရိပ္ၿပဳံးလိုက္သည္။
"Helloေမေမ''
"....''
"ဟုတ္၊ သြင္ရိပ္ အခုျပန္လာေနပါၿပီေနာ္၊ လမ္းမွာ ကားေမာင္းေနတာ”
မီးပြိုင့္နီေနသျဖင့္ သြင္ရိပ္ကားရပ္ကာ ဖုန္းဆက္ေျပာေနမိသည္။ ဖုန္းေျပာေနရင္း ေဘးမွ ကားကို အၾကည့္ေရာက္သြားေလသည္။ ကားမွန္ခ်ထားသျဖင့္ တစ္ဖက္ကားတြင္ ထိုင္ေနေသာမိန္းကေလး၏ေဘးေစာင္းမ်က္ႏွာအေနအထားကို ေတြ႕လိုက္ရသည္။ သြင္ရိပ္ လက္မွ ဖုန္းလြတ္ခ်မိသြားသည္။
"မမမႉး”
သြင္ရိပ္ အံ့ၾသတႀကီးေငးၾကည့္ေနစဥ္ မီးပြိုင့္စိမ္းသြားသျဖင့္ ထိုကားေမာင္းထြက္သြားေလသည္။ သြင္ရိပ္ ထိုကားေနာက္သို႔ အရွိန္တင္ေမာင္းလိုက္မိသည္။
ငါးႏွစ္လုံး ေန႕စဥ္ရက္ဆက္ သြင္ရိပ္ေတာင္းတေနမိေသာတစ္ဦးတည္းေသာသူ။ မမကို လြမ္းလြန္း၍  ႐ူးမတတ္ျဖစ္ေနခဲ့ေၾကာင္း မိမိကိုယ္၌ အသိဆုံး။ ျမင္ကြင္းထဲမွ ေပ်ာက္သြားမည္စိုး၍ အၾကည့္မခြာဘဲ ထပ္ၾကပ္မခြာလိုက္ေနမိသည္။ ထိုအနက္ေရာင္ကားမွာ hotelထဲသို႔ ေမာင္းဝင္သြား၏။ သြင္ရိပ္ hotelထဲ ေမာင္းဝင္သြားခ်ိန္ ထိုအနက္ေရာင္ကားမွာ တကၠစီကားမို႔ ျပန္လည္ေမာင္းထြက္သြားသည္။ တကၠစီကား၌ မမမႉးျပန္မပါသြားေပ။ သြင္ရိပ္ ကားရပ္၍ ကားေပၚမွ ဆင္းလိုက္ေတာ့ လုံၿခဳံေရးအေစာင့္ကာ တားသည္။
"ဒီမွာ ကားရပ္လို႔မရပါဘူး၊ ဟိုဘက္မွာ သြားရပ္ေပးပါ''
"မဟုတ္ဘူး၊ ခဏေလးပါပဲ”
"ခဏလဲ မရပါဘူး၊ ဟိုဘက္မွာ ပါကင္ထိုးေပးပါ''
အတင္းတားေနသျဖင့္ မတတ္သာဘဲ ကားေပၚျပန္တက္ကာ ကားရပ္သည့္ေနရာ၌ ပါကင္အျမန္ထိုးလိုက္သည္။ ကားေပၚမွ ေျပးဆင္းကာ hotelထဲသို႔ ေျပးဝင္လာခဲ့သည္။ Reception သို႔ သြားကာ ဝန္ထမ္းအစ္မႏွစ္ေယာက္ကို အေလာတႀကီးေမးလိုက္သည္။
"ခုနက ဆံပင္ရွည္ရွည္နဲ႕ ခပ္ေခ်ာေခ်ာမိန္းကေလးတစ္ေယာက္ ဒီhotelထဲကို ဝင္လာတယ္မို႔လား၊ သူက ဒီ hotelမွာ တည္းတာလား၊ ဘယ္အခန္းမွာလဲ၊ ညီမကို ေျပာျပေပးပါလား”
ဝန္ထမ္းအစ္မႏွစ္ဦးမွာ နားမလည္ပုံျဖင့္ တစ္ဦးမ်က္ႏွာတစ္ဦး ၾကည့္ေနသည္။
"ဘယ္သူမွဝင္မလာပါဘူးညီမရဲ႕၊ ဟဲ့နင္ေရာ ေတြ႕လား”
