အပိုင်း( ၇ )

5.7K 374 0
                                    

ဘောလုံးတစ်လုံး၏လိမ့်နေသံများ၊ ပြေးလွှားနေသည့်ခြေသံများ၊ ရယ်သံများကြားမှ မောဟိုက်သံများ၊ တစ်စုံတစ်ဦး၏အသံစာစာများမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေစဥ် မှူးနားထဲ ဝင်လာသည်။
"မမ ထတော့လေ၊ မမအိပ်ပုတ်ကြီး ထတော့ဆို”
မှူး၏လက်မောင်းမှာ ဆွဲလှုပ်နိုးခံလိုက်ရသည်။ မှူး မျက်လုံးဖွင့်လိုက်တော့ ဝိုးတဝါးမြင်ရသည်မှာ မမျက်စိတစ်ဖက်ကွယ်နေသော ဆယ်နှစ်အရွယ်ကောင်လေးတစ်ဦးဖြစ်သည်။
"သားဆက်”
မှူး ကပျာကယာထထိုင်ပြီး သားဆက်မျက်နှာကို မယုံနိုင်စွာကိုင်ကြည့်နေမိသည်။ သားဆက်က မှူးကို ရယ်ပြနေ၏။
"သားဆက်၊ မောင်လေး မမဆီကို ပြန်လာတယ်နော်''
"မမ၊ သားဆက်နဲ့ ဘောလုံးကစားရအောင်”
"အင်း၊ ကစားမယ်လေ၊ မမတို့ တစ်နေ့လုံးအတူကစားကြမယ်”
မောင်လေးက မှူးတို့ကစားနေကျဖြစ်သော ဟောခန်းကွင်းပြင်သို့ ဆွဲခေါ်လာ၏။ မှူး မောင်လေးဆွဲခေါ်ရာသို့ ပါလာသည်။
"မမက သားဆက်ကန်လိုက်တဲ့ဘောလုံးလိုက်ဖမ်းရမယ်နော်''
မောင်လေးက ဘောလုံးကို ကော်ဇော်နီကြီးအပြည့်ခင်းထားသည့်ကြမ်းခင်းပေါ် ချပြီး ဘောလုံးကန်ရန်ပြင်သည်။ မှူးက မျက်နှာချင်းဆိုင် ခပ်ဝေးဝေးတွင် ရပ်ကာ ဘောလုံးဖမ်းရန် အသင့်ရွယ်ထားသည်။
"ဒုန်း”
"ဟင်!’’
မောင်လေးကန်လိုက်သည့်ဘောလုံးသည် မှန်ပြတင်းကို ဖောက်ထွင်းပြီး ခြံထဲ ကျသွားလေသည်။ မှူးနှင့်မောင်လေး မှန်ပြတင်းနားကို အပြေးသွားကာ သုံးထပ်တိုက်ပေါ်မှ ကြည့်လိုက်သည်။ ဘောလုံးက
ခြံထဲ၌ လူးလိမ့်သွားရင်း မိုးရွာထား၍ စိုစွတ်နေသည့် ရေအိုင်ငယ်လေးဆီ၌ ရပ်သွားသည်။ မောင်လေးက တအိအိရှိုက်ငိုလေ၏။
"ဟင့်...မမ သားဆက်ဘောလုံးကျသွားပြီ၊ အဟင့်ဟင့်''
ကောင်းနေသည့်မျက်လုံးတစ်ဖက်ကို လက်နှင့် ပွတ်ရင်း ဝမ်းနည်းတကြီးငိုနေသောမောင်လေးကို မြင်တော့ မှူး ရင်ထဲဝမ်းနည်းလာသည်။
"မငိုပါနဲ့၊ မမပြန်ကောက်ပေးမယ်လေ”
မောင်လေးက အသက်ဆယ်နှစ်ဆိုသော်လည်း သူ့စိတ်မှာ သုံးလေးနှစ်အရွယ်သာရှိသည်။ ပြောရလျှင် မှူး၏မောင်လေးမှာ ကျပ်မပြည့်ဘူးပေါ့။ မွေးရာပါမျက်လုံးတစ်ဖက်ကွယ်နေသည့်အပြင် ကျပ်က မပြည့် ဉာဏ်ရည်နိမ့်တော့ သားအဖြစ်တော်ရမှာ ရှက်သည်ထင်၏။ ထိုကြောင့် ဒယ်ဒီနှင့်မာမီက မောင်လေးကို ကျောင်းမထား စာမသင်စေဘဲ ဟိုးအရင်တည်းက ဤသီရိမြုံစံအိမ်၏အပေါ်ဆုံးထပ်၌ ကျက်ကလေးငှက်ကလေးလို ပိတ်လှောင်ထားခဲ့ကြသည်။ မှူးကိုလည်း ကျောင်းတက်သည့်အချိန်မှလွဲ၍
မောင်လေးနှင့်အတူ ထောင်ချသလို ပိတ်လှောင်ခဲ့သည်။ စားစရာများကို ကြီးကြီးမြက အချိန်မှန်လာပို့ပေးပြီး မှူးတို့က ဒီလိုမျိုးနေလာခဲ့ရသည်။
"မမ သားဆက်ဘောလုံးပြန်ကောက်ပေးနော်၊ ဟင့်”
"အင်း၊ ကောက်ပေးမယ်၊ ကတိကတိ''
မောင်လေးကို လက်သန်းချင်းချိတ်ပြီး ကတိပေးလိုက်ရင်း မှူးတို့လက်ဆွဲကာ အောက်ထပ်သွားရန် ပိတ်ထားသည့်တံခါးကြီးဆီသို့ ထွက်လာခဲ့ကြသည်။ ထိုတံခါးကြီးကို အကြိမ်ပေါင်းများစွာ ထုရင်း အသံနာသည်အထိ တံခါးဖွင့်ပေးရန် တောင်းပန်ခဲ့ကြသည်။ အော်ဟစ်ငိုကြွေးရင်း အခေါက်ပေါင်းများစွာ အကူအညီတောင်းခဲ့ကြသည်။
"တံခါးဖွင့် တံခါးဖွင့်ပေး ဘောလုံးသွားကောက်မလို့ပါ တံခါးဖွင့်ပေး တံခါးဖွင့်”
မှူးခေါင်းထဲ မိုက်ခနဲဖြစ်သွားကာ အသက်ခပ်ပြင်းပြင်းရှူမိသည်။ နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသောရင်ကို ဖိ၍ ပတ်ဝန်းကျင်ကို ကြည့်တော့ သေးငယ်သည့်အခန်းကျဉ်း၏ကုတင်ပေါ် မှူးငုတ်တုတ်ထိုင်နေသည်။ တစ်ကိုယ်လုံးချွေးများရွှဲနစ်နေကာ ပါးပြင်ကို ထိတော့ မျက်ရည်စတစ်ချို့ စီးကျနေသည်။
"ငါ သားဆက်ကို အိပ်မက်မက်နေတာပဲ”
မှူး အိပ်ရာပေါ်မှ ထ၍ အခန်းထဲမှ ထွက်ကာ သားဆက်ကို အိပ်မက်သည့်အကြောင်းပြောရန် မာမီ့ကို လိုက်ရှာမိသည်။
ညတုန်းကလည်း ပြန်မလာဘူးပေါ့။ မာမီ အိမ်ပြန်မလာတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ။ မှူးမမှတ်မိတော့သလို မှတ်လည်းမှတ်မထားချင်ဘူး။ အစတည်းက မာမီ က သားသမီးကို ချစ်ခင်တွယ်တာတတ်တဲ့မိခင်မျိုးမှမဟုတ်တာပဲလေ။ယေက်ျားရဲ့ချစ်ခြင်းမေတ္တာကို မရဘူးဆိုတဲ့ မရေရာတဲ့အကြောင်းပြချက်နဲ့ မှူးတို့မောင်နှမကို ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာလုပ်နေတဲ့ တာဝန်မဲ့မိခင်မျိုးပဲလေ။ မှူးလည်း သိပ်ပြီးမခံစားရတော့ပါဘူး။

မှူး ကိုယ်လက်သန့်စင်၍ လမ်းထိပ်လက််ဖက်ရည်ဆိုင်ဘေးရှိ အသုပ်ဆိုင်၌ ခေါက်ဆွဲသုပ်နှင့်သတင်းစာဝယ်ပြီး ပြန်လာခဲ့သည်။ သတင်းစာတွင် အလုပ်ခေါ်စာတွေ့လိုတွေ့ငြား လှန်လျှောဖတ်ကြည့်နေမိသည်။ ဖုန်းမြည်လာသဖြင့် မှူး သတင်းစာဖတ်နေရာမှ လက်တစ်ဖက်နှင့် လှမ်းယူပြီး ကိုင်လိုက်သည်။
"Hello''
"မှူးလေး၊ ကြီးကြီးမြပါကွယ်''
သတင်းစာကြည့်နေသည့်မှူးမျက်လုံးမှာ ရှေ့နံရံသို့ အာရုံပြောင်းသွားသည်။
“ဟုတ်၊ ပြောပါကြီးကြီးမြ''
