ep30

5.9K 272 1
                                    

Zawgyi

Ep 30

အရောင်ဖျော့နေသောမျက်ဝန်းတို့ဖြင့်...တစ်နေရာကိုစူးစိုက်ကြည့်ရင်း...နေ့သစ်နှုတ်ခမ်းပါးလေးက အနည်းငယ်တုန်ရီလို့လာလေသည်။

မရေရာ၊မသေချာသည့်လမ်းကြောင်းပေါ်တွင်...စမ်းတဝါးဝါးလမ်းလျှောက်နေရသလို...အနာဂတ်က မှောင်မိုက်နေတော့...နှလုံးသားက ပြင်းပြင်းထန်ထန်နာကျင်နေခဲ့တယ်...

ချစ်ရသူနောက်ကို အရိပ်လိုမျိုး တကောက်ကောက်လျှောက်လိုက်နေမိတာ...ကိုယ့်အဖြစ်က အရူးလို...

သူဘာလုပ်နေလဲဆိုတာ...ကိုယ့်ကိုယ်ကိုမစဉ်းစား၊မဆုံးဖြတ်နိုင်လိုက်အောင်...သတိလစ်လွတ်နေခဲ့တယ်...

မှားနေမှန်းသိပါတယ်...
ခံစားချက်ကိုမှ မထိန်းချုပ်နိုင်ခဲ့တာ...

အချိန်ပြည့်ခေါင်းထဲမှာ သူမအကြောင်းပဲ့တွေးမိနေတာ...
သူမမျက်နှာပဲ့ မြင်ချင်နေခဲ့တာ...
သူမအသံကိုပဲ့ ကြားချင်နေမိတာ...

ပရိဘောဂပစ္စည်းအရောင်းဆိုင်ထဲသို့ ဝင်သွားသော မှူးနှင့်သွင်ရိပ်ကို ဆိုင်အပြင်ခပ်လှမ်းလှမ်းမှ ငေးကြည့်ရင်း...နေ့သစ် ပင့်သက်ရှိုက်မိသည်။

ပြင်းပြသည့်အပူရှိန်ကို ဂရုမထားဘဲ...နေပူထဲ၌ အချိန်ကြာမြင့်စွာရပ်ရင်း...သူမထွက်လာသည်ကိုတွေ့လိုက်သဖြင့် နေ့သစ်အမြန်ကျောခိုင်းရပ်လိုက်၏။

မှူးမျက်နှာလေးကို မြင်တွေ့ခွင့်ရတာနဲ့လုံလောက်နေပါပြီလေ...
သူမပျော်နေရင်...အဆင်ပြေပါပြီ

ငြိမ်သက်စွာရပ်နေရာမှ...နေ့သစ် အရဲစွန့်ပြီး လှည့်ကြည့်လိုက်တော့...မှူးက ကျွန်တော့်ကို အထူးအဆန်းကြည့်နေခဲ့တယ်...

မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်တွန့်ချိုးပြီး...ကျွန်တော့်ကို သဘောမကျသလိုမျိုးကြည့်နေခဲ့တာ...

သူမ ကျွန်တော့်ကိုတွေ့သွားပြီပဲ့...
သူမ ကျွန်တော့်ကို လှမ်းခေါ်လိမ့်မယ်လို့ထင်ထားခဲ့ပေမယ့်...တကယ်တမ်းကျ ဝတ်ကျေတမ်းကျေတောင်မပြုံးပြခဲ့ပါဘူး...

ကိုယ့်ဖက်ကပဲ့ နှစ်ခြိုက်စွာပြုံးပြလိုက်ပြီး...သွင်ရိပ်မမြင်ခင် ထိုဆိုင်ရှေ့မှ အမြန်ဆုံးပြေးထွက်လာခဲ့တာ...

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now