အပိုင်း( ၂၄ )

4.8K 302 4
                                    


ဓာတ်ပုံစတိုဒီယို ရုံးခန်းထဲ၌ ကိုကိုက customerနှင့် တွေ့ကာ စကားပြောနေသဖြင့် သွင်ရိပ် ရှေ့မှ ခုံတန်း၌ ထိုင်စောင့်နေမိသည်။ အဝေးပြေးကုန်တင်ကားကြီးများ၊ ဇိမ်ခံကားများ၊ အဌားကားများမှာ မကြာမကြာ ဖြတ်မောင်းသွားကြပြီး မြေမှုန့်ဖုန်မှုန့်များ သွင်ရိပ်ဆီသို့ လွင့်လာကြကြောင်း ခံစားရသည်။ လေထုက မသန့်သည့်အပြင် သွင်ရိပ်စိတ်တို့မှာလည်း ညစ်ပေနေသည်။ ပျင်းပျင်းဖြင့် မဂ္ဂဇင်းစာအုပ်တစ်အုပ် ယူဖတ်ရင်း မကြာမကြာ ကားလမ်းမဘက်သို့ ငေးကြည့်မိသည်။ တစ်ဖက်လမ်း၌ ပေါက်နေသော မာလကာပင်ပေါ်မှ မာလကာသီးဆီသို့လည်း အကြည့်ရောက်သွားသည်။ တစ်ဖက်ဆိုင်မှ ကြောင်တစ်ကောင်မှာ မြက်ပင်အချို့ကို ကိုက်စားနေခြင်းကိုလည်း စိတ်ဝင်တစားကြည့်မိပြန်၏။ သွင်ရိပ်ကိုယ်တိုင် ဘယ်အရာကို မြင်သမျှ လျှောက်ကြည့်နေမိလည်း မသိတော့ပေ။
“ပျင်းနေပြီလားသွင်ရိပ်၊ ကိုကိုက သွင်ရိပ်ပြန်သွားပြီထင်နေတာ”
ကိုကိုက ခုံတန်း၌ ဝင်ထိုင်ကာ ပြောလာသည်။ သွင်ရိပ် လမ်းမဘက် လှမ်းကြည့်တော့ ကိုကို၏customerနှစ်ဦး ကားပေါ်တက်ကာ ထွက်သွားကြသည်။
"အလုပ်တွေအရမ်းကြိုးစားတာနော်၊ ကိုကို့ကို ရတဲ့ကောင်မလေးတော့ ကံကောင်းမှာပဲ”
"ကောင်မလေးမရှိသေးဘူးဆိုတော့ သွင်ရိပ်ပဲ ပိုက်ဆံကူသုံးပေးဦး၊ ဒီနေ့ ဆိုင်အစောကြီးပိတ်ပြီး သွင်ရိပ်ကို မုန့်လိုက်ကျွေးမယ်''
ကိုကိုက သွင်ရိပ်ခေါင်းကို အသာပုတ်၍ ဆိုင်ပိတ်ရန် ပြင်တော့ သွင်ရိပ်ဆွဲထားလိုက်သည်။
"ရပါတယ်ကိုကို၊ သွင်ရိပ်နောက်တစ်ခေါက်မှပဲ စားတော့မယ်၊ အခုက ကိစ္စလေးရှိလို့လေ''
“ဟုတ်လား၊ ပြောလေ ကိုကိုဘာကူညီပေးရမလဲ”
သွင်ရိပ် လက်ဆွဲအိတ်ထဲမှ အပြာရောင်ဖိတ်စာအိတ်လေး ထုတ်ယူကာ ကိုကို့ကို ပေးလိုက်သည်။
"မမမှူးရဲ့ဒက်ဒီနဲ့မာမီနှစ်ပတ်လည်ပါတီပွဲဖိတ်စာလေ၊ ကိုကိုလည်း ဖြစ်အောင်လာခဲ့နော်''

"မှူးကိုယ်တိုင်လာဖိတ်ရမှာမလား၊ မှူးက ကိုကို့ကို မလာစေချင်ဘူးထင်တယ်''
ကိုကိုက ဖိတ်စာဖွင့်ဖတ်ရင်း ပင့်သက်ရှိုက်နေသဖြင့် သွင်ရိပ် ခုံတန်းနောက်ကို အားလျော့စွာ မှီထိုင်ချလိုက်သည်။
"သွင်ရိပ်လဲ မသိတော့ပါဘူး၊ မမက သွင်ရိပ်ကို စကားမပြောတော့ဘူးလေ၊ မျက်နှာချင်းတောင် မဆိုင်ဘူး၊ တစ်အိမ်ထဲနေပြီး ကမ္ဘာခြားနေသလိုမျိုးခံစားရတယ်''
“သွင်ရိပ် တက္ကစီနဲ့ လာတာမဟုတ်လား၊ ကိုကိုပြန်ပို့ပေးမယ်၊ ခဏလေးပဲ စောင့်”
ကိုကိုက သွင်ရိပ်ခေါင်းကို အသာပုတ်၍ ဆိုင်ထဲ ပြန်ဝင်သွား၏။ လေထုနွေးနွေးက သွင်ရိပ်ပါးပြင်မှ ဖြတ်ပြေးသွားသည်။ သွင်ရိပ်ထရပ်၍ စတိုဒီယိုရှေ့ လမ်းထွက်လျှောက်နေမိသည်။ ခဏကြာတော့ ကိုကိုက ဆိုင်သော့ပိတ်ကာ ထွက်လာသည်။ ကိုကိုက ကားဖြင့် အိမ်အရောက်လိုက်ပို့ပေး၏။
သီရိမြုံစံအိမ်ရှိ ခြံထဲတွင် မမက အရိပ်ရသော ခုံတန်းပြာ၌ စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည်။ ဘေးတွင် ရွှေရောင်တုတ်ကောက်လေးကို ထောင်ထား၏။ ရှပ်အင်္ကျီနှင့်ထဘီကို အိမ်နေရင်းအဝတ်အဖြစ် ရိုးရိုးရှင်းရှင်းဝတ်ထားပြီး ဆံပင်ရှည် ဖြန့်ချကာ ညာဘက်ရင်ဘတ်ရှေ့ စုပို့ထားသည်။ ညနေခင်းမှာ လေပြည်တစ်ချက်ဝေ့လေတိုင်း ဝဲလွင့်သွားသော ဆံနွယ်ရှည်ကြောင့် သွင်ရိပ်မှာ ငေးသွားသည်။
"ဟိုမှာ မှူးထိုင်နေတာပဲ၊ စကားပြောကြည့်ဦးမှပါ”
"ကိုကိုအရင်သွားနော်၊ သွင်ရိပ် ကော်ဖီယူလာပေးမယ်”
သွင်ရိပ် အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။ အိတ်များ ချ၍ ကော်ဖီနှစ်ခွက်ကို စိတ်ကြိုက်ဖျော်နေမိသည်။ ကိုကိုက ဂျီးမများတတ်သဖြင့် ပုံမှန်အတိုင်း ဖျော်ကာ မမအတွက် အရသာမလွဲအောင် သတိထားရ၏။ မမက အချိုမကြိုက်သလို အရမ်းခါးသက်နေတာမျိုးလည်း မကြိုက်။ အရသာအဆင်ပြေမှ ကော်ဖီနှစ်ခွက်ယူ၍ ခြံထဲ ဆင်းလာတော့ မမက စာအုပ်ပိတ်ကာ ကိုကိုနှင့် စကားပြောနေသည်။
"ကော်ဖီရပါပြီ''
သွင်ရိပ်ပြုံးကာ ကော်ဖီခွက်ပေးတော့ မမက ခုံတန်းမှ ထရပ်လိုက်သည်။
"မှူး အပေါ်တက်နှင့်တော့မယ်နေ့သစ်”
မမက သွင်ရောက်လာမှ ကိုကို့ကို ထနှုတ်ဆက်ကာ ထွက်သွားသဖြင့် သွင်ရိပ် ကော်ဖီခွက်လေးကိုင်၍ ကျန်ခဲ့သည်။ မမမှူးဟာလေ အသည်းသိပ်မာသည်။ သွင်ရိပ်ကို တစ်လတိတိ အဖက်မလုပ်ဘဲ နေနိုင်၏။
~
ရောင်စုံမီးသီး၊ LEDမီးချောင်းအမြှောက်အများဖြင့် အလှဆင်ထားသော Hotel၏ Roof topသို့ မှူး ရောက်ရှိနေသည်။ Sound boxမှ တီးလုံးသံများ  သာယာငြိမ့်ညောင်းနေသည်။ ပွဲအလယ်၌ ကိတ်မုန့်သည် မျှော်စင်သဖွယ် အလှဆင်ထားသဖြင့် ခမ်းနားထည်ဝါနေသည်။ ဦးမင်းသော်နှင့်ဒေါ်တေးမာလာ၏ ၃၅နှစ်ပြည့် ကျောက်စိမ်းရတုမင်္ဂလာနှစ်ပတ်လည်ဆိုသည့်စာလုံးလှလှလေးတွေကို ငေးမိသည်။ လျှောက်လမ်း၌ ကော်ဇောနီအပြည့်ခင်းထားပြီး အဝင်ဝတွင် ဒက်ဒီတို့၏စုံတွဲဓာတ်ပုံကြီး ထောင်ထားသည်။ ဂုဏ်သရေရှိ လူကြီးလူကောင်းများအလယ် ဝင့်ထည်နေသော မှူးတို့မိသားစုကို လူတိုင်းက အားကျနေကြသည်။