"အင္း၊ ဘယ္သူမွမေတြ႕ပါဘူး''
သြင္ရိပ္ အံ့ၾသသြားမိသည္။ ဝန္ထမ္းအစ္မႏွစ္ဦးမွာ ႀကိဳတင္တိုင္ပင္ထားသလိုမ်ိဳး သြင္ရိပ္ကို ေျဗာင္လိမ္ေနၾကသည္။
"ဒါဆို ဒီhotelမွာ ေတးယစ္မႉးနာမည္နဲ႕ ဧည့္သည္မ်ားရွိလားဟင္၊ တစ္ခ်က္ေလာက္စစ္ၾကည့္ေပးပါလား၊ ညီမအတြက္ အရမ္းအေရးႀကီးေနလို႔ပါ''
"အင္း၊ စစ္ၾကည့္ေပးပါ့မယ္''
ဝန္ထမ္းအစ္မႏွစ္ဦး ဖိုင္ဖြင့္ကာ စာရင္းစစ္ၾကည့္ေနစဥ္ သြင္ရိပ္ အနားပတ္ဝန္းက်င္ကို လိုက္ၾကည့္ေနမိသည္။ မမမႉး၏အရိပ္အေယာင္မွ်မေတြ႕ရသျဖင့္ receptionရွိ အစ္မႏွစ္ဦးကိုပဲ အားကိုးတႀကီးၾကည့္မိသည္။
"မရွိဘူးညီမေလး၊ အစ္မတို႔ ဒီhotelမွာ အလုပ္စဝင္ကတည္းက အဲဒီနာမည္မ်ိဳးဧည့္သည္လက္မခံဖူးေသးပါဘူး''
သြင္ရိပ္မငိုမိေအာင္ထိန္း၍ ဝန္ထမ္းအစ္မႏွစ္ဦးကို ေက်းဇူးတင္စကားေျပာကာ ႏွေးတုံ႕ေသာေျခလွမ္းတို႔ျဖင့္ hotelထဲမွ ထြက္လာသည္။
ဒီႏွစ္မ်ား၌ မမမႉးကို အၿမဲလိုလိုရွာေဖြမိသည္။ နိုင္ငံျခားသြားေၾကာင္းေျပာေသာ္လည္း ဘယ္နိုင္ငံ၌ ေဆးကုေနလဲဟု မည္သူမွမသိၾကေပ။ ဘယ္ေနရာ၌ ဘာေတြလုပ္ကာ ဘယ္လိုေနလဲဟု သိခ်င္သည္။ မမအဆင္မွေျပရဲ႕လားေတြးမိတိုင္း ညဘက္အိပ္မေပ်ာ္နိုင္ခဲ့ပါ။
သြင္ရိပ္ အိမ္ျပန္ေရာက္ေတာ့ ကားကို ဆင္ဝင္ေအာက္ထိုးရပ္ကာ ၿခံတံခါးပိတ္ရန္
ၿခံတံခါးဆီသို႔ ခပ္သုတ္သုတ္ျပန္ေလွ်ာက္လာခဲ့သည္။ ၿခံတံခါးေသခ်ာပိတ္ၿပီးမွ အိမ္ထဲဝင္လာသည္။ ေမေမေဒၚျမင့္မာခ်ိဳက မီးဖိုေခ်ာင္ထဲမွ ထြက္လာသည္။
"ေမေမ ထမင္းပြဲအဆင္သင့္ျပင္ၿပီး ေစာင့္ေနတာ၊ တစ္ခါတည္း ဝင္စားလိုက္”
သြင္ရိပ္ၿပဳံး၍ မမလက္ကို တြဲကာ ထမင္းစားပြဲဝိုင္း၌ ဝင္ထိုင္လိုက္သည္။
"မမရတီကေရာေမေမ''
ေမေမက မ်က္ႏွာအနည္းငယ္ပ်က္သြားၿပီးမွ မသက္သာစြာ ျပန္ၿပဳံးသည္။
"သူ႕အေဖကို ေထာင္ဝင္စာသြားေတြ႕မယ္ေျပာၿပီး မနက္ကတည္းက ထြက္သြားတာပဲသမီးရယ္”
သြင္ရိပ္ ေမေမ့ကို အားနာစြာ ၾကည့္မိသည္။
"စိတ္မေကာင္းျဖစ္ေနလားဟင္၊ သြင္ရိပ္လဲ ဘာမွမကူညီေပးနိုင္လို႔ ေတာင္းပန္ပါတယ္ေနာ္ေမေမ''