"မှူးဒယ်ဒီ မနေ့ကပဲ ဆေးရုံက ဆင်းလာပြီ၊ မှူးမာမီလည်း အခု သီရိမြုံစံအိမ်ကို ပြန်ရောက်နေပြီ၊ မှူးသိချင်မယ်ထင်လို့ ကြီးကြီးမြက ဖုန်းဆက်ပြီး အကြောင်းကြားတာပါကွယ်၊ မှူးမာမီကတောင် မှူးဒယ်ဒီကို ခွင့်လွတ်ပေးလိုက်ပြီ၊ မှူးလေးကရော ဘယ်တော့ပြန်လာမှာလဲကွယ်''
"ကြီးကြီးမြ မှူးတစ်ခုပဲ တောင်းဆိုချင်တယ်၊ မှူးရဲ့မောင်လေးကို အသက်ရှင်အောင် ပြန်လုပ်ပေး အဲဒါဆိုရင် မှူးပြန်လာမယ်’’
"မှူးရယ် သေခြင်းတရားကို ဘုရားတောင် မလွန်ဆန်နိုင်တာ၊ ကြီးကြီးမြက ဘယ်လိုလုပ်နိုင်မှာလဲကွယ်''
မှူး၏မျက်ဝန်း၌ မျက်ရည်တွေက ပြည့်လျှံလာခဲ့သည်။
"မလုပ်နိုင်ရင် မခေါ်ပါနဲ့ကြီးကြီးမြ’’
“မှူးတစ်ယောက်တည်း ဘယ်လိုနေမှာလဲ၊ ကြီးကြီးမြစိတ်ပူတယ်ကွယ်”
"မှူးကလေးမဟုတ်တော့ဘူး၊ စိတ်မပူပါနဲ့နော်၊ မှူး တစ်ယောက်ထဲ နေရဲသလို ရပ်တည်နိုင်တယ်၊ မှူး အဆင်ပြေတာမို့ ဒါပဲနော်ကြီးကြီးမြ''
မှူး ဖုန်းချ၍ တွေတွေလေးထိုင်နေမိသည်။ မှူးမိဘတွေသာ ကြီးကြီးမြ၏တစ်ဝက်လောက် မှူးကို ချစ်ပေးဂရုစိုက်ပေးစိတ်ပူပေးလျှင် မှူးပျော်မိမှာပါ၊၊ သူတို့ပေးတာနှင့် မှူးလိုအပ်တာတွေက ကိုက်ညီမှုမှမရှိပါ။ တကယ်ဆို မာမီက ယောက်ျားကို ချစ်သလောက်သာ မှူးတို့မောင်နှမကို ချစ်ပေးခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး၊၊ အစကတည်းက မာမီက သီရိမြုံစံအိမ်မှ ထွက်လာချင်ခဲ့တာမဟုတ်ဘူး၊၊
ကိုယ့်အပေါ်သစ္စာမရှိတဲ့ယောက်ျားအနား၌ ကပ်တွယ်နေရင်း မာနမရှိဘဲ အရှုံးပေးနေခဲ့သည်။ မှူးကပဲ ဒယ်ဒီ့လုပ်ရပ်တွေကို မုန်းတီးလွန်းလို့ ခံပြင်းလွန်းလို့ မာမီ့ကို အတင်းခေါ်ပြီး သီရိမြုံစံအိမ်မှ ထွက်လာ၏။
ဒီကမ္ဘား၌ မှူးကို နာကျင်မှုအပေးဆုံးမှာ မှူး၏မိဘဖြစ်သည်။ ဤနာကျင်မှုများပိုက်ပြီး မှူးရှင်သန်ခဲ့ရသည်။
မှူး သက်ပြင်းရှည်ဆွဲချရင်း သတင်းစာရွက်ပေါ်မှ ဝန်ထမ်းခေါ်သည့်စာ ဆက်ဖတ်နေမိသည်။ မှူး၏ဒယ်ဒီမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးပီပီ စီးပွားရေးလုပ်ငန်းရှင်သူဌေးတော်တော်များများ သူ့မိတ်ဆွေများ ဖြစ်နေကြသည်မို့ မှူးအဆင်မပြေပါ။ မှူးဘဝကို သူဌေးကြီးဦးမင်းသော်၏သမီးအဖြစ် မရှင်သန်ချင်ပါ။ မှူးလုပ်သမျှအားလုံးမှာ ဒယ်ဒီ့မျက်နှာကြောင့် ဒယ်ဒီ့အထောက်အပံ့နှင့် ဒယ်ဒီရှိနေလို့ စသဖြင့် ဤလိုအပြောခံအထင်ခံရမှာ မှူးမလိုချင်ဆုံး။ မှူး၏ကြိုးစားအားထုတ်မှုအစစ်အမှန်နှင့် မှူးဘဝကို အရည်အချင်းရှိရှိ ယုံကြည်မှုရှိရှိ ဖြတ်သန်းချင်သည်။ မှူး ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်ချင်သည်။
"ဘာအလုပ်လုပ်ရမယ်မှန်းတောင် မသိတော့ဘူး”
ဖုန်းထပ်မြည်လာသဖြင့် Phone screenကို တစ်ချက်ကြည့်ပြီး ကိုင်လိုက်သည်။
"ဟဲလိုယမင်း''
“…’’
"မှူး၊ နင်အလုပ်ထွက်လိုက်ပြီလို့ကြားတယ်၊ တကယ်ကြီးလား”
"အင်း၊ ငါထွက်လိုက်ပြီ”
"ဒါဆို နင်အခုအားနေမှာပေါ့၊ ငါ့အိမ်လာခဲ့ပါလားသူငယ်ချင်းရယ်”
"ဘာလဲ၊ ကလေးထိန်းခိုင်းဖို့လား”
"မထိန်းခိုင်းပါဘူးဟယ်၊ အမေတို့စာတိုက်က နောက်ထွက်မဲ့စာအုပ်ရဲ့စာမူတွေ စာစီစာရိုက်ရမှာ အများကြီးပဲ၊ အဲဒါနင်လာကူပေးလေ၊ နင် အလုပ်မရခင် စာရိုက်ခမုန့်ဖိုးရတာပေါ့''
မှူး စိတ်ဝင်စားသွားပေမဲ့ အိုက်တင်ခံလိုက်သည်။
"ဈေးနည်းရင် ငါမလုပ်ဘူးနော်”
"မနည်းပါဘူးဟယ်၊ နင်မြန်မြန်ပြီးရင် ပိုရမှာပါ၊ စဉ်းစားမနေနဲ့၊ ငါ့အိမ်လာခဲ့တော့၊ ငါတစ်ယောက်တည်း စာရိုက်ရတာ ပျင်းလို့သေတော့မယ်”
"အင်းပါ၊ လာခဲ့မယ်၊ နည်းနည်းတော့ ကြာမယ်၊ ငါအခုမှ ရေချိုးမလို့ဆိုတော့”
"ရတယ်ရတယ်၊ နင်လာရင်ရပြီ၊ ငါစောင့်နေမယ်''
မှူးဖုန်းချပြီး စားပွဲပေါ်တင်ထားသည့် ခေါက်ဆွဲပန်းကန်ကို ကောက်သိမ်းကာ ရေချိုးရန် ပြင်လိုက်သည်။
~
ကန်ဘောင်ရှိ ခုံတန်းတွင် ထိုင်ပြီး နေ့သစ် မှူးကို စောင့်နေမိသည်။ စိမ်းလဲ့ပြာရေ၏အလှကိုလည်း မရှုနိုင်။ ရောက်သင့်သည့်အချိန်ထက် ကျော်လွန်နေပြီဖြစ်ပေမဲ့ မှူးကို အရိပ်အယောင်တောင် မမြင်ရပါ၊၊ နောက်ဆုံးတော့ နေ့သစ်ဖုန်းဆက်လိုက်သည်။ ထုံးစံအတိုင်း ဖုန်းမကိုင်ပေ၊၊
"မှူး မောင့်ကို တမင်လုပ်နေတာလားကွာ''
နေ့သစ်ဇွဲမလျှော့ဘဲ ဖုန်းဆက်တိုက်ခေါ်ပစ်လိုက်သည်။ တစ်ချိန်မှာတော့ မှူးဖုန်းကိုင်ခဲ့သည်။ သို့သော် ဒေါသသံများ ဆီးကြိုနေသည်။
"ငါ့ဖုန်းအားကုန်အောင် လုပ်နေတာလား၊ နင်သိပ်အားနေရင် တောက် ငါမပြောလိုက်ချင်ဘူး”
"မောင်တို့ချိန်းထားတယ်လေ၊ မှူးဘာလို့ရောက်မလာသေးတာလဲ၊ မောင်စောင့်နေတာ မနက်ကိုးနာရီကတည်းက တစ်ယောက်တည်း အရူးလိုပဲ”
"မနက်ဖြန်တွေ့မယ်လို့ပဲ ပြောထားတာလေ၊ မနက်ကိုးနာရီလို့ ပြောလို့လား”
နေ့သစ် အံကြိတ်လိုက်သည်။
"မှူး တမင်လုပ်တာမလား၊ ထားပါ၊ မှူး လာတဲ့အချိန်ထိ မောင်စောင့်နေမယ်”
နေ့သစ် ဖုန်းချပစ်၍ ခုံကို မှီထိုင်ကာ ပင့်သက်ရှိုက်မိသည်။ မိနစ်သုံးဆယ်လောက်စောင့်ပြီးချိန်မှာတော့ မှူးရောက်လာသည်။ ခုံ၌ ဝင်မထိုင်ဘဲ ခပ်လှမ်းလှမ်းတွင် လက်ပိုက်ရပ်ရင်း နေ့သစ်ကို မျက်မှောင်ကြု တ်ပြီး ကြည့်နေခဲ့သည်။