ကော်ဇောနီလျှောက်လမ်းအတိုင်း မှူးဝင်လာတော့ အတော်များများမှာ မှူးကို လှည့်ကြည့်လာကြသည်။ အနီရောင်ကျောဖောက်ဂါဝန်ရှည်ကို ချပ်ရပ်စွာ ဝတ်ထားပြီး ဆံထုံးပြေပြေထုံးထားသဖြင့် မှူးကိုယ်ဟန်မှာ အမြင်လည်း မရိုင်းလှ။ ဒက်ဒီတို့ကို အရှက်မရစေချင်၍ ရွှေရောင်တုတ်ကောက်မယူဘဲ ဤအတိုင်း လျှောက်လာသည်။ မစီးသည်မှာ ကြာသော ဒေါက်ဖိနပ်နီကို စွန့်စွန့်စားစား စီးလာခဲ့သည်။
"ဒါ ကျွန်တော့်သမီး တေးယစ်မှူးလေဗျာ''
ဒက်ဒီက ဝှီးချဲ့ပေါ် ထိုင်ရင်း မှူးလက်ကို အသာဆွဲကာ သူ၏မိတ်ဆွေများကို မိတ်ဆက်ပေးလာသည်။ မှူး အံ့ဩမိပြီး အမျိုးအမည်မသိ ဝမ်းနည်းသော ခံစားချက်တို့ ပေါ်လာသည်။
"ကိုမင်းသော်ကတော့ဗျာ ဒီလောက် နတ်သမီးလေးလိုလှတဲ့သမီးကို အခုမှပဲ ပွဲထုတ်တော့တယ်၊ သားရှင်မိဘတွေ ကြိုတင်စာရင်းပေးကြမှာ ကြောက်လို့ထင်ပါတယ်ဗျာ၊ ဟားဟား''
ဒက်ဒီ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်လူကြီးက ရယ်သွမ်းသွေးပြောတော့ ဒက်ဒီက ပြုံးနေသည်။ မှူးလည်း တလေးတစား ပြန်ပြုံးပြလိုက်သည်။ ဒက်ဒီက မှူးကို သူ့မိတ်ဆွေတစ်ဦးပြီးတစ်ဦး လိုက်လံမိတ်ဆက်ပေးနေသဖြင့် ဒက်ဒီ့နောက်မှ ဝှီးချဲ့တွန်းရင်း မှူးလိုက်ရသည်။ လူကြီးများ၏စကားဝိုင်းတွင် လိုက်ပါရင်း ဘေးဘက် လှမ်းကြည့်တော့ သွင်ရိပ်က မှူးကို ငေးကြည့်နေသည်။ ဘေးတွင် ရဲရင့်လည်း အတူရှိနေပြီး ရဲရင့်က သူ့ဘော်ဒါများနှင့် စကားပြောနေ၏။ သွင်ရိပ်က လက်တစ်လုံးကြိုးဂါဝန်အတိုဝတ်ထားပြီး သူမ၏နုဖတ်ချောမွေ့နေသောအသားအရေကြောင့် ထင်ရှားနေသည်။ ရဲရင့်ကို ကျောခိုင်း၍ မှူးဘက်သို့ အသေအချာလှည့်ရပ်ကာ မျက်နှာငယ်ဖြင့် ကြည့်နေသဖြင့် မှူး အကြည့်လွှဲပစ်လိုက်သည်။ ခပ်ဝေးဝေးသို့ ထွက်လာခဲ့၏။
"မှူးရေ ဒီကို လာပါဟာ၊ ငါတို့ နင့်ကို စောင့်နေတာ''
ယမင်းက မှူးကို လာဆွဲခေါ်တော့ မှူး အခြားဝိုင်းသို့ ရောက်လာသည်။ နေ့သစ်ရောက်နေသဖြင့် မှူးပြုံးကာ နှုတ်ဆက်လိုက်သည်။ ဟိုတယ်ဝန်ထမ်းများက ဝိုင်များ၊ မုန့်များထည့်ထားသော လင်ဗန်းတို့ကိုင်၍ ဝန်ဆောင်မှုပေးနေသည်။ ယမင်းက ဝန်ထမ်းတစ်ဦးကို လှမ်းခေါ်၍ မှူးအတွက် ဝိုင်တစ်ခွက် ယူပေးသည်။
"မတွေ့တာကြာပြီနော်မှူး၊ နှစ်တွေ ကြာသွားပေမဲ့ မှူးကတော့ ပိုလှလာတယ်’’
ကိုစိုင်းမြတ်သူက နှုတ်ဆက်သဖြင့် မှူးပြုံးလိုက်သည်။
“စိုင်းမြတ်က အိမ်ထောင်ကျသွားပြီမှူးရဲ့၊ ရှမ်းမလေးနဲ့လေ အခုဆို သမီးတစ်ယောက်တောင် ရနေပြီ’’
“ဟုတ်လား၊ ဘယ်တုန်းကလဲကိုစိုင်းမြတ်သူ”
“ကိုယ်မင်္ဂလာဆောင်တုန်းက မှူးနိုင်ငံခြားရောက်နေလို့ မဖိတ်လိုက်ရတာ၊ ကိုယ့်သမီးက တစ်နှစ်ပြည့်ပြီ”
“Congratulationပါကိုစိုင်းမြတ်သူ၊ အခုတော့ ရှင်လိုချင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ရနေပြီပေါ့”
မှူး ကိုစိုင်းမြတ်သူကို ဂုဏ်ပြုပေးလိုက်သည်။ ယမင်းက ဝိုင်ခွက်ကို တိုက်ရန် မြှောက်လိုက်သဖြင့် အားလုံးက ခွက်မြှောက်ကြသည်။ မှူးလည်း အားလုံးသဘောကျ မြှောက်ပေးလိုက်၏။
“ချီးယားစ်''
ဝိုင်ခွက်ကိုယ်စီတိုက်ပြီးတော့ မှူး လျှာဖျားတင်ရုံလေး တစ်ငုံသောက်လိုက်သည်။ နေ့သစ်က မှူးဘေးကပ်ကာ အရမ်းမသောက်နှင့်ဟု သတိပေးလာသဖြင့် ဟန်လုပ်ရယ်မောမိသေးသည်။


"မှူးမောင်လေးက မှူးကို ကျော်ပြီး မိန်းမယူသွားပြီနော်၊ မှူးကတော့ အခုချိန်ထိ အပျိုကြီးလုပ်လို့ မဝသေးဘူးထင်တယ်''
ကိုစိုင်းမြတ်သူက ရွတ်နောက်နောက်လှမ်းပြောလာသည်။ မှူး သွင်ရိပ်ဘက်သို့ လှမ်းကြည့်မိသည်။ ရဲရင့်က သွင်ရိပ်လက်ကို သူ့လက်မောင်းအားဖြင့် ဖိညှပ်ထား၏။ သွင်ရိပ်က ဟန်မဆောင်နိုင်အောင် မျက်နှာပျက်နေသည်။ မှူးကိုလည်း အကူအညီတောင်းနေသလိုမျက်ဝန်းဖြင့် လှမ်းကြည့်သေး၏။
"ယမင်း''
"ဟင်…အင်း ပြောလေမှူး ဘာဖြစ်လို့လဲ”
"ငါ့ရဲ့ဇာတာမှာ တစ်ပါးသူရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးမဲ့ လက္ခဏာရှိတယ်လို့ နင်ပြောဖူးတာမှတ်မိလား”
“မှတ်မိတာပေါ့ဟယ်၊ ငါပြောတုန်းက နင်မယုံဘူးမဟုတ်လား၊ ငါ့မှာ တကယ်စိုးရိမ်လိုက်ရတာ”
"ကြည့်ရတာ အဲဒါက အခုမှအစထင်တယ်၊ ဟက်”
မှူး လှောင်ရယ်ပစ်လိုက်တော့ ယမင်းက သွင်ရိပ်ဘက်သို့ မျက်လုံးအပြူးသားကြည့်သည်။ မှူးလက်ကို တားမည့်အဓိပ္ပါယ်ဖြင့် အလန့်တကြား ဆုပ်ကိုင်လာ၏။ မှူးတို့ ကြည့်နေစဥ် သွင်ရိပ်မှာ ပါတီအပြင်သို့ ပြေးထွက်သွားသည်။ ရဲရင့်က ဒေါသတကြီး လိုက်သွား၏။ မှူး ဝိုင်ခွက်ချ၍ ပါတီအတွင်းမှ ခပ်သွက်သွက် ထွက်လိုက်လာသည်။
"မှူး ဘယ်လဲ”
နေ့သစ်အသံကြားသော်လည်း မှူး roof topမှ လှည့်ထွက်လာသည်။ အပြင်၌ မည်သူမှမရှိပေ။ သွင်ရိပ်တို့ကိုလည်း မတွေ့ရ။ ခွဲစိတ်ထားသော ညာဘက်ခြေထောက်မှာ ထိုးကိုက်လာသဖြင့် မှူး ဓာတ်လှေကားရှေ့ ရပ်စောင့်ရင်း ကြိတ်ညည်းမိသည်။ ဒေါက်ဖိနပ်မစီးသည်မှာ ကြာပြီဖြစ်၍ စီးလိုက်သည်နှင့် ချက်ချင်းပင် ပြန်နာလာ၏။ နေ့သစ်က မှူးလက်ကို ဖမ်းကိုင်ကာ ကူထိန်းပေးလိုက်သဖြင့် မှူး ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။
"မှူးအဆင်ပြေရဲ့လား၊ ကိုယ် ဘာကူညီပေးရမလဲ”
"ရပါတယ်''
နေ့သစ်က မှူးခြေထောက်ကို စိုးရိမ်စွာ ငုံ့ကြည့်ရင်း မေးလာသည်။ မှူး နေ့သစ်လက်ကို မသိမသာဖယ်၍ ဓာတ်လှေကားတံခါးစောင့်နေလိုက်သည်။
"မှူး အရင်ပြန်နှင့်ပြီ၊ နေ့သစ်က ကိတ်ခွဲပြီးမှပြန်နော်''
