Zawgyi
Ep 26
လူနေထူထပ်သောဆင်ခြေဖုံးရပ်ကွက်လေးထဲသို့...မှူး၏ကားလေးက တရွေ့ ရွေ့ မောင်းဝင်လာကာ...လမ်း၌ ထွက်ဆော့နေကြသောကလေးတစ်ချို့ကြောင့်...ဟွန်းကို ခဏခဏတီးနေရသည်။
တစ်အိမ်နှင့်တစ်အိမ်က ပူးကပ်နေပြီး...အရွယ်အစားသေးကြသဖြင့်...အိမ်ကျော်သွားမည်စိုးကာ...သေသေချာချာအာရုံစိုက်ကြည့်ရင်း...လိပ်စာအတိုင်း ဝါးတိုင်လေးတွေဖြင့်ကာရံထားသည့် ခြံစည်းရိုးရှေ့၌...မှူး ကားကိုရပ်လိုက်သည်။
ဘေး၌ထိုင်နေသောသွင်ရိပ်က...ကားမှန်မှတစ်ဆင့် အပြင်ကို ခေါင်းပြူကြည့်ကာ...
"လိပ်စာအတိုင်းဆိုရင်...ဒီအိမ်ပဲ့ထင်တယ်မမ''
"အင်း...ဟုတ်မယ်''
သွင်ရိပ်က...ကားပေါ်မှအရင်ဆင်းသွားတော့...မှူး...ကားမှန်ချလိုက်ပြီး...ကားတံခါးဖွင့်ကာ...ကားပေါ်မှဆင်းလိုက်သည်နှင့်...ကားနား၌လာရပ်နေသောအဝတ်အစားနွမ်းလျလျဝတ်ထားသည့်ကလေးလေးတစ်ယောက်ကို အရင်တွေ့လိုက်ရသည်။
"သွင်ရိပ်မုန့်ယူကျွေးလိုက်မယ်နော်မမ...''
သွင်ရိပ်က...ကားထဲတွင် အသင့်ရှိနေသည့် ပေါင်မုန့်ထုပ်ကိုယူပြီး...ကလေးလေးကိုပေးလိုက်တော့...ဝမ်းသာအားရလှမ်းယူလေသည်။
"အားရပါရစားနော်''
သွင်ရိပ်က ဆံပင်ကိုအသာသပ်ပေးကာ...ပြောလိုက်တော့ ခုန်ပေါက်အော်ပြီး...ထွက်ပြေးသွားသဖြင့်...မှူးပြုံးနေမိသည်။
"ဟေး''
"ညီမအိမ်ကိုလိုက်လာတာလား...?အားနာလိုက်တာ''
ရဲရင့်ချစ်သူကောင်မလေးက...မှူးကိုမြင်သွားပုံဖြင့်...အိမ်ထဲမှ ပြေးထွက်လာကာ...ခြံတံခါးလာဖွင့်ပေးတော့...
"ဆိုင်ကိုရောက်ခဲ့သေးတယ်...အမေနေမကောင်းလို့ အလုပ်မဆင်းဘူးဆိုလို့...လိပ်စာမေးပြီးရောက်လာတာ''
ကောင်မလေးက...ခြံတံခါးဖွင့်ပေးပြီးမှ ဘေးတွင်ရပ်နေသောသွင်ရိပ်ကိုမြင်သွားသည်နှင့် မျက်နှာပျက်သွားသဖြင့်...မှူးရိပ်မိသွားကာ...
"သွင်ရိပ်ကို အားလုံးပြောပြထားလို့...သိပြီးသွားပြီ...
ညီမကို နားလည်ပေးနိုင်ပါတယ်...မစိုးရိမ်ပါနဲ့''
YOU ARE READING
ရင်ထဲက မှူး/ရင္ထဲက မႉး