"သြင္ရိပ္က ေမေမ့အေႂကြးေတြ အမ်ားႀကီးဆပ္ေပးေနရတာပဲ၊ ေမေမကေတာင္ အားနာေနတာပါ''
"အားနာဖို႔မလိုပါဘူး၊ သြင္ရိပ္က ေမေမ့သမီးပါ၊ သြင္ရိပ္ကို သမီးအျဖစ္ လက္ခံေပးတာနဲ႕တင္ ေပ်ာ္ေနမိတာပါ၊ ေက်းဇူးလဲ တင္တယ္၊ ေမေမ့ကိုလဲ ခ်စ္တယ္”
ေမေမက ဘာမွျပန္မေျပာသျဖင့္ သြင္ရိပ္သက္ျပင္းခ်၍ ေမေမ့ပန္းကန္ထဲသို႔ ဟင္းမ်ား ဦးဦးဖ်ားဖ်ား ခပ္ထည့္ေပးလိုက္သည္။
မမမႉး ထြက္သြားၿပီးေနာက္ သြင္ရိပ္တို႔အိမ္၌လည္း မိသားစုျပႆနာအမ်ားႀကီးျဖစ္ခဲ့သည္။ အဘြားဆုံးသြားေတာ့ ေဒၚေလးခင္ေမတို႔သည္ ေမေမတို႔ေနေသာအိမ္မွာ ေမာင္ႏွမအားလုံးပိုင္သည့္ အေမြဆိုင္အိမ္ဆိုကာ အေမြခြဲရန္ ေရာက္လာၾကသည္။ ေမေမက မိဘဘိုးဘြားေခါင္းခ်ထားသည့္အိမ္မို႔
မေရာင္းနိုင္သျဖင့္ ေရွ႕ေနေခၚၿပီး ရွင္းရသည္အထိ ျပႆနာမ်ားတက္ၾကသည္။ ေနာက္ေတာ့ ေမေမက အေမြဆိုင္အိမ္ႀကီးကို မေရာင္းခ်င္သျဖင့္ ရသင့္ေသာေဝစုမ်ားကို အမ္းေပးရန္ သေဘာတူညီမႈယူခဲ့သည္။ ၎ကိစၥဆုံးျဖတ္ၿပီးမၾကာမီ ေမေမ့ေယာကၤ်ားဦးမ်ိဳးနိုင္သည္ မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းခ်မႈျဖင့္ ရဲအဖမ္းခံရသည္။ ေမေမက ရွိသမွ်အကုန္ထုတ္ေရာင္း ဘဏ္၌ ပိုက္ဆံေခ်းၿပီး ေဒၚေလးခင္ေမတို႔ကို ေပးခဲ့သည္။ ဦးမ်ိဳးနိုင္အတြက္ ေရွ႕ေနဌား ရဲမ်ားကို လာဘ္ထိုးရသည္ႏွင့္ ေငြအေတာ္ကုန္ခဲ့သည္။ အစ္ကိုႀကီးဆုံးသားျဖစ္တဲ့ကိုႀကီးထက္ေနာင္က အတတ္နိုင္ဆုံးကူညီေပးသည့္အျပင္ ရမည့္ေဝစုလည္း အေမြမယူခဲ့ေပ။ ကိုႀကီးက သြင္ရိပ္ကို စိတ္မေလဘဲ အလုပ္တစ္ခုစနိုင္ရန္ ေသခ်ာေမးေတာ့ သြင္ရိပ္က စီးပြားျဖစ္ ပန္းစိုက္ခ်င္ေၾကာင္း ေျပာခဲ့သည္။ ကိုႀကီးက သစ္ခြၿခံအေသးေလးတစ္ၿခံဝယ္ေပးခဲ့သည္။ သစ္ခြၿခံကို သြင္ရိပ္ႀကိဳးစားလုပ္ကိုင္ရင္း ကံစပ္တယ္ဆိုရမည္။ ငါးႏွစ္အတြင္း၌ အထိုက္အေလ်ာက္တိုးတက္ၿပီး ယခုဆို အျမတ္မ်ားလည္းညအမ်ားႀကီး က်န္သည္။ သစ္ခြၿခံဆိုေသာ္လည္း ႏွင္းဆီအခ်ိဳ႕ကို အရံစိုက္ပ်ိဳးထားေသးသည္။ ဤဝင္ေငြေလးျဖင့္ ေမေမဝန္ေပါ့ေအာင္ နည္းနည္းခ်င္းစီ ဘဏ္ကို အေႂကြးျပန္ဆပ္ေပးနိုင္ခဲ့သလို ကိုႀကီးထက္ေနာင္ကိုလည္း စုထားသည့္ထဲမွ ၿခံဖိုး ဖဲ့ဆပ္ခဲ့သည္။ ကိုႀကီးထက္ေနာင္က ေငြျပန္ေပးစရာမလိုဟု ျငင္းေသာ္ျငားလည္း သြင္ရိပ္အားနာမိ၍ ကာလေပါက္ေစ်းအတိုင္း မဝယ္နိုင္သည့္တိုင္ သစ္ခြၿခံေလးကို အပိုင္လိုခ်င္မိေတာ့ မယမင္းကို ပိုက္ဆံနည္းနည္းခ်င္းျပန္ေပးသည္။ ေမေမႏွင့္မမရတီကလည္း သြင္ရိပ္ကို လက္ခံေပးလာသည္မို႔ အဆိုးထဲမွ အေကာင္းဆိုရမည္။
~
"ခ်လတ္...ခ်လတ္''
ရိုက္လိုက္သည့္ဓာတ္ပုံမ်ားကို ျပန္ၾကည့္၍ သတို႔သားႏွင့္သတို႔သမီးကို ေန႕သစ္လက္မေထာင္ျပလိုက္သည္။ သတို႔သားႏွင့္သတို႔သမီးက မဂၤလာပြဲလာသည့္ဧည္သည္မ်ားကို ဆက္ဧည့္ခံေန၏။ ေန႕သစ္ ကေလးတစ္ဦးထိုင္ေနေသာ စားပြဲတြင္ ဝင္ထိုင္ကာ ေရခဲမုန႔္ခြက္ယူခပ္စားေနမိသည္။ မနက္ကတည္းမွ ေကာ္ဖီတစ္ခြက္သာေသာက္ရေသး၏။ ဗိုက္အလြန္ဆာေနသျဖင့္ ကိတ္မုန႔္ကို ခက္ရင္းျဖင့္ ထိုးစားေနမိသည္။ ေရခဲမုန႔္ခြက္ လိုက္ပြဲယူလိုက္ေတာ့ တစ္ဝိုင္းတည္းထိုင္ေနေသာကေလးက ေန႕သစ္ကို ျပဴးၾကည့္ေနေလသည္။
"မင္းကလဲ ဗိုက္ဆာလို႔ပါကြာ၊ ေရာ့ မင္းလဲစား’’
ကေလးအား ေရခဲမုန႔္ေနာက္တစ္ခြက္ယူေပးလိုက္ေတာ့ ကေလးက ရယ္ျပေနသည္။ ေန႕သစ္ လက္ဖြဲ႕လက္ခံသည့္အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္ေတာ့ သြင္ရိပ္က မဂၤလာလက္ဖြဲ႕ပစၥည္းေပးရင္း စာရင္းေရးေသာမိန္းကေလးႏွစ္ဦးႏွင့္ စကားေျပာေနသည္။ ဒူးအတိဂါဝန္အျပာႏုေလးဝတ္ထား၏။ ႀကိဳးတစ္ေခ်ာင္းဂါဝန္မို႔ သြင္ရိပ္၏ေဖြးဥဥအသားေရမွာ ပိုထင္းေနသည္။ ႏွစ္ဆယ့္သုံးႏွစ္ထဲဝင္လာသည့္တိုင္ သြင္ရိပ္မွာ အရင္လို ကေလးဆန္ကာ ခ်စ္စရာေကာင္းေနဆဲ။ ေတာသူမ မႏူးမႏွပ္ေလးမဟုတ္ေတာ့ဘဲ ျပင္တတ္ဆင္တတ္ကာ ၿမိဳ႕သူအပ်ိဳေခ်ာေလးျဖစ္ေနေလၿပီ။ ခန္းမထဲသို႔ အူတူတူေလးဝင္လာၿပီး ထိုင္စရာေနရာရွာေနသျဖင့္ ေန႕သစ္လက္လွမ္းျပလိုက္သည္။ သြင္ရိပ္က ဝမ္းသာအားရ ေလွ်ာက္လာကာ ေန႕သစ္ေဘးရွိ ခုံတြင္ ဝင္ထိုင္၏။