ဓာတ်လှေကားတံခါးပွင့်တော့ မှူးဝင်ကာ လှည့်ကြည့်လိုက်သည်။ နေ့သစ်က မှူးကို ခပ်ဆွေးဆွေး ကြည့်ကျန်ခဲ့၏။ မှူး ခလုတ်နှိပ်လိုက်တော့ ဓာတ်လှကားပိတ်သွားသည်။ မှူး ဂါဝန်စအသာမတင်၍ ခြေထောက်ကို ဆန့်ကြည့်တော့ အနည်းငယ်ရောင်ရမ်းနေသည်။ မှူး ဒေါက်ဖိနပ်ချွတ်ပစ်ကာ လက်ဖြင့် ကိုင်၍ ဓာတ်လှေကားတံခါးပွင့်တော့ ထွက်လာခဲ့သည်။ မည်သူကြည့်ကြည့် ဂရုမစိုက်ပါ။ ဦးလေးထွန်းက ကားပါကင်၌ အဆင်သင့်စောင့်နေ၏။ အိမ်ပြန်မယ်ဟု မှူးပြောလိုက်တော့ ဘာမှမပြောတော့ဘဲ သီရိမြုံသို့ မောင်းပို့ပေးသည်။
"နောက်ကျမှသွားပြီး အရင်ဆုံးပြန်လာတာလားမှူးလေးရယ်၊ ဆရာတို့နဲ့အတူ ပွဲပြီးမှ ပြန်လာရောပေါ့ကွယ်''
ကြီးကြီးမြက မှူးကို စောင့်ကြိုရင်း ပြောတော့ မှူး ကြီးကြီးမြကို ဖက်၍ ကလေးလို ရှိုက်ငိုမိသည်။
"ဘာဖြစ်လာတာလဲကွယ်၊ ပါတီမှာ ဆရာက ဆူလိုက်လို့လား၊ ကြီးကြီးမြ ရင်ပူလိုက်တာကွယ်”
မှူး ခေါင်းခါ၍ စိတ်ပြန်ထိန်းကာ ကြီးကြီးမြရင်ခွင်မှ ထွက်လိုက်သည်။ မျက်ရည်သုတ်ပစ်လိုက်၏။
"ခွမ်း”
အလယ်ထပ်မှ ပစ္စည်းတစ်ခုခုကျကွဲသံကြားလိုက်ရ၏။ ရဲရင့်၏အော်ဟစ်ပေါက်ကွဲနေသံများ ထပ်ကြားလိုက်ရသဖြင့် မှူးမော့ကြည့်လိုက်သည်။ သွင်ရိပ်၏ရန်တွေ့သံကို ခပ်သဲ့သဲ့ကြားလိုက်ရ၏။ ရန်ဖြစ်စကားများသံများ၊ ဒုန်းဒိုင်းအသံများ ထပ်ထွက်လာသဖြင့် မှူး အပေါ်သို့ တက်ရန် ပြင်လိုက်သည်။
"မောင်ရဲရင့်က စိတ်ကြမ်းရတာနဲ့ မှူးလေးထိခိုက်မိပါဦးမယ် ဝင်မပါပါနဲ့လားကွယ်၊ စိတ်ပူရချည်ရဲ့”
“မှူးက သူ့ကို ကြောက်နေစရာလား”
မှူး ဘယ်ဘက်ခြေထောက်ကို အားပြု၍ အလယ်ထပ်သို့ ထိန်းကာ တက်လာခဲ့သည်။ စကားသံများ ပိုရှင်းလင်းလာ၏။
“မင်းကို ငါ့မျက်နှာပဲ ကြည့်ပြီးနေပါလို့ မပြောထားဘူးလား၊ ငါနဲ့အတူ ပွဲတက်တာ မင်းအတွက် သိပ်ခက်ခဲနေလား၊ဟမ် ငါ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲကွ''
ဘုန်းခနဲ အသံကြမ်းကြမ်းကြားလိုက်ရသည်။ ထပ်၍ တောက်ခေါက်သံကျယ်ကို ကြားလိုက်ရပြီး ရဲရင့်က အခန်းထဲမှ ထွက်လာတော့ မျက်နှာချင်းဆိုင်တိုးတော့သည်။ ရဲရင့်က မှူးကို တွေ့တော့ လန့်သွား၏။
“မင်း ဘယ်လိုတောင် သောင်းကျန်းနေရတာလဲ၊ တစ်အိမ်လုံး ပွက်လောရိုက်နေတာပဲ”
“ကျွန်တော် ပါတီပြန်သွားလိုက်ဦးမယ်”
ရဲရင့်က ခပ်မာမာပြော၍ ခြေလှမ်းကျဲကြီးများဖြင့် အောက်ထပ်ဆင်းသွားသည်။ မှူး အံကြိတ်၍ အခန်းရှေ့သွားရပ်လိုက်တော့ သွင်ရိပ်က ကုတင်စောင်းနှင့် ခိုက်မိကာ နဖူးတွင် သွေးစီးကျနေသည်။ ကြမ်းပြင်တွင် ပစ္စည်းအကျိုးအပဲ့များ ပြန့်ကျဲနေပြီး သွင်ရိပ်က ငိုရင်း ကောက်စုနေသည်။ မှူး ရင်ထဲ နာသွားရသည်။ လက်တစ်ဖက်ကို ကောက်ဆွဲလိုက်တော့ သွင်ရိပ်က တအံ့တဩ လှည့်ကြည့်လာသည်။
“မမ”
မှူးကို မမဟု ခေါ်သော အသံမှာ မည်မျှနာကျင်စရာကောင်းလိုက်သလဲ။ အားကိုးတကြီးခေါ်လိုက်သော ဤအသံသေးသေးလေးကြောင့် ရင်ထဲ နစ်ခနဲ စူးသွားသည်။ ဒါ ဘာပုံစံလဲဟု ယူကြုံးမရဖြစ်ရသည်။ မှူး သွင်ရိပ်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ အောက်ထပ်သို့ ဆွဲခေါ်လာသည်။ ခြံထဲ ပြေးဆင်းလာ၏။
"ဘယ်သွားမလို့လဲမှူးလေးရယ်၊ ဆရာတို့သိရင် ပြဿနာတက်လိမ့်မယ်ကွယ့်''
"ပြဿနာမတက်စေချင်ဘူးဆိုရင် ဦးလေးထွန်းက မပြောပြနဲ့ပေါ့၊ မှူးတို့ကို မတားပါနဲ့”
ဦးလေးထွန်းက သွင်ရိပ်ကို ဂရုဏာသက်စွာ ကြည့်လိုက် မှူးကို ကြည့်လိုက်ဖြင့် သက်ပြင်းချကာ ကားသော့ကမ်းပေးလာသည်။ မှူး ကားသော့ယူပြီး သွင်ရိပ်နှင့်အတူ ကားထဲ ဝင်ထိုင်လိုက်သည်။ ပြီးတော့ မှူးကိုယ်တိုင် ကားတရကြမ်းမောင်းထွက်လာခဲ့သည်။
"မမ''
သွင်ရိပ်က မှူးလက်မောင်းကို ဆုပ်ကိုင်လာဖြင့် မှူးလည့်ကြည့်လိုက်တော့ ငိုနေရှာသည်။ သနားစရာလေးမို့ မှူး ရင်ကွဲရပါသည်။ ညဆယ်နာရီရှိပြီမို့ အနီးအနားမှ ရပ်ကွက်ဆေးခန်းများမှာ ပိတ်ထားကြသည်။ မှူး လမ်းသွယ်ထဲမှ ချိုးကွေ့လှည့်ထွက်ရင်း ပိတ်လုဆဲဆေးဆိုင်ရှေ့တွင် ကားထိုးရပ်လိုက်သည်။ မှူး ကားပေါ်မှ ဆင်း၍ ဒဏ်ရာထည့်ရန် ဆေးပစ္စည်းများ ဝင်ဝယ်လိုက်သည်။ ဆိုင်မှာ တံခါးတစ်ခြမ်းသာ ပိတ်ရန်ကျန်တော့ကာ မှူးကို ဆေးရောင်းပေးပါ၏။ ဆေးပစ္စည်းဝယ်ပြီး ဆေးဆိုင်ထဲမှ ပြန်ထွက်လာတော့ မှူး ခြေထောက်ထော့နဲ့သွားသည်။ သွေးပူစဥ်က သတိမထားမိသော်လည်း ယခု ခြေထောက် သိသိသာသာနာလာ၏။ ကားပေါ်မှ ဆင်းလာစဥ် ပြန်ချစီးထားသော ဒေါက်ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။
"မမခြေထောက်ပြန်နာနေတာလား၊ ဒုက္ခပါပဲမမရယ်”
သွင်ရိပ်က မှူးကို လာတွဲကူပေးသဖြင့် မှူး သူမကို ကြည့်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်များသွားလို့ နည်းနည်းအဆင်မပြေဖြစ်သွားတာ”
မှူး ကားပေါ် ရောက်တော့ ခဏပြန်ထိုးစီးထားသော ဒေါက်ဖိနပ်ကို ချွတ်ထားလိုက်သည်။ သွင်ရိပ်က ငိုထားသော မျက်နှာမို့အစ်အစ်လေးဖြင့် မှူးကို ငိုမဲ့မဲ့ကြည့်နေ၏။ ကားမီးရောင်အောက်တွင် သွင်ရိပ်မျက်နှာလေး ဆွဲမော့ကာ နဖူးရှိ ဒဏ်ရာကို မှူးအသေအချာကြည့်သည်။
"သိပ်နာနေလားသွင်ရိပ်”