"မိန်းမငယ်ငယ်ချောချောလေးကို ရထားတော့ သိပ်ပျော်နေမှာပေါ့နော်”
ရွဲ့ပြောလာသည့်မှူး၏စကားကို လျစ်လျူရှု၍ နေ့သစ် မှူးအနီးသွားရပ်လိုက်သည်။
"မောင့်ကို စ်တ်ဆိုးနေမယ်ဆိုတာသိပါတယ်”
နေ့သစ်စကားကြားတော့ မှူးက အခြားဘက် မျက်နှာလွဲသွားလေသည်။
"မောင်တောင်းပန်ပါတယ်မှူးရယ်၊ မှူး မောင့်ကို ချစ်သလို မောင်လည်း မှူးကို အရမ်းချစ်တာပါ၊ ဒါပေမဲ့ အခုဘာမှလုပ်လို့မရတော့ဘူး၊ မောင်က လက်ထပ်ပြီးပြီလေကွာ၊ သွင်ရိပ်ကလည်း မောင်ကူညီမှရမှာ”
မှူး နေ့သစ်ကို ဖျတ်ခနဲလှည့်ကြည့်လာကာ ခနဲ့တဲ့တဲ့ပြုံးလေသည်။
"နင်တော်တော်ရယ်ရတာပဲနေ့သစ်၊ ငါ အခုလိုလုပ်တာ နင့်ကို ချစ်လွန်းလို့ ထင်နေလား၊ ကိုယ့်အပေါ်သစ္စာမရှိတဲ့သူကို ဒီလိုနည်းနဲ့ ပြန်ဆွဲရအောင် ငါက နင်တွေ့ဖူးတဲ့ ခပ်ညံ့ညံ့မိန်းမတွေလိုမဟုတ်ဘူး”
မှူး၏စကားလုံးမှာ နေ့သစ်ရင်ထဲအသည်းထဲထိအောင် ထိမှန်သွားကာ မှူးအကြည့်တွေမှာ အထင်သေးသည့်အကြည့်တွေဖြင့်၊၊
"ငါ့စိတ်ထဲမှာ အခုနင့်ကို ဘယ်လိုခံစားနေရလဲသိလား၊ ရွံတယ် နင့်လိုလူကို ငါစိတ်သနလွန်းလို့”
"မှူး မင်းတော်လိုက်တော့၊ ပါးရိုက်တာထက် ပိုနာတဲ့စကားလုံးတွေနဲ့ မင်း ငါ့ကို ထပ်မစော်ကားနဲ့၊ ငါ့ဘက်ကပဲ သစ္စာဖောက်ခဲ့သလိုမျိုး မင်းဘက်က ဘာအမှားမှမရှိသလိုမျိုးပြောတာရပ်တော့၊ ငါ့ကိုလုပ်ခဲ့တာရောတွေးမိလား၊ မင်း ငါ့ကို ချစ်သူတစ်ယောက်လို ရင်ဖွင့်တိုင်ပင်ပြီး အရေးပေးဆက်ဆံခဲ့ဖူးလား၊ မင်းကြောင့် ငါဘယ်လောက်နာကျင်ခဲ့ရလဲ မင်းစဉ်းစားကြည့်ဖူးလား”
နေ့သစ် ခုံတွင် လက်ထောက်ထားရာမှ မှူးဘက် လှည့်ကြည့်လိုက်တော့ မှူးမျက်နှာပေါ်၌ နေ့သစ်ကို အထင်သေးသည့်အကြည့်များ လျော့မသွားသည့်အပြင် နှုတ်ခမ်းကို ပိုမဲ့ပစ်ထားသေးသည်။
"အခု နင်သစ္စာဖောက်ခဲ့တာက ငါ့ကြောင့် ငါမကောင်းခဲ့လို့ပေါ့လေ၊ နင့်အကူအညီမယူတာက ငါ့ကို သစ္စာဖောက်တဲ့အကြောင်းပြချက်ပေါ့လေ၊ နင်က ကိုယ့်တစ်ဖက်တည်းကြည့်တတ်တဲ့ ကိုယ့်အပြစ်ကို တခြားသူကိုလွဲချတတ်တဲ့ ခပ်ပေါ့ပေါ့လူဆိုတာ ဝန်ခံလိုက်တာလား”
နေ့သစ် အံတင်းတင်းကြိတ်ထားမိသည်။ မှူးက ခုံ၌ ခြေချတ်ဝင်ထိုင်၍ လက်ပိုက်လိုက်၏။
"ငါမယူချင်တာ ငါမလိုချင်တာကို စေတနာ အချစ်လို့ လွယ်လွယ်ခေါင်းစဉ်တတ်ပြီး ငါ့ကို အမြဲတမ်းစိတ်ညစ်အောင် လုပ်နေတာကျရော”
မှူးက ခဏနား၍ နေ့သစ်ကို ကြည့်သည်။
“နင့်ကို ရွေးချယ်ခဲ့မိလို့ ငါ့အလုပ် ငါ့ပတ်ဝန်းကျင်မှာ တခြားသူတွေရဲ့လက်ညိုးထိုးလှောင်ပြောင်ကဲ့ရဲ့
တာကို ငါဘယ်လောက်တောင် ခံခဲ့ရသလဲ၊ ငါသည်းခံခဲ့တယ်၊ လူတွေအပြောကို ဂရုမစိုက်ခဲ့ဘူး”
မှူးက ဟက်ခနဲရယ်လိုက်ပြီး ဆက်ပြောလေသည်။
"နင်ကပဲ အရှုံးပေးနေရသလိုမျိုး ငါကပဲ မာနကြီးပြီး ချစ်သူအပေါ်နားလည်မှုမရှိသလိုမျိုး နင် ငါ့မကောင်းကြောင်းတွေ လူတကာကို အတင်းတုတ်နေတာတောင် ငါမသိချင်ယောင်ဆောင်ပြီး
သည်းခံပေးခဲ့တယ်၊ နင်ကတော့ ငါနင့်အကူအညီမယူချင်တာကို ပုံကြီးချဲ့ပြီး သစ္စာဖောက်ခဲ့တယ်ပေါ့''
မှူးက နေ့သစ်ဘာပြန်ပြောရမည်မသိအောင် စကားပြောတော်လွန်းသည်။ အသားနာတာထက် ပိုနာကျင်အောင် စကားနာထိုးတတ်သည့်နေရာ၌ နှစ်ယောက်မရှိ၊၊ နေ့သစ် စိတ်လျှော့သလို လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"ဒါတွေမသိခဲ့လို့ မောင်တောင်းပန်ပါတယ်ကွာ၊ မောင့်ကို ခွင့်လွတ်နားလည်ပေးစေချင်တယ်''
"သွားသေလိုက်လေ၊ တောင်းပန်ပါတယ်ဆိုတဲ့စကားနဲ့ ခွင့်လွတ်ပေးရအောင် ငါ ဒီလောက်ထိ စိတ်ထားမကောင်းဘူး၊ နင့်ကြောင့် ငါအရှက်ကွဲခဲ့ရတာတွေ ငါ့နှလုံးသားမှာ သံမှိုစွဲနေပြီ”
"မင်းတော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ၊ ငါအခု မင်းနဲ့ ပတ်သက်မိတာ နောင်တရတယ်သိလား”
"နောင်တရလိုက် နောက်ဆိုပိုနောင်တရစေရမယ်၊ ငါခံစားရသလို နင်ပြန်ခံစားရအောင်လုပ်မှာမို့''
မှူးက စိတ်အားထက်သန်စွာပြောပြီး ထွက်သွားတော့ နေ့သစ်ထိတ်လန့်နေခဲ့သည်။ ပြောသည့်အတိုင်း လုပ်မည့် မိန်းမမျိုးမို့ စိတ်မသက်မသာဖြစ်ခဲ့ရသည်။
~
ကားသည် လမ်းဘေး၌ တရွေ့ရွေ့သွားနေ၏။ သွင်ရိပ် စတီယာတိုင်ကို အားဖြင့် ဖိကိုင်ထားရင်း အကြောက်လွန်နေမိသည်။ ကိုကို သွင်ရိပ်လက်ကို အပေါ်မှ ထပ်၍ ဆုပ်ကိုင်ပေးထား၏။
"ကိုကိုဖြစ်ပါ့မလား၊ သွင်ရိပ်ကြောက်တယ်''

"ဖြစ်ပါတယ်ကွာ၊ ကိုကိုဘေးမှာ ရှိနေတာပဲလေ၊ သွင်ရိပ်ဘာမှမဖြစ်စေရဘူး၊ ရှေ့တည့်တည့်ကိုပဲ ကြည့်မောင်းနော်’’
သွင်ရိပ်ခေါင်းညိတ်ကာ ကားကို ဖြည်းဖြည်းမောင်းနေမိသည်။ အနားမှ ဖြတ်မောင်းသည့်စက်ဘီးများ ကျော်တက်ကုန်တော့ ကိုကိုက သွင်ရိပ်ကို လှောင်ရယ်နေတော့သည်။
"သွင်ရိပ် ဒီနှုန်းအတိုင်းဆက်မောင်းမယ်ဆိုရင် ကိုကိုတို့ studioကို မနက်ဖြန်မှ ရောက်တော့မယ်”
“ဒါကြောင့် ကိုကိုပဲ မောင်းလို့ပြောတာပေါ့၊ သွင်ရိပ်မမောင်းရဲပါဘူးဆို နှေးနှေးလေးတောင် ရင်တုန်နေပြီ၊ ကိုကို ဟိုရှေ့မှာ ကားလာနေတယ်၊ ဘယ်လိုရှောင်ရမလဲမသိတော့ဘူး၊ အဟင့်”