"ကိုကို႔ကို ေတြ႕ရတာ သိပ္ဝမ္းသာတာပဲ၊ သြင္ရိပ္မွာေလ ဖိတ္စာရလို႔ လာသာလာရတယ္၊ အသိမရွိဘဲ
အူေၾကာင္ေၾကာင္ျဖစ္ေနတာသိလား”
ေန႕သစ္ ဟားတိုက္ရယ္ေမာမိသည္။ မည္သို႔ပင္ လွလွပပေလးဝတ္စားထားေစမူ သြင္ရိပ္က အရင္လို အူတူတူေလးျဖစ္ေနဆဲ။ အေၾကာက္လြန္သည္။ မ်က္လုံးက မျမင္ဖူးသလို အကုန္ေလွ်ာက္ၾကည့္ေန၏။
“ဟုတ္ပါၿပီဗ်ာ၊ သြင္ရိပ္က သတို႔သမီးနဲ႕ သိတာလား’’
“သတို႔သားနဲ႕သိတာကိုကိုရဲ႕၊ ကိုဇာနည္က ပန္းအလွဆင္သူမဟုတ္လား၊ သူ ပြဲေတြလုပ္လို႔ ပန္းလိုတိုင္း သြင္ရိပ္တို႔ ၿခံမွာ အၿမဲဝယ္ေလ့ရွိတယ္၊ ပန္းေဖာက္သည္ႀကီးေပါ့”
ေန႕သစ္ၿပဳံး၍ မဂၤလာစင္ျမင့္မွ ပန္းမ်ားကို လွည့္ၾကည့္လိုက္သည္။
"ဒါဆို ဒီမဂၤလာပြဲမွာ အလွဆင္ထားတဲ့ႏွင္းဆီျဖဴနဲ႕သစ္ခြအလွေလးေတြက သြင္ရိပ္တို႔သစ္ခြၿခံကေပါ့၊ ပန္းေတြလွလြန္းလို႔ ပြဲလာသူတိုင္း သေဘာက်ၿပီး ခ်ီးက်ဴးေနၾကတာ''
"ဒါေပါ့၊ သြင္ရိပ္ရဲ႕အစြမ္းေလ ဟိဟိ”
သြင္ရိပ္က သူ႕ကိုယ္သူဂုဏ္ယူသည့္မ်က္ႏွာျဖင့္ ျပန္ေျပာေတာ့ ေန႕သစ္ရယ္ေနမိသည္။ ဒီအခ်ိန္အတြင္း အ႐ြယ္ငယ္ငယ္ျဖင့္ ဒီေလာက္ဦးစီးဦးေဆာင္လုပ္ေနေတာ့ ေတာ္တယ္ဟု သတ္မွတ္ရမည္။ သြင္ရိပ္၏ႀကိဳးစားမႈကို ဂုဏ္လည္း ယူသည္။
မဂၤလာေမာင္ႏွံႏွစ္ဦးက ေန႕သစ္တို႔စားပြဲေရာက္လာၿပီး သြင္ရိပ္ကို လာႏႈတ္ဆက္ဧည့္ခံၾကသည္။ သြင္ရိပ္က ႂကြက္ကေလးလို အျခားသြားမ်ားထက္ ပိုႀကီးေနေသာေရွ႕သြားႏွစ္ေခ်ာင္းေပၚေအာင္ၿပဳံးလ်က္ ဂုဏ္ျပဳစကားေျပာေနသည္။ မဂၤလာေမာင္ႏွံက အျခားဧည့္သည္မ်ားကို ဆက္ဧည့္ခံေန၏။
"ကိုကိုတို႔မဆုံတာၾကာၿပီ၊ ဒီေန႕ သြင္ရိပ္ကို မုန႔္လိုက္ဝယ္ေကြၽးမယ္''
"ကိုကို႔မွာ အားတဲ့ေန႕ရွိလို႔လား၊ ေၾကာ္ျငာကုမၸဏီေတြကအစ ကိုကို႔ကို အၿပိဳင္ဆိုင္ဌားေနၾကတာ သိပါတယ္ေနာ္၊ အခုလဲ အလုပ္နဲ႕ မအားဘူးမို႔လား”
သြင္ရိပ္က ေရခဲမုန႔္စားရင္း ကေလးပီပီ ႏႈတ္ခမ္းစူေျပာေလသည္။
"မဂၤလာပြဲက ၿပီးေတာ့မွာပါ၊ က်န္တာ ကိုကို႔လက္ေထာက္နဲ႕ လြဲထားခဲ့မယ္၊ သြင္ရိပ္စားၿပီးရင္ အတူသြားၾကမယ္ေလ”