သွင်ရိပ်က ငိုမဲ့မဲ့လေး ခေါင်းခါသဖြင့် မှူး ဂွမ်းထုပ်ယူထုတ်လိုက်သည်။ ဂွမ်းစတွင် အရက်ပြန်ဆွတ်၍ နဖူး၌ စေးကပ်နေသော သွေးစေးတို့ကို ယုယုယယ သန့်စင်ပေးမိသည်။ စပ်ကာ နောက်တွန့်သွား၏။
"အ''
“ခဏပဲ၊ ပြီးရင် ကောင်းသွားမှာ''
အစပ်သက်သာစေရန် နဖူးရှိ ဒဏ်ရာကို လေမှုတ်ပေးလိုက်တော့ သွင်ရိပ် ငြိမ်သွားသည်။ အနာကို ဆေးဝါရည်တို့ပေးပြီး ဂွမ်းခံကာ ဆေးပလာစတာ ကပ်ပေးလိုက်သည်။
"မမ သွင်ရိပ်တို့ ထွက်ပြေးကြရအောင်နော်၊ ဟိုးအဝေးဆုံးကိုလေ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့နေရာကို သွားကြရအောင်နော်''
မှူး သွင်ရိပ်ကို ရင်ခွင်ထဲ သွင်း၍ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ မှူး ပါးပြင်၌ မျက်ရည်တို့ ကျဆင်းလာပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
“မမအသုံးမကျတာပါကွယ်၊ မမအသုံးမကျလို့ ကလေးကံဆိုးရပြီ”
သွင်ရိပ်က မှူးကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ရင်း ရှိုက်ငိုနေ၏။ အတန်ကြာမှ ကိုယ်ချင်း ပြန်ခွာကာ မှူး သွင်ရိပ်မျက်နှာလေးကို ငုံ့မိုးကြည့်မိသည်။ နီဥနေသော ပါးပြင်နုနုလေးပေါ်မှ မျက်ရည်တို့ကို ဖယ်ရှားပေးမိသည်။
"အတူရှေ့ဆက်ပြီး အားလုံးကို ရင်ဆိုင်ကြမလား၊ မမဘက်က ရှိနေပေးမှာလား”
သွင်ရိပ်က မှူးမျက်နှာကို အတန်ကြာ စိုက်ကြည့်ရင်း ခဏကြာမှ ပြုံးကာ ခေါင်းညိတ်သည်။ ပြီးတော့ မှူး ရင်ခွင်ထဲ ခေါင်းတိုးဝင်၍ ထပ်ဖက်ပြန်၏။ ပတ်ဝန်းကျင်၌ ဆိုင်များအားလုံးပိတ်ထားကြပြီး လမ်းပေါ် ကားအသွားအလာကျဲသည်။ အိပ်စက်နေကြ၍ တိတ်ဆိတ်နေတော့သည်။ မှူး ကားမှန်ပြတင်းချ၍ အပြင်သို့ လှမ်းကြည့်မိသည်။ လခြမ်းကွေးတစ်ဝက်မှာ အဝါရောင်သမ်းကာ ထိန်လင်းနေ၏။
“သွင်ရိပ်လေ အိမ်မပြန်ချင်တော့ဘူး၊ မမနဲ့အတူရှိချင်တယ်၊ စကားအများကြီးပြောချင်တယ်၊ ဒီလိုလေး ကြည့်နေချင်တယ်၊ မမလက်ကို ဆုပ်ကိုင်ထားချင်တယ်၊ ဟောဒီလို အမြဲထိခွင့်ရချင်တယ်”
သွင်ရိပ်က မှူးမှေးဖျားကို မော့နမ်းကာ လည်တိုင်ကို ထိတွေ့ဆော့ကစားနေ၏။ မှူး သွင်ရိပ်လက်လေးကို ဖမ်းကိုင်၍ အသာအယာနမ်းရှိုက်လိုက်သည်။ အချစ်ကို မှူးကောင်းကောင်းခံစားမိနေသည်။
“မမက သွင်ရိပ်ကို လုံးဝအပြစ်မမြင်နိုင်တာ ချစ်လွန်းလို့ကွယ်၊ တကယ်တော့ မမက skin shipကို မကြိုက်ဘူး၊ အခုတော့ သွင်ရိပ်ကို ဖက်ထားရတာ အသည်းထဲထိ ပျော်လို့ ဒီလိုလေးပဲ နေလိုက်ချင်တယ်”
မှူး ကားမှန်ပြန်ချ၍ တံခါးလော့ချကာ သွင်ရိပ်ကို ငုံ့မိုးကြည့်မိသည်။ သွင်ရိပ်က မှူးရင်ဘတ်ကို ခေါင်းမှီ မှူးခါးကို မလွတ်တမ်းဖက်ထားသည်။ မျက်လုံးမှိတ်ကာ အိပ်နေရှာ၏။ မှူး သွင်ရိပ်ကို ဖက်ပေးထားရင်း အပြင်သို့ ရှုတည်တည်ကြည့်နေမိသည်။
~
တစ်အိမ်လုံးရှိ အဝတ်များအားလုံးကို မီးပူထိုး၍ မမမှူးအဝတ်များကို သီးသန့်ခွဲထုတ်ယူကာ သွင်ရိပ် အပေါ်ဆုံးထပ်သို့ တက်လာခဲ့သည်။ မမအခန်းထဲ ဝင်၍ အဝတ်များ ဗီရိုထဲ သေချာစီရီထားပေးသည်။ ပြီးတော့ မမကုတင်ပေါ် ထိုင်၍ မမ၏ကိုယ်သင်းရနံ့ရှိလိုရှိငြား ရှာဖွေ စူးစမ်းမိသေးသည်။ တစ်ဆယ့်ငါးမိနစ်ခန့်ထိုင်၍ တက်ကြွသော ခြေလှမ်းတို့ဖြင့် အလယ်ထပ်သို့ ပြန်ဆင်းလာသည်။ နှုတ်ဖျားမှ အချစ်သီချင်းချိုချိုကို အသံထွက်အောင် ညည်းဆိုမိ၏။ အခန်းထဲ ဝင်လာတော့ ကိုရဲရင့်က ခက်ထန်သောမျက်နှာဖြင့် ခါးထောက်ရပ်နေသည်။ သွင်ရိပ် ဂရုမထားဘဲ ရှောင်သွားလိုက်တော့ ကိုရဲရင့်က မီးပူတိုက်ထားသော အဝတ်စီတန်းကို ကန်မှောက်ပစ်လိုက်သဖြင့် လန့်သွားရသည်။
“မင်းက ဘာလဲ၊ ယောက်ျားလျာလား၊ မင်းနဲ့မမက ဘာတွေလဲကွ”
“မမနဲ့သွင်ရိပ်က ချစ်သူတွေ ဒါပေမဲ့ သွင်ရိပ်က ယောက်ျားလျာမဟုတ်သလို ယောက်ျားစိတ်လဲ ပေါက်မနေဘူး၊ သွင်ရိပ်က မမကို အစ်မတစ်ယောက်လိုရော ချစ်သူလိုရော ချစ်တယ်”
"မင်းရဲ့အဆင်သင့်မဖြစ်သေးပါဘူးဆိုပြီး ကြီးကျယ်မြင့်မြတ်လွန်းစွာ ထိန်းသိမ်းထားတဲ့ခန္ဓာကိုယ်က ဟိုမိန်းမအတွက်တဲ့လား၊ တောက်! မာနထိခိုက်လိုက်တာကွာ ဖြန်း”
ကိုရဲရင့်က သွင်ရိပ်ပါးပြင်ကို ဘယ်လက်ဖြင့် ခတ်ပစ်လိုက်တော့ သွင်ရိပ်မှာ တိုက်ရိုက်ထိကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။ ပါးပြင်မှာ စပ်သွား၏။
“မင်း ငါ့ကို အရူးလုပ်လိုက်တာ၊ မင်းတို့အားလုံး ငါ့ကို အရူးလုပ်တာ၊ ငါလုံးဝမကျေနပ်ဘူး”
ကိုရဲရင့်က မီးပူအိုးကို ကောက်ယူ၍ ပလပ်ခုံတွင် ထိုးလိုက်သဖြင့် သွင်ရိပ်မျက်လုံးပြူးသွားသည်။ ကိုရဲရင့်က မီးပူအိုးကိုင်၍ သွင်ရိပ်ဆီသို့ တိုးကပ်လာသည်။ သူ့မျက်နှာမှာ ဒေါသကြီးနေ၏။
“ရှင် ဘာလုပ်မလို့လဲ၊ ရူးသွားပြီလား''
တံခါးဖွင့်သံ ဘုန်းခနဲ ကျယ်လောင်စွာ ကြားလိုက်ရသည်။ သွင်ရိပ် အားကိုးတကြီး လှည့်ကြည့်မိသည်။ ဒေါ်တေးမာလာနှင့်မမမှူးတို့ အခန်းထဲ တိုးဝင်လာကြသည်။
"ရဲရင့်၊ မင်းဘာလုပ်တာလဲ၊ ဖယ်စမ်း”
ဒေါ်တေးမာလာက ပလပ်ကြိုးဖြုတ်၍ ကိုရဲရင့်လက်ထဲမှ မီးပူအိုးကို ဆွဲလုလိုက်သည်။ မမမှူးက သွင်ရိပ်ကို လာဆွဲထူပေး၏။ သွင်ရိပ် မမကို အားကိုးတကြီး ဖက်ရင်း ဝမ်းနည်းလွန်းစွာ ရှိုက်ငိုမိသည်။
"မာမီနဲ့မမ ကျွန်တော်တို့လင်မယားကြားက ကိစ္စဝင်မရှုပ်ပါနဲ့၊ ကျွန်တော်တို့ပဲ ရှင်းမယ်”
"သွင်ရိပ်ကို မထိနဲ့၊ မင်းမိန်းမ မဟုတ်ဘူး၊ သွင်ရိပ်က ငါ့ချစ်သူ ငါ့ချစ်ရတဲ့သူလို့”