ကိုကိုက စတီယာတိုင် ကူလှည့်ပေးသော်ငြား ရှေ့မှ မောင်းဝင်လာသောကားသည် ကားခေါင်းဘေးမှ ဖြစ်အောင်ပွတ်မိသွားလေသည်။
"ဘယ်လိုလုပ်မလဲကိုကို''
သွင်ရိပ်နောက်လှည့်ကြည့်လိုက်တော့ တစ်ဖက်ကားပိုင်ရှင်မှာ မမမှူးဖြစ်နေ၏။ အံ့ဩဝမ်းသာသွားတော့ ကြောက်စိတ်ပျောက်ကာ ကားပေါ်မှ ဆင်းရန် ထိုင်ခုံခါးပတ်ဖြုတ်လိုက်သည်။ ကိုကိုက မျက်မှောင်ကြီးကြုတ်လျက် တံခါးတွန်းဖွင့်ကာ အရင်ဆင်းသွား၍ ပြေးလိုက်ရသည်။ မမမှူးက သွင်ရိပ်တို့ကို မြင်တော့ အနည်းငယ်အံ့သြနေပြီး မျက်နှာတည်သွားသည်။ ကိုကို့ကို ရှုတည်တည်ကြည့်ကာ ဒေါသကြီးနေသည်။
"တမင်လုပ်တာမို့လား၊ ဟမ်''
"မဟုတ်...မဟုတ်ရ”
"ဟုတ်တယ်၊ တမင်လုပ်တာ”
သွင်ရိပ်စကားထစ်နေစဥ် ကိုကိုပြောလိုက်တော့ သွင်ရပ် အလန့်တကြား ကိုကို့ကို မော့ကြည့်မိသည်။ ကိုကိုက မမကို သဘောမကျဘူးမကြိုက်ဘူးဟု သွင်ရိပ်သိသည်။ သွင်ရိပ်ကို မမနှင့် မပတ်သက်ရန် အကြိမ်ကြိမ်မှာထားသည်။ ဘယ်လိုဖြစ်ဖြစ် မမကိုတော့ ယခုလိုဒေါသထွက်အောင် မပြောသင့်ပါ။ မမက ကိုကို့ကို ရိုက်လိုက်မလားစိတ်ပူ၍ သွင်ရိပ် နှစ်ဦးကြားတွင် ကြောက်ကြောက်နှင့် ဝင်ရပ်လိုက်သည်။
"မမ၊ သွင်ရိပ်တောင်းပန်တယ်နော်၊ သွင်ရိပ်အမှားပါ''
ကိုကိုက သွင်ရိပ်လက်တစ်ဖက်ကို ဆွဲယူကာ အနောက်ပို့လိုက်လေသည်။
"ဘာမှတောင်းပန်ဖို့မလိုဘူးသွင်ရိပ်၊ သွင်ရိပ်မှာ အမှားမရှိဘူး၊ ကားထဲဝင်နေ ကိုကိုဖြေရှင်းလိုက်မယ်၊ ပြန်လျော်ပေးရင် ရပြီလား”
သွင်ရိပ် မမကို အားနာစွာ ကြည့်မိသည်။ မမသည် အံကြိတ်ကာ စိတ်ထိန်းနေပုံရ၏။ သွင်ရိပ်ကို ကြည့်၍ ကားပေါ် ပြန်တက်ကာ မောင်းထွက်သွားသည်။ ကား၏အရှိန်နှုန်း တရကြမ်းမောင်းသွားပုံအရ ဒေါသထွက်သွားပုံရသည်။ မမက သွင်ရိပ်ကို မကောင်းသည့်လူဟု ထင်သွားပြီလားမသိပေ။ သွင်ရိပ်ကားဆက်မမောင်းတော့။ ကိုကိုက ဆက်မောင်းလာသည်။ ဓာတ်ပုံဆိုင်ရောက်တော့ ကိုကိုက သူ့အလုပ်သူလုပ်နေ၏။ သွင်ရိပ်လည်း နောက်ဘက်ရှိ အခန်းထဲတွင် သန့်ရှင်းရေးလုပ်နေမိသည်။
မမ၏အကြည့်စူးစူးများ ဘယ်လိုမှမေ့လို့မရ၊ ကိုကို့စကားကြောင့် မမစိတ်မကောင်းဖြစ်သွား၏။
မမအဆင်ပြေလားသိချင်သည်။ ကိုကိုက မမနဲ့ မဆက်သွယ်ရဘူးဆိုတော့ သွင်ရိပ်က ကိုကို့အရိပ်၌ ခိုလှူံနေရသူမို့ ဘယ်လွန်ဆန်ရဲပါ့မလဲ။
"သွင်ရိပ်၊ ကိုကို့ကို အလုပ်ကူပေးမယ်ပြောပြီး ဘာလို့ ဒီမှာ လာငိုင်နေရတာလဲ”
ကိုကိုက ရယ်၍ သွင်ရိပ်လက်ကို ဆွဲကာ studioခန်းထဲသို့ ခေါ်လာသည်။
"modelထိုင်ပေး၊ ကိုကိုကင်မရာအသစ်ဝယ်ထားတာ စမ်းကြည့်မလို့”
"ကိုကိုကလည်း သွင်ရိပ်အိုက်တင်မလုပ်တတ်ဘူး၊ ရှက်စရာကြီး”
ကိုကိုက ကင်မရာချိန်နေသဖြင့် သွင်ရိပ်မှာ ဘာလုပ်ရမည်မသိ အူကြောင်ကြောင်ရပ်နေမိသည်။ ကိုကိုက ကင်မရာတဖျတ်ဖျတ်ရိုက်၍ ဓာတ်ပုံများကြည့်ကာ တခွိခွိရယ်နေသေးသည်။ ထိုနေ့၌ ကိုကိုက သွင်ရိပ်ကို ဆိုင်တွင် hand phoneတစ်လုံးလက်ဆောင်ဝယ်ပေးခဲ့သည်။ သွင်ရိပ်အတွက် မလိုအပ်ဟု ငြင်းသော်လည်း ကိုကို့အတွက် လိုအပ်သည်တဲ့။ ကိုကိုက သွင်ရိပ်အပေါ် အရမ်းကောင်းပေးသည်။ ညီမလေးလို ဂရုစိုက်ပေးချစ်ပေးသည်။ စိတ်ချပါကိုကိုရယ်၊ သွင်ရိပ် ဘယ်တော့မှ ကိုကို့ကို သစ္စာမဖောက်ပါ။
~
စာရိုက်စက်ပေါ် လှုပ်ရှားနေသည့်မှူး၏လက်ချောင်းဖြူဖြူသွယ်သွယ်မှာ တဖြည်းဖြည်းနှေး
ကွေးသွားလိုက် မြန်လာလိုက်။ တတောက်တောက်စာရိုက်နေရာ ချက်ချင်းနှေးကွေးသွားရင်း မှူး၏အာရုံတို့မှာ ဘယ်လိုမှစုစည်းမရပေ၊၊ မှူး ထရပ်ကာ ခေါက်တုံ့ခေါက်ပြန်လမ်းထလျှောက်မိသည်။ လေဝင်လေထွက်မရှိသဖြင့် မွှန်းကျပ်မိလာ၍ တိုက်အောက်၌ လမ်းခဏသွားလျှောက်ရန် စိတ်ကူးကာ တံခါးဖွင့်လိုက်သည်။ တံခါးရှေ့တွင် သွင်ရိပ်ရောက်နေ၍ အံ့ဩမိရသည်။
"မင်း ဘယ်လိုလုပ်ပြီး ဒီရှေ့ရောက်နေတာလဲ”
"ဟို ဟိုနေ့က ကိစ္စအတွက် သွင်ရိပ် မမကို တောင်းပန်ချင်လို့ပါ၊ သွင်ရိပ်တို့ မယဥ်ကျေးမိလို့”
မှူး အပြင်သို့ ခေါင်းပြူကြည့်၍ တံခါးပြန်ပိတ်လိုက်သည်။ သွင်ရိပ်က တုံ့နှေးစွာ ဝင်လာ၏။
"သွင်ရိပ် ကိုကိုအလုပ်သွားတုန်း ခိုးထွက်လာတာ၊ မမကို အားနာလို့”
"မင်းတော်တော်သတ္တိရှိတာပဲ၊ နေ့သစ်က တို့နဲ့ မပတ်သက်ရဘူးလို့ပြောထားတယ်မလား”
"မမဘယ်လိုသိတာလဲဟင်၊ သွင်ရိပ်နားမလည်နိုင်ဘူး၊ ကိုကို ဘာလို့ မမနဲ့ မပတ်သက်ခိုင်းလဲဆိုတာ မမက စိတ်ကောင်းရှိတဲ့သူပဲလေ”
သွင်ရိပ်စကားကို မှူးပြုံးမိသွားသည်။ ကွန်ပျူတာရှေ့ရှိ ခုံ၌ ဝင်ထိုင်၍ သွင်ရိပ်ကို လှည့်ကြည့်လိုက်သည်။ ဆံပင်နှစ်ခုခွစည်း၍ ကျစ်ဆံမြီးကျစ်ထားကာ ဆံမြိတ်ပါးပါးချထား၏။ မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်း၊ နှုတ်ခမ်းစုစုလေးဖြင့် နို့နံ့မစင်သေးသည့်ကလေးရုပ်လေး။ အသားအရေမှာလည်း ဖြူနုက baby skinဖြစ်သည်။ လူကောင်မှာ သေးသေးဖြင့် ကြွက်ဖြူလေးအတိုင်း cuteလွန်းသည်။
"နေ့သစ်က ဘာလို့ တို့နဲ့မပတ်သက်ခိုင်းလဲဆိုတော့ တို့က မင်းနဲ့သူ့ကို ခွဲပစ်ဖို့ ကြိုးစားနေတယ်ဆိုတာ သူသိလို့ပေါ့”
"ရှင်!’’