သြင္ရိပ္က လက္ခံသည္။ ေန႕သစ္ သတို႔သားကို သြားေတြ႕ကာ အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပ၍ လက္ေထာက္ႏွင့္ လြဲထားခဲ့သည္။ ၿပီးေတာ့ သြင္ရိပ္ႏွင့္အတူ ခန္းမထဲမွ ထြက္လာခဲ့သည္။ သြင္ရိပ္က ကားပါကင္၌ ကားထုတ္ေနသျဖင့္ ေန႕သစ္လက္ပိုက္ကာ ၿပဳံးၾကည့္မိသည္။
"သြင္ရိပ္က ကားနဲ႕ လာတယ္ေပါ့၊ အထင္ႀကီးမိသြားၿပီဗ်ာ၊ ကိုကို႔ကားေတာ့ ဒီမွာပဲ ထားခဲ့မယ္၊ မုန့္စားၿပီးရင္ သြင္ရိပ္ကားနဲ႕ ျပန္လာပို႔ေပးရမွာေနာ္”
"ကိုကိုကလဲ ေနာက္ေနေသးတယ္၊ မမရတီကားမွန္းသိရက္နဲ႕ သြင္ရိပ္က ကားဝယ္စီးနိုင္တဲ့အထိ ပိုက္ဆံမရွိေသးပါဘူးေနာ္”
“ေၾသာ္…ကိုကိုဆိုလိုခ်င္တာက သြင္ရိပ္ၿမိဳ႕ထဲကားေမာင္းရဲေနၿပီလို႔ ဆိုလိုတာပါကြာ၊ ေကာင္မေလးတစ္ေယာက္ အိုးမလုံ အုံပြင့္နဲ႕ ကားလိုခ်င္ေနတယ္ထင္ပါရဲ႕ဟားဟား”
ေန႕သစ္စေနာက္လိုက္ေတာ့ သြင္ရိပ္က ႏႈတ္ခမ္းစူ၍ ေန႕သစ္ေဘးတြင္ ကားလာရပ္သည္။ မႉးထားခဲ့သည့္ေနာက္ပိုင္း ေန႕သစ္အမွန္ျမင္လာခဲ့သည္။ ဟိုအရင္က မႉးစိတ္ျဖင့္ ကမူက႐ူးထိုးမိုက္မဲမိသည္။ သြင္ရိပ္က ရိုးသားျဖဴစင္ေၾကာင္းသိလ်က္ မႉးကို ခ်စ္ေသာစိတ္စိုးမိုးကာ သြင္ရိပ္အေပၚ အျပစ္ပုံခ်မိသည္။ သြင္ရိပ္က ဘာအျပစ္မွမရွိ။ ေန႕သစ္အၿမဲေနာင္တရေနခဲ့သည္။
ေန႕သစ္ ကားေပၚတက္လိုက္ေတာ့ သြင္ရိပ္က ဟိုတယ္ထဲမွ ကားစတင္ေမာင္းထြက္သည္။ သြင္ရိပ္က လမ္းတစ္ဝက္၌ တုံ႕ခနဲ ရပ္လိုက္သျဖင့္ ေန႕သစ္လွည့္ၾကည့္လိုက္သည္။
"ကိုကို သြင္ရိပ္ေတြ႕လိုက္တယ္၊ ခုနက ျဖတ္ေမာင္းသြားတဲ့ တကၠစီကားေပၚမွာ”
“ဘာေတြ႕လို႔လဲသြင္ရိပ္၊ ဘာလို႔အထိတ္တလန့္ျဖစ္ေနတာလဲ”
"မမမႉး''
“ဟင္”
"ဟုတ္တယ္ကိုကို၊ သြင္ရိပ္ ေသခ်ာေတြ႕လိုက္တယ္၊ သြင္ရိပ္အထင္ မမရန္ကုန္ျပန္ေရာက္ေနၿပီ၊ ဟုတ္တယ္ မမျပန္လာၿပီ''
သြင္ရိပ္ ဝမ္းသာအားရ အားတက္သေရာေျပာေနသျဖင့္ ေန႕သစ္ ရင္ထဲ ခံစားခ်က္အစုံ တာဆူေနေတာ့သည္။
====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now