ဒေါသကြောင့် မမ၏အသံလှိုင်းလေးမှာ တုန်ခါပြီး ထွက်လာသည်။ သွင်ရိပ်မျက်ရည်ကြားမှ မော့ကြည့်မိတော့ မမလည်တိုင်၌ စိမ်းမြသော သွေးကြောလေးများ ထောင်နေတော့သည်။
====
ဆက်ရန်။
#ကြွေ
ဓာတ္ပုံစတိုဒီယို ႐ုံးခန္းထဲ၌ ကိုကိုက customerႏွင့္ ေတြ႕ကာ စကားေျပာေနသျဖင့္ သြင္ရိပ္ ေရွ႕မွ ခုံတန္း၌ ထိုင္ေစာင့္ေနမိသည္။ အေဝးေျပးကုန္တင္ကားႀကီးမ်ား၊ ဇိမ္ခံကားမ်ား၊ အဌားကားမ်ားမွာ မၾကာမၾကာ ျဖတ္ေမာင္းသြားၾကၿပီး ေျမမႈန့္ဖုန္မႈန့္မ်ား သြင္ရိပ္ဆီသို႔ လြင့္လာၾကေၾကာင္း ခံစားရသည္။ ေလထုက မသန့္သည့္အျပင္ သြင္ရိပ္စိတ္တို႔မွာလည္း ညစ္ေပေနသည္။ ပ်င္းပ်င္းျဖင့္ မဂၢဇင္းစာအုပ္တစ္အုပ္ ယူဖတ္ရင္း မၾကာမၾကာ ကားလမ္းမဘက္သို႔ ေငးၾကည့္မိသည္။ တစ္ဖက္လမ္း၌ ေပါက္ေနေသာ မာလကာပင္ေပၚမွ မာလကာသီးဆီသို႔လည္း အၾကည့္ေရာက္သြားသည္။ တစ္ဖက္ဆိုင္မွ ေၾကာင္တစ္ေကာင္မွာ ျမက္ပင္အခ်ိဳ႕ကို ကိုက္စားေနျခင္းကိုလည္း စိတ္ဝင္တစားၾကည့္မိျပန္၏။ သြင္ရိပ္ကိုယ္တိုင္ ဘယ္အရာကို ျမင္သမွ် ေလွ်ာက္ၾကည့္ေနမိလည္း မသိေတာ့ေပ။
“ပ်င္းေနၿပီလားသြင္ရိပ္၊ ကိုကိုက သြင္ရိပ္ျပန္သြားၿပီထင္ေနတာ”
ကိုကိုက ခုံတန္း၌ ဝင္ထိုင္ကာ ေျပာလာသည္။ သြင္ရိပ္ လမ္းမဘက္ လွမ္းၾကည့္ေတာ့ ကိုကို၏customerႏွစ္ဦး ကားေပၚတက္ကာ ထြက္သြားၾကသည္။
"အလုပ္ေတြအရမ္းႀကိဳးစားတာေနာ္၊ ကိုကို႔ကို ရတဲ့ေကာင္မေလးေတာ့ ကံေကာင္းမွာပဲ”
"ေကာင္မေလးမရွိေသးဘူးဆိုေတာ့ သြင္ရိပ္ပဲ ပိုက္ဆံကူသုံးေပးဦး၊ ဒီေန႕ ဆိုင္အေစာႀကီးပိတ္ၿပီး သြင္ရိပ္ကို မုန႔္လိုက္ေကြၽးမယ္''
ကိုကိုက သြင္ရိပ္ေခါင္းကို အသာပုတ္၍ ဆိုင္ပိတ္ရန္ ျပင္ေတာ့ သြင္ရိပ္ဆြဲထားလိုက္သည္။
"ရပါတယ္ကိုကို၊ သြင္ရိပ္ေနာက္တစ္ေခါက္မွပဲ စားေတာ့မယ္၊ အခုက ကိစၥေလးရွိလို႔ေလ''
“ဟုတ္လား၊ ေျပာေလ ကိုကိုဘာကူညီေပးရမလဲ”
သြင္ရိပ္ လက္ဆြဲအိတ္ထဲမွ အျပာေရာင္ဖိတ္စာအိတ္ေလး ထုတ္ယူကာ ကိုကို႔ကို ေပးလိုက္သည္။
"မမမႉးရဲ႕ဒက္ဒီနဲ႕မာမီႏွစ္ပတ္လည္ပါတီပြဲဖိတ္စာေလ၊ ကိုကိုလည္း ျဖစ္ေအာင္လာခဲ့ေနာ္''

"မႉးကိုယ္တိုင္လာဖိတ္ရမွာမလား၊ မႉးက ကိုကို႔ကို မလာေစခ်င္ဘူးထင္တယ္''
ကိုကိုက ဖိတ္စာဖြင့္ဖတ္ရင္း ပင့္သက္ရွိုက္ေနသျဖင့္ သြင္ရိပ္ ခုံတန္းေနာက္ကို အားေလ်ာ့စြာ မွီထိုင္ခ်လိဳက္သည္။
"သြင္ရိပ္လဲ မသိေတာ့ပါဘူး၊ မမက သြင္ရိပ္ကို စကားမေျပာေတာ့ဘူးေလ၊ မ်က္ႏွာခ်င္းေတာင္ မဆိုင္ဘူး၊ တစ္အိမ္ထဲေနၿပီး ကမၻာျခားေနသလိုမ်ိဳးခံစားရတယ္''
“သြင္ရိပ္ တကၠစီနဲ႕ လာတာမဟုတ္လား၊ ကိုကိုျပန္ပို႔ေပးမယ္၊ ခဏေလးပဲ ေစာင့္”
ကိုကိုက သြင္ရိပ္ေခါင္းကို အသာပုတ္၍ ဆိုင္ထဲ ျပန္ဝင္သြား၏။ ေလထုႏြေးႏြေးက သြင္ရိပ္ပါးျပင္မွ ျဖတ္ေျပးသြားသည္။ သြင္ရိပ္ထရပ္၍ စတိုဒီယိုေရွ႕ လမ္းထြက္ေလွ်ာက္ေနမိသည္။ ခဏၾကာေတာ့ ကိုကိုက ဆိုင္ေသာ့ပိတ္ကာ ထြက္လာသည္။ ကိုကိုက ကားျဖင့္ အိမ္အေရာက္လိုက္ပို႔ေပး၏။
သီရိၿမဳံစံအိမ္ရွိ ၿခံထဲတြင္ မမက အရိပ္ရေသာ ခုံတန္းျပာ၌ စာအုပ္တစ္အုပ္ထိုင္ဖတ္ေနသည္။ ေဘးတြင္ ေ႐ႊေရာင္တုတ္ေကာက္ေလးကို ေထာင္ထား၏။ ရွပ္အကၤ်ီႏွင့္ထဘီကို အိမ္ေနရင္းအဝတ္အျဖစ္ ရိုးရိုးရွင္းရွင္းဝတ္ထားၿပီး ဆံပင္ရွည္ ျဖန့္ခ်ကာ ညာဘက္ရင္ဘတ္ေရွ႕ စုပို႔ထားသည္။ ညေနခင္းမွာ ေလျပည္တစ္ခ်က္ေဝ့ေလတိုင္း ဝဲလြင့္သြားေသာ ဆံႏြယ္ရွည္ေၾကာင့္ သြင္ရိပ္မွာ ေငးသြားသည္။
"ဟိုမွာ မႉးထိုင္ေနတာပဲ၊ စကားေျပာၾကည့္ဦးမွပါ”
"ကိုကိုအရင္သြားေနာ္၊ သြင္ရိပ္ ေကာ္ဖီယူလာေပးမယ္”
သြင္ရိပ္ အိမ္ထဲသို႔ ေျပးဝင္လာခဲ့သည္။ အိတ္မ်ား ခ်၍ ေကာ္ဖီႏွစ္ခြက္ကို စိတ္ႀကိဳက္ေဖ်ာ္ေနမိသည္။ ကိုကိုက ဂ်ီးမမ်ားတတ္သျဖင့္ ပုံမွန္အတိုင္း ေဖ်ာ္ကာ မမအတြက္ အရသာမလြဲေအာင္ သတိထားရ၏။ မမက အခ်ိဳမႀကိဳက္သလို အရမ္းခါးသက္ေနတာမ်ိဳးလည္း မႀကိဳက္။ အရသာအဆင္ေျပမွ ေကာ္ဖီႏွစ္ခြက္ယူ၍ ၿခံထဲ ဆင္းလာေတာ့ မမက စာအုပ္ပိတ္ကာ ကိုကိုႏွင့္ စကားေျပာေနသည္။
"ေကာ္ဖီရပါၿပီ''
သြင္ရိပ္ၿပဳံးကာ ေကာ္ဖီခြက္ေပးေတာ့ မမက ခုံတန္းမွ ထရပ္လိုက္သည္။
"မႉး အေပၚတက္ႏွင့္ေတာ့မယ္ေန႕သစ္”
မမက သြင္ေရာက္လာမွ ကိုကို႔ကို ထႏႈတ္ဆက္ကာ ထြက္သြားသျဖင့္ သြင္ရိပ္ ေကာ္ဖီခြက္ေလးကိုင္၍ က်န္ခဲ့သည္။ မမမႉးဟာေလ အသည္းသိပ္မာသည္။ သြင္ရိပ္ကို တစ္လတိတိ အဖက္မလုပ္ဘဲ ေနနိုင္၏။
~
ေရာင္စုံမီးသီး၊ LEDမီးေခ်ာင္းအျမႇောက္အမ်ားျဖင့္ အလွဆင္ထားေသာ Hotel၏ Roof topသို႔ မႉး ေရာက္ရွိေနသည္။ Sound boxမွ တီးလုံးသံမ်ား  သာယာၿငိမ့္ေညာင္းေနသည္။ ပြဲအလယ္၌ ကိတ္မုန့္သည္ ေမွ်ာ္စင္သဖြယ္ အလွဆင္ထားသျဖင့္ ခမ္းနားထည္ဝါေနသည္။ ဦးမင္းေသာ္ႏွင့္ေဒၚေတးမာလာ၏ ၃၅ႏွစ္ျပည့္ ေက်ာက္စိမ္းရတုမဂၤလာႏွစ္ပတ္လည္ဆိုသည့္စာလုံးလွလွေလးေတြကို ေငးမိသည္။ ေလွ်ာက္လမ္း၌ ေကာ္ေဇာနီအျပည့္ခင္းထားၿပီး အဝင္ဝတြင္ ဒက္ဒီတို႔၏စုံတြဲဓာတ္ပုံႀကီး ေထာင္ထားသည္။ ဂုဏ္သေရရွိ လူႀကီးလူေကာင္းမ်ားအလယ္ ဝင့္ထည္ေနေသာ မႉးတို႔မိသားစုကို လူတိုင္းက အားက်ေနၾကသည္။