မှူးကို မျက်လုံးအပြူးသားကြည့်ကာ အူတူတူကြည့်နေသည်။ မှူးစကားကို အလုံးစုံနားလည်ပုံမရပေ။
"သွင်ရိပ်၊ မင်း မမနဲ့ တွဲချင်လား”
သွင်ရိပ်မျက်နှာပျက်သွားသည်။ ငိုမဲ့မဲ့ဖြင့် မှူးကို ကြည့်နေ၏။
"မင်း မမနဲ့ တွဲချင််တယ်ဆိုရင် မမဘက်က လက်ခံဖို့ အဆင်သင့်ပဲနော်”
မှူး သွင်ရိပ်အနားလျှောက်သွားပြီး ပခုံးကို လှမ်းကိုင်လိုက်တော့ အသာနောက်ဆုတ်သွား၏။ မှူး နှုတ်ခမ်းတွန့်ချိုးပြုံး၍ အိပ်ခန်းထဲသို့ ဝင်လာသည်။ ပြီးနောက် လက်ပတ်နာရီကို ယူထုတ်လိုက်သည်။
မှူးသိချင်လိုက်တာ၊ ဒီနာရီ သွင်ရိပ်ကို ပေးလိုက်ရင် နေ့သစ်ဘယ်လိုခံစားရမလဲဆိုတာပေါ့။
မှူး အိပ်ခန်းထဲမှ ပြန်ထွက်လာတော့ သွင်ရိပ်က မလှုပ်မယှက်ရပ်နေဆဲ။ အတွေးများနေပုံရ၏။
မှူး ဧည့်ဆိုဖာရှည်၌ ဝင်ထိုင်လိုက်သည်။ နေ့သစ်ပေးထားသည့်လက်ပတ်နာရီကို စားပွဲပေါ်တင်ကာ သွင်ရိပ်ရပ်နေသည့်ဘက်သို့ တွန်းပေးလိုက်သည်။
"ခုနက မမ မင်းကို စနောက်တာပါ”
"နောက် နောက်တာလား’’
မဝံ့မရဲမေးလာတော့ မှူး ခပ်တည်တည်ခေါင်းညိတ်လိုက်သည်။ သွင်ရိပ်က စိတ်အေးသွားသလို သက်ပြင်းသဲ့သဲ့ချ၍ မှူးကို သွားဖြီးပြနေသေးသည်။ သွင်ရိပ်လိုဖြူစင်သူနှင့် နေ့သစ်က မတန်ပေ။ မှူး လက်ပတ်နာရီကို မေးပင့်ပြလိုက်သည်။
"ဒီနာရီလေးက မမလက်ဆောင်ရထားတာ၊ အခု မမက သွင်ရိပ်ကို လက်ဆောင်ပြန်ပေးမယ်''
"မမလက်ဆောင်ရထားတာကို ဘာလို့မသိမ်းထားတာလဲ၊ သွင်ရိပ်မယူပါရစေနဲ့နော်''
"ယူထားလိုက်ပါ၊ မမကို ကူညီချင်တယ်ဆိုရင်ပေါ့၊ သွင်ရိပ်ယူမှ မမစိတ်နေလို့ကောင်းပြီး အကူအညီဖြစ်မှာကွယ့်”
သွင်ရိပ်က အပြစ်ကင်းစွာ ပြုံး၍ လက်ကောက်ဝတ်၌ ပတ်ကြည့်နေလေသည်။ ပြုံးနေသည့်သွင်ရိပ်ကို ကြည့်ရင်း မှူး နှုတ်ခမ်းမဲ့ပစ်လိုက်သည်။
====
ဆက်ရန်။
#ကြွေ

ေဘာလုံးတစ္လုံး၏လိမ့္ေနသံမ်ား၊ ေျပးလႊားေနသည့္ေျခသံမ်ား၊ ရယ္သံမ်ားၾကားမွ ေမာဟိုက္သံမ်ား၊ တစ္စုံတစ္ဦး၏အသံစာစာမ်ားမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနစဥ္ မႉးနားထဲ ဝင္လာသည္။
"မမ ထေတာ့ေလ၊ မမအိပ္ပုတ္ႀကီး ထေတာ့ဆို”
မႉး၏လက္ေမာင္းမွာ ဆြဲလႈပ္နိုးခံလိုက္ရသည္။ မႉး မ်က္လုံးဖြင့္လိုက္ေတာ့ ဝိုးတဝါးျမင္ရသည္မွာ မမ်က္စိတစ္ဖက္ကြယ္ေနေသာ ဆယ္ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဦးျဖစ္သည္။
"သားဆက္”
မႉး ကပ်ာကယာထထိုင္ၿပီး သားဆက္မ်က္ႏွာကို မယုံနိုင္စြာကိုင္ၾကည့္ေနမိသည္။ သားဆက္က မႉးကို ရယ္ျပေန၏။
"သားဆက္၊ ေမာင္ေလး မမဆီကို ျပန္လာတယ္ေနာ္''
"မမ၊ သားဆက္နဲ႕ ေဘာလုံးကစားရေအာင္”
"အင္း၊ ကစားမယ္ေလ၊ မမတို႔ တစ္ေန႕လုံးအတူကစားၾကမယ္”
ေမာင္ေလးက မႉးတို႔ကစားေနက်ျဖစ္ေသာ ေဟာခန္းကြင္းျပင္သို႔ ဆြဲေခၚလာ၏။ မႉး ေမာင္ေလးဆြဲေခၚရာသို႔ ပါလာသည္။
"မမက သားဆက္ကန္လိုက္တဲ့ေဘာလုံးလိုက္ဖမ္းရမယ္ေနာ္''
ေမာင္ေလးက ေဘာလုံးကို ေကာ္ေဇာ္နီႀကီးအျပည့္ခင္းထားသည့္ၾကမ္းခင္းေပၚ ခ်ၿပီး ေဘာလုံးကန္ရန္ျပင္သည္။ မႉးက မ်က္ႏွာခ်င္းဆိုင္ ခပ္ေဝးေဝးတြင္ ရပ္ကာ ေဘာလုံးဖမ္းရန္ အသင့္႐ြယ္ထားသည္။
"ဒုန္း”
"ဟင္!’’