ေကာ္ေဇာနီေလွ်ာက္လမ္းအတိုင္း မႉးဝင္လာေတာ့ အေတာ္မ်ားမ်ားမွာ မႉးကို လွည့္ၾကည့္လာၾကသည္။ အနီေရာင္ေက်ာေဖာက္ဂါဝန္ရွည္ကို ခ်ပ္ရပ္စြာ ဝတ္ထားၿပီး ဆံထုံးေျပေျပထုံးထားသျဖင့္ မႉးကိုယ္ဟန္မွာ အျမင္လည္း မရိုင္းလွ။ ဒက္ဒီတို႔ကို အရွက္မရေစခ်င္၍ ေ႐ႊေရာင္တုတ္ေကာက္မယူဘဲ ဤအတိုင္း ေလွ်ာက္လာသည္။ မစီးသည္မွာ ၾကာေသာ ေဒါက္ဖိနပ္နီကို စြန့္စြန့္စားစား စီးလာခဲ့သည္။
"ဒါ ကြၽန္ေတာ့္သမီး ေတးယစ္မႉးေလဗ်ာ''
ဒက္ဒီက ဝွီးခ်ဲ့ေပၚ ထိုင္ရင္း မႉးလက္ကို အသာဆြဲကာ သူ၏မိတ္ေဆြမ်ားကို မိတ္ဆက္ေပးလာသည္။ မႉး အံ့ဩမိၿပီး အမ်ိဳးအမည္မသိ ဝမ္းနည္းေသာ ခံစားခ်က္တို႔ ေပၚလာသည္။
"ကိုမင္းေသာ္ကေတာ့ဗ်ာ ဒီေလာက္ နတ္သမီးေလးလိုလွတဲ့သမီးကို အခုမွပဲ ပြဲထုတ္ေတာ့တယ္၊ သားရွင္မိဘေတြ ႀကိဳတင္စာရင္းေပးၾကမွာ ေၾကာက္လို႔ထင္ပါတယ္ဗ်ာ၊ ဟားဟား''
ဒက္ဒီ့မိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္လူႀကီးက ရယ္သြမ္းေသြးေျပာေတာ့ ဒက္ဒီက ၿပဳံးေနသည္။ မႉးလည္း တေလးတစား ျပန္ၿပဳံးျပလိုက္သည္။ ဒက္ဒီက မႉးကို သူ႕မိတ္ေဆြတစ္ဦးၿပီးတစ္ဦး လိုက္လံမိတ္ဆက္ေပးေနသျဖင့္ ဒက္ဒီ့ေနာက္မွ ဝွီးခ်ဲ့တြန္းရင္း မႉးလိုက္ရသည္။ လူႀကီးမ်ား၏စကားဝိုင္းတြင္ လိုက္ပါရင္း ေဘးဘက္ လွမ္းၾကည့္ေတာ့ သြင္ရိပ္က မႉးကို ေငးၾကည့္ေနသည္။ ေဘးတြင္ ရဲရင့္လည္း အတူရွိေနၿပီး ရဲရင့္က သူ႕ေဘာ္ဒါမ်ားႏွင့္ စကားေျပာေန၏။ သြင္ရိပ္က လက္တစ္လုံးႀကိဳးဂါဝန္အတိုဝတ္ထားၿပီး သူမ၏ႏုဖတ္ေခ်ာေမြ႕ေနေသာအသားအေရေၾကာင့္ ထင္ရွားေနသည္။ ရဲရင့္ကို ေက်ာခိုင္း၍ မႉးဘက္သို႔ အေသအခ်ာလွည့္ရပ္ကာ မ်က္ႏွာငယ္ျဖင့္ ၾကည့္ေနသျဖင့္ မႉး အၾကည့္လႊဲပစ္လိုက္သည္။ ခပ္ေဝးေဝးသို႔ ထြက္လာခဲ့၏။
"မႉးေရ ဒီကို လာပါဟာ၊ ငါတို႔ နင့္ကို ေစာင့္ေနတာ''
ယမင္းက မႉးကို လာဆြဲေခၚေတာ့ မႉး အျခားဝိုင္းသို႔ ေရာက္လာသည္။ ေန႕သစ္ေရာက္ေနသျဖင့္ မႉးၿပဳံးကာ ႏႈတ္ဆက္လိုက္သည္။ ဟိုတယ္ဝန္ထမ္းမ်ားက ဝိုင္မ်ား၊ မုန့္မ်ားထည့္ထားေသာ လင္ဗန္းတို႔ကိုင္၍ ဝန္ေဆာင္မႈေပးေနသည္။ ယမင္းက ဝန္ထမ္းတစ္ဦးကို လွမ္းေခၚ၍ မႉးအတြက္ ဝိုင္တစ္ခြက္ ယူေပးသည္။
"မေတြ႕တာၾကာၿပီေနာ္မႉး၊ ႏွစ္ေတြ ၾကာသြားေပမဲ့ မႉးကေတာ့ ပိုလွလာတယ္’’
ကိုစိုင္းျမတ္သူက ႏႈတ္ဆက္သျဖင့္ မႉးၿပဳံးလိုက္သည္။
“စိုင္းျမတ္က အိမ္ေထာင္က်သြားၿပီမႉးရဲ႕၊ ရွမ္းမေလးနဲ႕ေလ အခုဆို သမီးတစ္ေယာက္ေတာင္ ရေနၿပီ’’
“ဟုတ္လား၊ ဘယ္တုန္းကလဲကိုစိုင္းျမတ္သူ”
“ကိုယ္မဂၤလာေဆာင္တုန္းက မႉးနိုင္ငံျခားေရာက္ေနလို႔ မဖိတ္လိုက္ရတာ၊ ကိုယ့္သမီးက တစ္ႏွစ္ျပည့္ၿပီ”
“Congratulationပါကိုစိုင္းျမတ္သူ၊ အခုေတာ့ ရွင္လိုခ်င္တဲ့မိသားစုဘဝေလးပိုင္ဆိုင္ရေနၿပီေပါ့”
မႉး ကိုစိုင္းျမတ္သူကို ဂုဏ္ျပဳေပးလိုက္သည္။ ယမင္းက ဝိုင္ခြက္ကို တိုက္ရန္ ျမႇောက္လိုက္သျဖင့္ အားလုံးက ခြက္ျမႇောက္ၾကသည္။ မႉးလည္း အားလုံးသေဘာက် ျမႇောက္ေပးလိုက္၏။
“ခ်ီးယားစ္''
ဝိုင္ခြက္ကိုယ္စီတိုက္ၿပီးေတာ့ မႉး လွ်ာဖ်ားတင္႐ုံေလး တစ္ငုံေသာက္လိုက္သည္။ ေန႕သစ္က မႉးေဘးကပ္ကာ အရမ္းမေသာက္ႏွင့္ဟု သတိေပးလာသျဖင့္ ဟန္လုပ္ရယ္ေမာမိေသးသည္။


"မႉးေမာင္ေလးက မႉးကို ေက်ာ္ၿပီး မိန္းမယူသြားၿပီေနာ္၊ မႉးကေတာ့ အခုခ်ိန္ထိ အပ်ိဳႀကီးလုပ္လို႔ မဝေသးဘူးထင္တယ္''
ကိုစိုင္းျမတ္သူက ႐ြတ္ေနာက္ေနာက္လွမ္းေျပာလာသည္။ မႉး သြင္ရိပ္ဘက္သို႔ လွမ္းၾကည့္မိသည္။ ရဲရင့္က သြင္ရိပ္လက္ကို သူ႕လက္ေမာင္းအားျဖင့္ ဖိညွပ္ထား၏။ သြင္ရိပ္က ဟန္မေဆာင္နိုင္ေအာင္ မ်က္ႏွာပ်က္ေနသည္။ မႉးကိုလည္း အကူအညီေတာင္းေနသလိုမ်က္ဝန္းျဖင့္ လွမ္းၾကည့္ေသး၏။
"ယမင္း''
"ဟင္…အင္း ေျပာေလမႉး ဘာျဖစ္လို႔လဲ”
"ငါ့ရဲ႕ဇာတာမွာ တစ္ပါးသူရဲ႕အိမ္ေထာင္ေရးကို ဖ်က္ဆီးမဲ့ လကၡဏာရွိတယ္လို႔ နင္ေျပာဖူးတာမွတ္မိလား”
“မွတ္မိတာေပါ့ဟယ္၊ ငါေျပာတုန္းက နင္မယုံဘူးမဟုတ္လား၊ ငါ့မွာ တကယ္စိုးရိမ္လိုက္ရတာ”
"ၾကည့္ရတာ အဲဒါက အခုမွအစထင္တယ္၊ ဟက္”
မႉး ေလွာင္ရယ္ပစ္လိုက္ေတာ့ ယမင္းက သြင္ရိပ္ဘက္သို႔ မ်က္လုံးအျပဴးသားၾကည့္သည္။ မႉးလက္ကို တားမည့္အဓိပၸါယ္ျဖင့္ အလန့္တၾကား ဆုပ္ကိုင္လာ၏။ မႉးတို႔ ၾကည့္ေနစဥ္ သြင္ရိပ္မွာ ပါတီအျပင္သို႔ ေျပးထြက္သြားသည္။ ရဲရင့္က ေဒါသတႀကီး လိုက္သြား၏။ မႉး ဝိုင္ခြက္ခ်၍ ပါတီအတြင္းမွ ခပ္သြက္သြက္ ထြက္လိုက္လာသည္။
"မႉး ဘယ္လဲ”
ေန႕သစ္အသံၾကားေသာ္လည္း မႉး roof topမွ လွည့္ထြက္လာသည္။ အျပင္၌ မည္သူမွမရွိေပ။ သြင္ရိပ္တို႔ကိုလည္း မေတြ႕ရ။ ခြဲစိတ္ထားေသာ ညာဘက္ေျခေထာက္မွာ ထိုးကိုက္လာသျဖင့္ မႉး ဓာတ္ေလွကားေရွ႕ ရပ္ေစာင့္ရင္း ႀကိတ္ညည္းမိသည္။ ေဒါက္ဖိနပ္မစီးသည္မွာ ၾကာၿပီျဖစ္၍ စီးလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ ျပန္နာလာ၏။ ေန႕သစ္က မႉးလက္ကို ဖမ္းကိုင္ကာ ကူထိန္းေပးလိုက္သျဖင့္ မႉး ဖ်တ္ခနဲ လွည့္ၾကည့္လိုက္သည္။
"မႉးအဆင္ေျပရဲ႕လား၊ ကိုယ္ ဘာကူညီေပးရမလဲ”
"ရပါတယ္''
ေန႕သစ္က မႉးေျခေထာက္ကို စိုးရိမ္စြာ ငုံ႕ၾကည့္ရင္း ေမးလာသည္။ မႉး ေန႕သစ္လက္ကို မသိမသာဖယ္၍ ဓာတ္ေလွကားတံခါးေစာင့္ေနလိုက္သည္။
"မႉး အရင္ျပန္ႏွင့္ၿပီ၊ ေန႕သစ္က ကိတ္ခြဲၿပီးမွျပန္ေနာ္''
ဓာတ္ေလွကားတံခါးပြင့္ေတာ့ မႉးဝင္ကာ လွည့္ၾကည့္လိုက္သည္။ ေန႕သစ္က မႉးကို ခပ္ေဆြးေဆြး ၾကည့္က်န္ခဲ့၏။ မႉး ခလုတ္ႏွိပ္လိုက္ေတာ့ ဓာတ္လွကားပိတ္သြားသည္။ မႉး ဂါဝန္စအသာမတင္၍ ေျခေထာက္ကို ဆန့္ၾကည့္ေတာ့ အနည္းငယ္ေရာင္ရမ္းေနသည္။ မႉး ေဒါက္ဖိနပ္ခြၽတ္ပစ္ကာ လက္ျဖင့္ ကိုင္၍ ဓာတ္ေလွကားတံခါးပြင့္ေတာ့ ထြက္လာခဲ့သည္။ မည္သူၾကည့္ၾကည့္ ဂ႐ုမစိုက္ပါ။ ဦးေလးထြန္းက ကားပါကင္၌ အဆင္သင့္ေစာင့္ေန၏။ အိမ္ျပန္မယ္ဟု မႉးေျပာလိုက္ေတာ့ ဘာမွမေျပာေတာ့ဘဲ သီရိၿမဳံသို႔ ေမာင္းပို႔ေပးသည္။
"ေနာက္က်မွသြားၿပီး အရင္ဆုံးျပန္လာတာလားမႉးေလးရယ္၊ ဆရာတို႔နဲ႕အတူ ပြဲၿပီးမွ ျပန္လာေရာေပါ့ကြယ္''
ႀကီးႀကီးျမက မႉးကို ေစာင့္ႀကိဳရင္း ေျပာေတာ့ မႉး ႀကီးႀကီးျမကို ဖက္၍ ကေလးလို ရွိုက္ငိုမိသည္။
"ဘာျဖစ္လာတာလဲကြယ္၊ ပါတီမွာ ဆရာက ဆူလိုက္လို႔လား၊ ႀကီးႀကီးျမ ရင္ပူလိုက္တာကြယ္”
မႉး ေခါင္းခါ၍ စိတ္ျပန္ထိန္းကာ ႀကီးႀကီးျမရင္ခြင္မွ ထြက္လိုက္သည္။ မ်က္ရည္သုတ္ပစ္လိုက္၏။
"ခြမ္း”
အလယ္ထပ္မွ ပစၥည္းတစ္ခုခုက်ကြဲသံၾကားလိုက္ရ၏။ ရဲရင့္၏ေအာ္ဟစ္ေပါက္ကြဲေနသံမ်ား ထပ္ၾကားလိုက္ရသျဖင့္ မႉးေမာ့ၾကည့္လိုက္သည္။ သြင္ရိပ္၏ရန္ေတြ႕သံကို ခပ္သဲ့သဲ့ၾကားလိုက္ရ၏။ ရန္ျဖစ္စကားမ်ားသံမ်ား၊ ဒုန္းဒိုင္းအသံမ်ား ထပ္ထြက္လာသျဖင့္ မႉး အေပၚသို႔ တက္ရန္ ျပင္လိုက္သည္။
"ေမာင္ရဲရင့္က စိတ္ၾကမ္းရတာနဲ႕ မႉးေလးထိခိုက္မိပါဦးမယ္ ဝင္မပါပါနဲ႕လားကြယ္၊ စိတ္ပူရခ်ည္ရဲ႕”
“မႉးက သူ႕ကို ေၾကာက္ေနစရာလား”
မႉး ဘယ္ဘက္ေျခေထာက္ကို အားျပဳ၍ အလယ္ထပ္သို႔ ထိန္းကာ တက္လာခဲ့သည္။ စကားသံမ်ား ပိုရွင္းလင္းလာ၏။
“မင္းကို ငါ့မ်က္ႏွာပဲ ၾကည့္ၿပီးေနပါလို႔ မေျပာထားဘူးလား၊ ငါနဲ႕အတူ ပြဲတက္တာ မင္းအတြက္ သိပ္ခက္ခဲေနလား၊ဟမ္ ငါ့ကို ဘာလို႔ လက္ထပ္ခဲ့တာလဲကြ''
ဘုန္းခနဲ အသံၾကမ္းၾကမ္းၾကားလိုက္ရသည္။ ထပ္၍ ေတာက္ေခါက္သံက်ယ္ကို ၾကားလိုက္ရၿပီး ရဲရင့္က အခန္းထဲမွ ထြက္လာေတာ့ မ်က္ႏွာခ်င္းဆိုင္တိုးေတာ့သည္။ ရဲရင့္က မႉးကို ေတြ႕ေတာ့ လန့္သြား၏။
“မင္း ဘယ္လိုေတာင္ ေသာင္းက်န္းေနရတာလဲ၊ တစ္အိမ္လုံး ပြက္ေလာရိုက္ေနတာပဲ”
“ကြၽန္ေတာ္ ပါတီျပန္သြားလိုက္ဦးမယ္”
ရဲရင့္က ခပ္မာမာေျပာ၍ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေအာက္ထပ္ဆင္းသြားသည္။ မႉး အံႀကိတ္၍ အခန္းေရွ႕သြားရပ္လိုက္ေတာ့ သြင္ရိပ္က ကုတင္ေစာင္းႏွင့္ ခိုက္မိကာ နဖူးတြင္ ေသြးစီးက်ေနသည္။ ၾကမ္းျပင္တြင္ ပစၥည္းအက်ိဳးအပဲ့မ်ား ျပန့္က်ဲေနၿပီး သြင္ရိပ္က ငိုရင္း ေကာက္စုေနသည္။ မႉး ရင္ထဲ နာသြားရသည္။ လက္တစ္ဖက္ကို ေကာက္ဆြဲလိုက္ေတာ့ သြင္ရိပ္က တအံ့တဩ လွည့္ၾကည့္လာသည္။
“မမ”
မႉးကို မမဟု ေခၚေသာ အသံမွာ မည္မွ်နာက်င္စရာေကာင္းလိုက္သလဲ။ အားကိုးတႀကီးေခၚလိုက္ေသာ ဤအသံေသးေသးေလးေၾကာင့္ ရင္ထဲ နစ္ခနဲ စူးသြားသည္။ ဒါ ဘာပုံစံလဲဟု ယူႀကဳံးမရျဖစ္ရသည္။ မႉး သြင္ရိပ္လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္၍ ေအာက္ထပ္သို႔ ဆြဲေခၚလာသည္။ ၿခံထဲ ေျပးဆင္းလာ၏။
"ဘယ္သြားမလို႔လဲမႉးေလးရယ္၊ ဆရာတို႔သိရင္ ျပႆနာတက္လိမ့္မယ္ကြယ့္''
"ျပႆနာမတက္ေစခ်င္ဘူးဆိုရင္ ဦးေလးထြန္းက မေျပာျပနဲ႕ေပါ့၊ မႉးတို႔ကို မတားပါနဲ႕”
ဦးေလးထြန္းက သြင္ရိပ္ကို ဂ႐ုဏာသက္စြာ ၾကည့္လိုက္ မႉးကို ၾကည့္လိုက္ျဖင့္ သက္ျပင္းခ်ကာ ကားေသာ့ကမ္းေပးလာသည္။ မႉး ကားေသာ့ယူၿပီး သြင္ရိပ္ႏွင့္အတူ ကားထဲ ဝင္ထိုင္လိုက္သည္။ ၿပီးေတာ့ မႉးကိုယ္တိုင္ ကားတရၾကမ္းေမာင္းထြက္လာခဲ့သည္။
"မမ''
သြင္ရိပ္က မႉးလက္ေမာင္းကို ဆုပ္ကိုင္လာျဖင့္ မႉးလည့္ၾကည့္လိုက္ေတာ့ ငိုေနရွာသည္။ သနားစရာေလးမို႔ မႉး ရင္ကြဲရပါသည္။ ညဆယ္နာရီရွိၿပီမို႔ အနီးအနားမွ ရပ္ကြက္ေဆးခန္းမ်ားမွာ ပိတ္ထားၾကသည္။ မႉး လမ္းသြယ္ထဲမွ ခ်ိဳးေကြ႕လွည့္ထြက္ရင္း ပိတ္လုဆဲေဆးဆိုင္ေရွ႕တြင္ ကားထိုးရပ္လိုက္သည္။ မႉး ကားေပၚမွ ဆင္း၍ ဒဏ္ရာထည့္ရန္ ေဆးပစၥည္းမ်ား ဝင္ဝယ္လိုက္သည္။ ဆိုင္မွာ တံခါးတစ္ျခမ္းသာ ပိတ္ရန္က်န္ေတာ့ကာ မႉးကို ေဆးေရာင္းေပးပါ၏။ ေဆးပစၥည္းဝယ္ၿပီး ေဆးဆိုင္ထဲမွ ျပန္ထြက္လာေတာ့ မႉး ေျခေထာက္ေထာ့နဲ႕သြားသည္။ ေသြးပူစဥ္က သတိမထားမိေသာ္လည္း ယခု ေျခေထာက္ သိသိသာသာနာလာ၏။ ကားေပၚမွ ဆင္းလာစဥ္ ျပန္ခ်စီးထားေသာ ေဒါက္ဖိနပ္ကို ငုံ႕ၾကည့္လိုက္သည္။
"မမေျခေထာက္ျပန္နာေနတာလား၊ ဒုကၡပါပဲမမရယ္”
သြင္ရိပ္က မႉးကို လာတြဲကူေပးသျဖင့္ မႉး သူမကို ၾကည့္လိုက္သည္။
"ဘာမွမျဖစ္ပါဘူး၊ ေဒါက္ဖိနပ္စီးၿပီး လမ္းေလွ်ာက္မ်ားသြားလို႔ နည္းနည္းအဆင္မေျပျဖစ္သြားတာ”
မႉး ကားေပၚ ေရာက္ေတာ့ ခဏျပန္ထိုးစီးထားေသာ ေဒါက္ဖိနပ္ကို ခြၽတ္ထားလိုက္သည္။ သြင္ရိပ္က ငိုထားေသာ မ်က္ႏွာမို႔အစ္အစ္ေလးျဖင့္ မႉးကို ငိုမဲ့မဲ့ၾကည့္ေန၏။ ကားမီးေရာင္ေအာက္တြင္ သြင္ရိပ္မ်က္ႏွာေလး ဆြဲေမာ့ကာ နဖူးရွိ ဒဏ္ရာကို မႉးအေသအခ်ာၾကည့္သည္။
"သိပ္နာေနလားသြင္ရိပ္”
သြင္ရိပ္က ငိုမဲ့မဲ့ေလး ေခါင္းခါသျဖင့္ မႉး ဂြမ္းထုပ္ယူထုတ္လိုက္သည္။ ဂြမ္းစတြင္ အရက္ျပန္ဆြတ္၍ နဖူး၌ ေစးကပ္ေနေသာ ေသြးေစးတို႔ကို ယုယုယယ သန့္စင္ေပးမိသည္။ စပ္ကာ ေနာက္တြန့္သြား၏။
"အ''
“ခဏပဲ၊ ၿပီးရင္ ေကာင္းသြားမွာ''