ေမာင္ေလးကန္လိုက္သည့္ေဘာလုံးသည္ မွန္ျပတင္းကို ေဖာက္ထြင္းၿပီး ၿခံထဲ က်သြားေလသည္။ မႉးႏွင့္ေမာင္ေလး မွန္ျပတင္းနားကို အေျပးသြားကာ သုံးထပ္တိုက္ေပၚမွ ၾကည့္လိုက္သည္။ ေဘာလုံးက
ၿခံထဲ၌ လူးလိမ့္သြားရင္း မိုး႐ြာထား၍ စိုစြတ္ေနသည့္ ေရအိုင္ငယ္ေလးဆီ၌ ရပ္သြားသည္။ ေမာင္ေလးက တအိအိရွိုက္ငိုေလ၏။
"ဟင့္...မမ သားဆက္ေဘာလုံးက်သြားၿပီ၊ အဟင့္ဟင့္''
ေကာင္းေနသည့္မ်က္လုံးတစ္ဖက္ကို လက္ႏွင့္ ပြတ္ရင္း ဝမ္းနည္းတႀကီးငိုေနေသာေမာင္ေလးကို ျမင္ေတာ့ မႉး ရင္ထဲဝမ္းနည္းလာသည္။
"မငိုပါနဲ႕၊ မမျပန္ေကာက္ေပးမယ္ေလ”
ေမာင္ေလးက အသက္ဆယ္ႏွစ္ဆိုေသာ္လည္း သူ႕စိတ္မွာ သုံးေလးႏွစ္အ႐ြယ္သာရွိသည္။ ေျပာရလွ်င္ မႉး၏ေမာင္ေလးမွာ က်ပ္မျပည့္ဘူးေပါ့။ ေမြးရာပါမ်က္လုံးတစ္ဖက္ကြယ္ေနသည့္အျပင္ က်ပ္က မျပည့္ ဉာဏ္ရည္နိမ့္ေတာ့ သားအျဖစ္ေတာ္ရမွာ ရွက္သည္ထင္၏။ ထိုေၾကာင့္ ဒယ္ဒီႏွင့္မာမီက ေမာင္ေလးကို ေက်ာင္းမထား စာမသင္ေစဘဲ ဟိုးအရင္တည္းက ဤသီရိၿမဳံစံအိမ္၏အေပၚဆုံးထပ္၌ က်က္ကေလးငွက္ကေလးလို ပိတ္ေလွာင္ထားခဲ့ၾကသည္။ မႉးကိုလည္း ေက်ာင္းတက္သည့္အခ်ိန္မွလြဲ၍
ေမာင္ေလးႏွင့္အတူ ေထာင္ခ်သလို ပိတ္ေလွာင္ခဲ့သည္။ စားစရာမ်ားကို ႀကီးႀကီးျမက အခ်ိန္မွန္လာပို႔ေပးၿပီး မႉးတို႔က ဒီလိုမ်ိဳးေနလာခဲ့ရသည္။
"မမ သားဆက္ေဘာလုံးျပန္ေကာက္ေပးေနာ္၊ ဟင့္”
"အင္း၊ ေကာက္ေပးမယ္၊ ကတိကတိ''
ေမာင္ေလးကို လက္သန္းခ်င္းခ်ိတ္ၿပီး ကတိေပးလိုက္ရင္း မႉးတို႔လက္ဆြဲကာ ေအာက္ထပ္သြားရန္ ပိတ္ထားသည့္တံခါးႀကီးဆီသို႔ ထြက္လာခဲ့ၾကသည္။ ထိုတံခါးႀကီးကို အႀကိမ္ေပါင္းမ်ားစြာ ထုရင္း အသံနာသည္အထိ တံခါးဖြင့္ေပးရန္ ေတာင္းပန္ခဲ့ၾကသည္။ ေအာ္ဟစ္ငိုေႂကြးရင္း အေခါက္ေပါင္းမ်ားစြာ အကူအညီေတာင္းခဲ့ၾကသည္။
"တံခါးဖြင့္ တံခါးဖြင့္ေပး ေဘာလုံးသြားေကာက္မလို႔ပါ တံခါးဖြင့္ေပး တံခါးဖြင့္”
မႉးေခါင္းထဲ မိုက္ခနဲျဖစ္သြားကာ အသက္ခပ္ျပင္းျပင္းရႉမိသည္။ နိမ့္ခ်ည္ျမင့္ခ်ည္လႈပ္ရွားေနေသာရင္ကို ဖိ၍ ပတ္ဝန္းက်င္ကို ၾကည့္ေတာ့ ေသးငယ္သည့္အခန္းက်ဥ္း၏ကုတင္ေပၚ မႉးငုတ္တုတ္ထိုင္ေနသည္။ တစ္ကိုယ္လုံးေခြၽးမ်ား႐ႊဲနစ္ေနကာ ပါးျပင္ကို ထိေတာ့ မ်က္ရည္စတစ္ခ်ိဳ႕ စီးက်ေနသည္။
"ငါ သားဆက္ကို အိပ္မက္မက္ေနတာပဲ”
မႉး အိပ္ရာေပၚမွ ထ၍ အခန္းထဲမွ ထြက္ကာ သားဆက္ကို အိပ္မက္သည့္အေၾကာင္းေျပာရန္ မာမီ့ကို လိုက္ရွာမိသည္။
ညတုန္းကလည္း ျပန္မလာဘူးေပါ့။ မာမီ အိမ္ျပန္မလာတာ ဘယ္ႏွစ္ရက္ေတာင္ ရွိေနၿပီလဲ။ မႉးမမွတ္မိေတာ့သလို မွတ္လည္းမွတ္မထားခ်င္ဘူး။ အစတည္းက မာမီ က သားသမီးကို ခ်စ္ခင္တြယ္တာတတ္တဲ့မိခင္မ်ိဳးမွမဟုတ္တာပဲေလ။ေယက္်ားရဲ႕ခ်စ္ျခင္းေမတၱာကို မရဘူးဆိုတဲ့ မေရရာတဲ့အေၾကာင္းျပခ်က္နဲ႕ မႉးတို႔ေမာင္ႏွမကို ဂ႐ုမစိုက္ဘဲ ကိုယ္လုပ္ခ်င္တာလုပ္ေနတဲ့ တာဝန္မဲ့မိခင္မ်ိဳးပဲေလ။ မႉးလည္း သိပ္ၿပီးမခံစားရေတာ့ပါဘူး။

မႉး ကိုယ္လက္သန႔္စင္၍ လမ္းထိပ္လက္္ဖက္ရည္ဆိုင္ေဘးရွိ အသုပ္ဆိုင္၌ ေခါက္ဆြဲသုပ္ႏွင့္သတင္းစာဝယ္ၿပီး ျပန္လာခဲ့သည္။ သတင္းစာတြင္ အလုပ္ေခၚစာေတြ႕လိုေတြ႕ျငား လွန္ေလွ်ာဖတ္ၾကည့္ေနမိသည္။ ဖုန္းျမည္လာသျဖင့္ မႉး သတင္းစာဖတ္ေနရာမွ လက္တစ္ဖက္ႏွင့္ လွမ္းယူၿပီး ကိုင္လိုက္သည္။
"Hello''
"မႉးေလး၊ ႀကီးႀကီးျမပါကြယ္''
သတင္းစာၾကည့္ေနသည့္မႉးမ်က္လုံးမွာ ေရွ႕နံရံသို႔ အာ႐ုံေျပာင္းသြားသည္။
“ဟုတ္၊ ေျပာပါႀကီးႀကီးျမ''
"မႉးဒယ္ဒီ မေန႕ကပဲ ေဆး႐ုံက ဆင္းလာၿပီ၊ မႉးမာမီလည္း အခု သီရိၿမဳံစံအိမ္ကို ျပန္ေရာက္ေနၿပီ၊ မႉးသိခ်င္မယ္ထင္လို႔ ႀကီးႀကီးျမက ဖုန္းဆက္ၿပီး အေၾကာင္းၾကားတာပါကြယ္၊ မႉးမာမီကေတာင္ မႉးဒယ္ဒီကို ခြင့္လြတ္ေပးလိုက္ၿပီ၊ မႉးေလးကေရာ ဘယ္ေတာ့ျပန္လာမွာလဲကြယ္''
"ႀကီးႀကီးျမ မႉးတစ္ခုပဲ ေတာင္းဆိုခ်င္တယ္၊ မႉးရဲ႕ေမာင္ေလးကို အသက္ရွင္ေအာင္ ျပန္လုပ္ေပး အဲဒါဆိုရင္ မႉးျပန္လာမယ္’’
"မႉးရယ္ ေသျခင္းတရားကို ဘုရားေတာင္ မလြန္ဆန္နိုင္တာ၊ ႀကီးႀကီးျမက ဘယ္လိုလုပ္နိုင္မွာလဲကြယ္''
မႉး၏မ်က္ဝန္း၌ မ်က္ရည္ေတြက ျပည့္လွ်ံလာခဲ့သည္။
"မလုပ္နိုင္ရင္ မေခၚပါနဲ႕ႀကီးႀကီးျမ’’
“မႉးတစ္ေယာက္တည္း ဘယ္လိုေနမွာလဲ၊ ႀကီးႀကီးျမစိတ္ပူတယ္ကြယ္”
"မႉးကေလးမဟုတ္ေတာ့ဘူး၊ စိတ္မပူပါနဲ႕ေနာ္၊ မႉး တစ္ေယာက္ထဲ ေနရဲသလို ရပ္တည္နိုင္တယ္၊ မႉး အဆင္ေျပတာမို႔ ဒါပဲေနာ္ႀကီးႀကီးျမ''
မႉး ဖုန္းခ်၍ ေတြေတြေလးထိုင္ေနမိသည္။ မႉးမိဘေတြသာ ႀကီးႀကီးျမ၏တစ္ဝက္ေလာက္ မႉးကို ခ်စ္ေပးဂ႐ုစိုက္ေပးစိတ္ပူေပးလွ်င္ မႉးေပ်ာ္မိမွာပါ၊၊ သူတို႔ေပးတာႏွင့္ မႉးလိုအပ္တာေတြက ကိုက္ညီမႈမွမရွိပါ။ တကယ္ဆို မာမီက ေယာက္်ားကို ခ်စ္သေလာက္သာ မႉးတို႔ေမာင္ႏွမကို ခ်စ္ေပးခဲ့ရင္ ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး၊၊ အစကတည္းက မာမီက သီရိၿမဳံစံအိမ္မွ ထြက္လာခ်င္ခဲ့တာမဟုတ္ဘူး၊၊
ကိုယ့္အေပၚသစၥာမရွိတဲ့ေယာက္်ားအနား၌ ကပ္တြယ္ေနရင္း မာနမရွိဘဲ အရႈံးေပးေနခဲ့သည္။ မႉးကပဲ ဒယ္ဒီ့လုပ္ရပ္ေတြကို မုန္းတီးလြန္းလို႔ ခံျပင္းလြန္းလို႔ မာမီ့ကို အတင္းေခၚၿပီး သီရိၿမဳံစံအိမ္မွ ထြက္လာ၏။
ဒီကမၻား၌ မႉးကို နာက်င္မႈအေပးဆုံးမွာ မႉး၏မိဘျဖစ္သည္။ ဤနာက်င္မႈမ်ားပိုက္ၿပီး မႉးရွင္သန္ခဲ့ရသည္။
မႉး သက္ျပင္းရွည္ဆြဲခ်ရင္း သတင္းစာ႐ြက္ေပၚမွ ဝန္ထမ္းေခၚသည့္စာ ဆက္ဖတ္ေနမိသည္။ မႉး၏ဒယ္ဒီမွာ စီးပြားေရးလုပ္ငန္းရွင္ႀကီးပီပီ စီးပြားေရးလုပ္ငန္းရွင္သူေဌးေတာ္ေတာ္မ်ားမ်ား သူ႕မိတ္ေဆြမ်ား ျဖစ္ေနၾကသည္မို႔ မႉးအဆင္မေျပပါ။ မႉးဘဝကို သူေဌးႀကီးဦးမင္းေသာ္၏သမီးအျဖစ္ မရွင္သန္ခ်င္ပါ။ မႉးလုပ္သမွ်အားလုံးမွာ ဒယ္ဒီ့မ်က္ႏွာေၾကာင့္ ဒယ္ဒီ့အေထာက္အပံ့ႏွင့္ ဒယ္ဒီရွိေနလို႔ စသျဖင့္ ဤလိုအေျပာခံအထင္ခံရမွာ မႉးမလိုခ်င္ဆုံး။ မႉး၏ႀကိဳးစားအားထုတ္မႈအစစ္အမွန္ႏွင့္ မႉးဘဝကို အရည္အခ်င္းရွိရွိ ယုံၾကည္မႈရွိရွိ ျဖတ္သန္းခ်င္သည္။ မႉး ကိုယ့္အားကိုယ္ကိုးၿပီး ေအာင္ျမင္ခ်င္သည္။
"ဘာအလုပ္လုပ္ရမယ္မွန္းေတာင္ မသိေတာ့ဘူး”
ဖုန္းထပ္ျမည္လာသျဖင့္ Phone screenကို တစ္ခ်က္ၾကည့္ၿပီး ကိုင္လိုက္သည္။
"ဟဲလိုယမင္း''
“…’’
"မႉး၊ နင္အလုပ္ထြက္လိုက္ၿပီလို႔ၾကားတယ္၊ တကယ္ႀကီးလား”
"အင္း၊ ငါထြက္လိုက္ၿပီ”
"ဒါဆို နင္အခုအားေနမွာေပါ့၊ ငါ့အိမ္လာခဲ့ပါလားသူငယ္ခ်င္းရယ္”
"ဘာလဲ၊ ကေလးထိန္းခိုင္းဖို႔လား”
"မထိန္းခိုင္းပါဘူးဟယ္၊ အေမတို႔စာတိုက္က ေနာက္ထြက္မဲ့စာအုပ္ရဲ႕စာမူေတြ စာစီစာရိုက္ရမွာ အမ်ားႀကီးပဲ၊ အဲဒါနင္လာကူေပးေလ၊ နင္ အလုပ္မရခင္ စာရိုက္ခမုန႔္ဖိုးရတာေပါ့''
မႉး စိတ္ဝင္စားသြားေပမဲ့ အိုက္တင္ခံလိုက္သည္။
"ေဈးနည္းရင္ ငါမလုပ္ဘူးေနာ္”
"မနည္းပါဘူးဟယ္၊ နင္ျမန္ျမန္ၿပီးရင္ ပိုရမွာပါ၊ စဥ္းစားမေနနဲ႕၊ ငါ့အိမ္လာခဲ့ေတာ့၊ ငါတစ္ေယာက္တည္း စာရိုက္ရတာ ပ်င္းလို႔ေသေတာ့မယ္”
"အင္းပါ၊ လာခဲ့မယ္၊ နည္းနည္းေတာ့ ၾကာမယ္၊ ငါအခုမွ ေရခ်ိဳးမလို႔ဆိုေတာ့”
"ရတယ္ရတယ္၊ နင္လာရင္ရၿပီ၊ ငါေစာင့္ေနမယ္''
မႉးဖုန္းခ်ၿပီး စားပြဲေပၚတင္ထားသည့္ ေခါက္ဆြဲပန္းကန္ကို ေကာက္သိမ္းကာ ေရခ်ိဳးရန္ ျပင္လိုက္သည္။
~
ကန္ေဘာင္ရွိ ခုံတန္းတြင္ ထိုင္ၿပီး ေန႕သစ္ မႉးကို ေစာင့္ေနမိသည္။ စိမ္းလဲ့ျပာေရ၏အလွကိုလည္း မရႈနိုင္။ ေရာက္သင့္သည့္အခ်ိန္ထက္ ေက်ာ္လြန္ေနၿပီျဖစ္ေပမဲ့ မႉးကို အရိပ္အေယာင္ေတာင္ မျမင္ရပါ၊၊ ေနာက္ဆုံးေတာ့ ေန႕သစ္ဖုန္းဆက္လိုက္သည္။ ထုံးစံအတိုင္း ဖုန္းမကိုင္ေပ၊၊
"မႉး ေမာင့္ကို တမင္လုပ္ေနတာလားကြာ''
ေန႕သစ္ဇြဲမေလွ်ာ့ဘဲ ဖုန္းဆက္တိုက္ေခၚပစ္လိုက္သည္။ တစ္ခ်ိန္မွာေတာ့ မႉးဖုန္းကိုင္ခဲ့သည္။ သို႔ေသာ္ ေဒါသသံမ်ား ဆီးႀကိဳေနသည္။
"ငါ့ဖုန္းအားကုန္ေအာင္ လုပ္ေနတာလား၊ နင္သိပ္အားေနရင္ ေတာက္ ငါမေျပာလိုက္ခ်င္ဘူး”
"ေမာင္တို႔ခ်ိန္းထားတယ္ေလ၊ မႉးဘာလို႔ေရာက္မလာေသးတာလဲ၊ ေမာင္ေစာင့္ေနတာ မနက္ကိုးနာရီကတည္းက တစ္ေယာက္တည္း အ႐ူးလိုပဲ”
"မနက္ျဖန္ေတြ႕မယ္လို႔ပဲ ေျပာထားတာေလ၊ မနက္ကိုးနာရီလို႔ ေျပာလို႔လား”
ေန႕သစ္ အံႀကိတ္လိုက္သည္။
"မႉး တမင္လုပ္တာမလား၊ ထားပါ၊ မႉး လာတဲ့အခ်ိန္ထိ ေမာင္ေစာင့္ေနမယ္”
ေန႕သစ္ ဖုန္းခ်ပစ္၍ ခုံကို မွီထိုင္ကာ ပင့္သက္ရွိုက္မိသည္။ မိနစ္သုံးဆယ္ေလာက္ေစာင့္ၿပီးခ်ိန္မွာေတာ့ မႉးေရာက္လာသည္။ ခုံ၌ ဝင္မထိုင္ဘဲ ခပ္လွမ္းလွမ္းတြင္ လက္ပိုက္ရပ္ရင္း ေန႕သစ္ကို မ်က္ေမွာင္ၾကဳ တ္ၿပီး ၾကည့္ေနခဲ့သည္။
"မိန္းမငယ္ငယ္ေခ်ာေခ်ာေလးကို ရထားေတာ့ သိပ္ေပ်ာ္ေနမွာေပါ့ေနာ္”
႐ြဲ႕ေျပာလာသည့္မႉး၏စကားကို လ်စ္လ်ဴရႈ၍ ေန႕သစ္ မႉးအနီးသြားရပ္လိုက္သည္။
"ေမာင့္ကို စ္တ္ဆိုးေနမယ္ဆိုတာသိပါတယ္”
ေန႕သစ္စကားၾကားေတာ့ မႉးက အျခားဘက္ မ်က္ႏွာလြဲသြားေလသည္။
"ေမာင္ေတာင္းပန္ပါတယ္မႉးရယ္၊ မႉး ေမာင့္ကို ခ်စ္သလို ေမာင္လည္း မႉးကို အရမ္းခ်စ္တာပါ၊ ဒါေပမဲ့ အခုဘာမွလုပ္လို႔မရေတာ့ဘူး၊ ေမာင္က လက္ထပ္ၿပီးၿပီေလကြာ၊ သြင္ရိပ္ကလည္း ေမာင္ကူညီမွရမွာ”
မႉး ေန႕သစ္ကို ဖ်တ္ခနဲလွည့္ၾကည့္လာကာ ခနဲ႕တဲ့တဲ့ၿပဳံးေလသည္။