အစပ္သက္သာေစရန္ နဖူးရွိ ဒဏ္ရာကို ေလမႈတ္ေပးလိုက္ေတာ့ သြင္ရိပ္ ၿငိမ္သြားသည္။ အနာကို ေဆးဝါရည္တို႔ေပးၿပီး ဂြမ္းခံကာ ေဆးပလာစတာ ကပ္ေပးလိုက္သည္။
"မမ သြင္ရိပ္တို႔ ထြက္ေျပးၾကရေအာင္ေနာ္၊ ဟိုးအေဝးဆုံးကိုေလ ဘယ္သူမွ ရွာမေတြ႕နိုင္တဲ့ေနရာကို သြားၾကရေအာင္ေနာ္''
မႉး သြင္ရိပ္ကို ရင္ခြင္ထဲ သြင္း၍ တင္းၾကပ္စြာ ေပြ႕ဖက္လိုက္သည္။ မႉး ပါးျပင္၌ မ်က္ရည္တို႔ က်ဆင္းလာၿပီး ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားမိသည္။
“မမအသုံးမက်တာပါကြယ္၊ မမအသုံးမက်လိဳ႕ ကေလးကံဆိုးရၿပီ”
သြင္ရိပ္က မႉးကို တင္းတင္းၾကပ္ၾကပ္ ျပန္ဖက္ရင္း ရွိုက္ငိုေန၏။ အတန္ၾကာမွ ကိုယ္ခ်င္း ျပန္ခြာကာ မႉး သြင္ရိပ္မ်က္ႏွာေလးကို ငုံ႕မိုးၾကည့္မိသည္။ နီဥေနေသာ ပါးျပင္ႏုႏုေလးေပၚမွ မ်က္ရည္တို႔ကို ဖယ္ရွားေပးမိသည္။
"အတူေရွ႕ဆက္ၿပီး အားလုံးကို ရင္ဆိုင္ၾကမလား၊ မမဘက္က ရွိေနေပးမွာလား”
သြင္ရိပ္က မႉးမ်က္ႏွာကို အတန္ၾကာ စိုက္ၾကည့္ရင္း ခဏၾကာမွ ၿပဳံးကာ ေခါင္းညိတ္သည္။ ၿပီးေတာ့ မႉး ရင္ခြင္ထဲ ေခါင္းတိုးဝင္၍ ထပ္ဖက္ျပန္၏။ ပတ္ဝန္းက်င္၌ ဆိုင္မ်ားအားလုံးပိတ္ထားၾကၿပီး လမ္းေပၚ ကားအသြားအလာက်ဲသည္။ အိပ္စက္ေနၾက၍ တိတ္ဆိတ္ေနေတာ့သည္။ မႉး ကားမွန္ျပတင္းခ်၍ အျပင္သို႔ လွမ္းၾကည့္မိသည္။ လျခမ္းေကြးတစ္ဝက္မွာ အဝါေရာင္သမ္းကာ ထိန္လင္းေန၏။
“သြင္ရိပ္ေလ အိမ္မျပန္ခ်င္ေတာ့ဘူး၊ မမနဲ႕အတူရွိခ်င္တယ္၊ စကားအမ်ားႀကီးေျပာခ်င္တယ္၊ ဒီလိုေလး ၾကည့္ေနခ်င္တယ္၊ မမလက္ကို ဆုပ္ကိုင္ထားခ်င္တယ္၊ ေဟာဒီလို အၿမဲထိခြင့္ရခ်င္တယ္”
သြင္ရိပ္က မႉးေမွးဖ်ားကို ေမာ့နမ္းကာ လည္တိုင္ကို ထိေတြ႕ေဆာ့ကစားေန၏။ မႉး သြင္ရိပ္လက္ေလးကို ဖမ္းကိုင္၍ အသာအယာနမ္းရွိုက္လိုက္သည္။ အခ်စ္ကို မႉးေကာင္းေကာင္းခံစားမိေနသည္။
“မမက သြင္ရိပ္ကို လုံးဝအျပစ္မျမင္နိုင္တာ ခ်စ္လြန္းလို႔ကြယ္၊ တကယ္ေတာ့ မမက skin shipကို မႀကိဳက္ဘူး၊ အခုေတာ့ သြင္ရိပ္ကို ဖက္ထားရတာ အသည္းထဲထိ ေပ်ာ္လို႔ ဒီလိုေလးပဲ ေနလိုက္ခ်င္တယ္”
မႉး ကားမွန္ျပန္ခ်၍ တံခါးေလာ့ခ်ကာ သြင္ရိပ္ကို ငုံ႕မိုးၾကည့္မိသည္။ သြင္ရိပ္က မႉးရင္ဘတ္ကို ေခါင္းမွီ မႉးခါးကို မလြတ္တမ္းဖက္ထားသည္။ မ်က္လုံးမွိတ္ကာ အိပ္ေနရွာ၏။ မႉး သြင္ရိပ္ကို ဖက္ေပးထားရင္း အျပင္သို႔ ရႈတည္တည္ၾကည့္ေနမိသည္။
~
တစ္အိမ္လုံးရွိ အဝတ္မ်ားအားလုံးကို မီးပူထိုး၍ မမမႉးအဝတ္မ်ားကို သီးသန႔္ခြဲထုတ္ယူကာ သြင္ရိပ္ အေပၚဆုံးထပ္သို႔ တက္လာခဲ့သည္။ မမအခန္းထဲ ဝင္၍ အဝတ္မ်ား ဗီရိုထဲ ေသခ်ာစီရီထားေပးသည္။ ၿပီးေတာ့ မမကုတင္ေပၚ ထိုင္၍ မမ၏ကိုယ္သင္းရနံ႕ရွိလိုရွိျငား ရွာေဖြ စူးစမ္းမိေသးသည္။ တစ္ဆယ့္ငါးမိနစ္ခန့္ထိုင္၍ တက္ႂကြေသာ ေျခလွမ္းတို႔ျဖင့္ အလယ္ထပ္သို႔ ျပန္ဆင္းလာသည္။ ႏႈတ္ဖ်ားမွ အခ်စ္သီခ်င္းခ်ိဳခ်ိဳကို အသံထြက္ေအာင္ ညည္းဆိုမိ၏။ အခန္းထဲ ဝင္လာေတာ့ ကိုရဲရင့္က ခက္ထန္ေသာမ်က္ႏွာျဖင့္ ခါးေထာက္ရပ္ေနသည္။ သြင္ရိပ္ ဂ႐ုမထားဘဲ ေရွာင္သြားလိုက္ေတာ့ ကိုရဲရင့္က မီးပူတိုက္ထားေသာ အဝတ္စီတန္းကို ကန္ေမွာက္ပစ္လိုက္သျဖင့္ လန့္သြားရသည္။
“မင္းက ဘာလဲ၊ ေယာက္်ားလ်ာလား၊ မင္းနဲ႕မမက ဘာေတြလဲကြ”
“မမနဲ႕သြင္ရိပ္က ခ်စ္သူေတြ ဒါေပမဲ့ သြင္ရိပ္က ေယာက္်ားလ်ာမဟုတ္သလို ေယာက္်ားစိတ္လဲ ေပါက္မေနဘူး၊ သြင္ရိပ္က မမကို အစ္မတစ္ေယာက္လိုေရာ ခ်စ္သူလိုေရာ ခ်စ္တယ္”
"မင္းရဲ႕အဆင္သင့္မျဖစ္ေသးပါဘူးဆိုၿပီး ႀကီးက်ယ္ျမင့္ျမတ္လြန္းစြာ ထိန္းသိမ္းထားတဲ့ခႏၶာကိုယ္က ဟိုမိန္းမအတြက္တဲ့လား၊ ေတာက္! မာနထိခိုက္လိုက္တာကြာ ျဖန္း”
ကိုရဲရင့္က သြင္ရိပ္ပါးျပင္ကို ဘယ္လက္ျဖင့္ ခတ္ပစ္လိုက္ေတာ့ သြင္ရိပ္မွာ တိုက္ရိုက္ထိကာ ၾကမ္းျပင္ေပၚ လဲက်သြားသည္။ ပါးျပင္မွာ စပ္သြား၏။
“မင္း ငါ့ကို အ႐ူးလုပ္လိုက္တာ၊ မင္းတို႔အားလုံး ငါ့ကို အ႐ူးလုပ္တာ၊ ငါလုံးဝမေက်နပ္ဘူး”
ကိုရဲရင့္က မီးပူအိုးကို ေကာက္ယူ၍ ပလပ္ခုံတြင္ ထိုးလိုက္သျဖင့္ သြင္ရိပ္မ်က္လုံးျပဴးသြားသည္။ ကိုရဲရင့္က မီးပူအိုးကိုင္၍ သြင္ရိပ္ဆီသို႔ တိုးကပ္လာသည္။ သူ႕မ်က္ႏွာမွာ ေဒါသႀကီးေန၏။
“ရွင္ ဘာလုပ္မလို႔လဲ၊ ႐ူးသြားၿပီလား''
တံခါးဖြင့္သံ ဘုန္းခနဲ က်ယ္ေလာင္စြာ ၾကားလိုက္ရသည္။ သြင္ရိပ္ အားကိုးတႀကီး လွည့္ၾကည့္မိသည္။ ေဒၚေတးမာလာႏွင့္မမမႉးတို႔ အခန္းထဲ တိုးဝင္လာၾကသည္။
"ရဲရင့္၊ မင္းဘာလုပ္တာလဲ၊ ဖယ္စမ္း”
ေဒၚေတးမာလာက ပလပ္ႀကိဳးျဖဳတ္၍ ကိုရဲရင့္လက္ထဲမွ မီးပူအိုးကို ဆြဲလုလိုက္သည္။ မမမႉးက သြင္ရိပ္ကို လာဆြဲထူေပး၏။ သြင္ရိပ္ မမကို အားကိုးတႀကီး ဖက္ရင္း ဝမ္းနည္းလြန္းစြာ ရွိုက္ငိုမိသည္။
"မာမီနဲ႕မမ ကြၽန္ေတာ္တို႔လင္မယားၾကားက ကိစၥဝင္မရႈပ္ပါနဲ႕၊ ကြၽန္ေတာ္တို႔ပဲ ရွင္းမယ္”
"သြင္ရိပ္ကို မထိနဲ႕၊ မင္းမိန္းမ မဟုတ္ဘူး၊ သြင္ရိပ္က ငါ့ခ်စ္သူ ငါ့ခ်စ္ရတဲ့သူလို႔”
ေဒါသေၾကာင့္ မမ၏အသံလွိုင္းေလးမွာ တုန္ခါၿပီး ထြက္လာသည္။ သြင္ရိပ္မ်က္ရည္ၾကားမွ ေမာ့ၾကည့္မိေတာ့ မမလည္တိုင္၌ စိမ္းျမေသာ ေသြးေၾကာေလးမ်ား ေထာင္ေနေတာ့သည္။
====

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now