"နင္ေတာ္ေတာ္ရယ္ရတာပဲေန႕သစ္၊ ငါ အခုလိုလုပ္တာ နင့္ကို ခ်စ္လြန္းလို႔ ထင္ေနလား၊ ကိုယ့္အေပၚသစၥာမရွိတဲ့သူကို ဒီလိုနည္းနဲ႕ ျပန္ဆြဲရေအာင္ ငါက နင္ေတြ႕ဖူးတဲ့ ခပ္ညံ့ညံ့မိန္းမေတြလိုမဟုတ္ဘူး”
မႉး၏စကားလုံးမွာ ေန႕သစ္ရင္ထဲအသည္းထဲထိေအာင္ ထိမွန္သြားကာ မႉးအၾကည့္ေတြမွာ အထင္ေသးသည့္အၾကည့္ေတြျဖင့္၊၊
"ငါ့စိတ္ထဲမွာ အခုနင့္ကို ဘယ္လိုခံစားေနရလဲသိလား၊ ႐ြံတယ္ နင့္လိုလူကို ငါစိတ္သနလြန္းလို႔”
"မႉး မင္းေတာ္လိုက္ေတာ့၊ ပါးရိုက္တာထက္ ပိုနာတဲ့စကားလုံးေတြနဲ႕ မင္း ငါ့ကို ထပ္မေစာ္ကားနဲ႕၊ ငါ့ဘက္ကပဲ သစၥာေဖာက္ခဲ့သလိုမ်ိဳး မင္းဘက္က ဘာအမွားမွမရွိသလိုမ်ိဳးေျပာတာရပ္ေတာ့၊ ငါ့ကိုလုပ္ခဲ့တာေရာေတြးမိလား၊ မင္း ငါ့ကို ခ်စ္သူတစ္ေယာက္လို ရင္ဖြင့္တိုင္ပင္ၿပီး အေရးေပးဆက္ဆံခဲ့ဖူးလား၊ မင္းေၾကာင့္ ငါဘယ္ေလာက္နာက်င္ခဲ့ရလဲ မင္းစဥ္းစားၾကည့္ဖူးလား”
ေန႕သစ္ ခုံတြင္ လက္ေထာက္ထားရာမွ မႉးဘက္ လွည့္ၾကည့္လိုက္ေတာ့ မႉးမ်က္ႏွာေပၚ၌ ေန႕သစ္ကို အထင္ေသးသည့္အၾကည့္မ်ား ေလ်ာ့မသြားသည့္အျပင္ ႏႈတ္ခမ္းကို ပိုမဲ့ပစ္ထားေသးသည္။
"အခု နင္သစၥာေဖာက္ခဲ့တာက ငါ့ေၾကာင့္ ငါမေကာင္းခဲ့လို႔ေပါ့ေလ၊ နင့္အကူအညီမယူတာက ငါ့ကို သစၥာေဖာက္တဲ့အေၾကာင္းျပခ်က္ေပါ့ေလ၊ နင္က ကိုယ့္တစ္ဖက္တည္းၾကည့္တတ္တဲ့ ကိုယ့္အျပစ္ကို တျခားသူကိုလြဲခ်တတ္တဲ့ ခပ္ေပါ့ေပါ့လူဆိုတာ ဝန္ခံလိုက္တာလား”
ေန႕သစ္ အံတင္းတင္းႀကိတ္ထားမိသည္။ မႉးက ခုံ၌ ေျခခ်တ္ဝင္ထိုင္၍ လက္ပိုက္လိုက္၏။
"ငါမယူခ်င္တာ ငါမလိုခ်င္တာကို ေစတနာ အခ်စ္လို႔ လြယ္လြယ္ေခါင္းစဥ္တတ္ၿပီး ငါ့ကို အၿမဲတမ္းစိတ္ညစ္ေအာင္ လုပ္ေနတာက်ေရာ”
မႉးက ခဏနား၍ ေန႕သစ္ကို ၾကည့္သည္။
“နင့္ကို ေ႐ြးခ်ယ္ခဲ့မိလို႔ ငါ့အလုပ္ ငါ့ပတ္ဝန္းက်င္မွာ တျခားသူေတြရဲ႕လက္ညိုးထိုးေလွာင္ေျပာင္ကဲ့ရဲ႕
တာကို ငါဘယ္ေလာက္ေတာင္ ခံခဲ့ရသလဲ၊ ငါသည္းခံခဲ့တယ္၊ လူေတြအေျပာကို ဂ႐ုမစိုက္ခဲ့ဘူး”
မႉးက ဟက္ခနဲရယ္လိုက္ၿပီး ဆက္ေျပာေလသည္။
"နင္ကပဲ အရႈံးေပးေနရသလိုမ်ိဳး ငါကပဲ မာနႀကီးၿပီး ခ်စ္သူအေပၚနားလည္မႈမရွိသလိုမ်ိဳး နင္ ငါ့မေကာင္းေၾကာင္းေတြ လူတကာကို အတင္းတုတ္ေနတာေတာင္ ငါမသိခ်င္ေယာင္ေဆာင္ၿပီး
သည္းခံေပးခဲ့တယ္၊ နင္ကေတာ့ ငါနင့္အကူအညီမယူခ်င္တာကို ပုံႀကီးခ်ဲ့ၿပီး သစၥာေဖာက္ခဲ့တယ္ေပါ့''
မႉးက ေန႕သစ္ဘာျပန္ေျပာရမည္မသိေအာင္ စကားေျပာေတာ္လြန္းသည္။ အသားနာတာထက္ ပိုနာက်င္ေအာင္ စကားနာထိုးတတ္သည့္ေနရာ၌ ႏွစ္ေယာက္မရွိ၊၊ ေန႕သစ္ စိတ္ေလွ်ာ့သလို ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။
"ဒါေတြမသိခဲ့လို႔ ေမာင္ေတာင္းပန္ပါတယ္ကြာ၊ ေမာင့္ကို ခြင့္လြတ္နားလည္ေပးေစခ်င္တယ္''
"သြားေသလိုက္ေလ၊ ေတာင္းပန္ပါတယ္ဆိုတဲ့စကားနဲ႕ ခြင့္လြတ္ေပးရေအာင္ ငါ ဒီေလာက္ထိ စိတ္ထားမေကာင္းဘူး၊ နင့္ေၾကာင့္ ငါအရွက္ကြဲခဲ့ရတာေတြ ငါ့ႏွလုံးသားမွာ သံမွိုစြဲေနၿပီ”
"မင္းေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းတာပဲ၊ ငါအခု မင္းနဲ႕ ပတ္သက္မိတာ ေနာင္တရတယ္သိလား”
"ေနာင္တရလိုက္ ေနာက္ဆိုပိုေနာင္တရေစရမယ္၊ ငါခံစားရသလို နင္ျပန္ခံစားရေအာင္လုပ္မွာမို႔''
မႉးက စိတ္အားထက္သန္စြာေျပာၿပီး ထြက္သြားေတာ့ ေန႕သစ္ထိတ္လန႔္ေနခဲ့သည္။ ေျပာသည့္အတိုင္း လုပ္မည့္ မိန္းမမ်ိဳးမို႔ စိတ္မသက္မသာျဖစ္ခဲ့ရသည္။
~
ကားသည္ လမ္းေဘး၌ တေ႐ြ႕ေ႐ြ႕သြားေန၏။ သြင္ရိပ္ စတီယာတိုင္ကို အားျဖင့္ ဖိကိုင္ထားရင္း အေၾကာက္လြန္ေနမိသည္။ ကိုကို သြင္ရိပ္လက္ကို အေပၚမွ ထပ္၍ ဆုပ္ကိုင္ေပးထား၏။
"ကိုကိုျဖစ္ပါ့မလား၊ သြင္ရိပ္ေၾကာက္တယ္''

"ျဖစ္ပါတယ္ကြာ၊ ကိုကိုေဘးမွာ ရွိေနတာပဲေလ၊ သြင္ရိပ္ဘာမွမျဖစ္ေစရဘူး၊ ေရွ႕တည့္တည့္ကိုပဲ ၾကည့္ေမာင္းေနာ္’’
သြင္ရိပ္ေခါင္းညိတ္ကာ ကားကို ျဖည္းျဖည္းေမာင္းေနမိသည္။ အနားမွ ျဖတ္ေမာင္းသည့္စက္ဘီးမ်ား ေက်ာ္တက္ကုန္ေတာ့ ကိုကိုက သြင္ရိပ္ကို ေလွာင္ရယ္ေနေတာ့သည္။
"သြင္ရိပ္ ဒီႏႈန္းအတိုင္းဆက္ေမာင္းမယ္ဆိုရင္ ကိုကိုတို႔ studioကို မနက္ျဖန္မွ ေရာက္ေတာ့မယ္”
“ဒါေၾကာင့္ ကိုကိုပဲ ေမာင္းလို႔ေျပာတာေပါ့၊ သြင္ရိပ္မေမာင္းရဲပါဘူးဆို ႏွေးႏွေးေလးေတာင္ ရင္တုန္ေနၿပီ၊ ကိုကို ဟိုေရွ႕မွာ ကားလာေနတယ္၊ ဘယ္လိုေရွာင္ရမလဲမသိေတာ့ဘူး၊ အဟင့္”
ကိုကိုက စတီယာတိုင္ ကူလွည့္ေပးေသာ္ျငား ေရွ႕မွ ေမာင္းဝင္လာေသာကားသည္ ကားေခါင္းေဘးမွ ျဖစ္ေအာင္ပြတ္မိသြားေလသည္။
"ဘယ္လိုလုပ္မလဲကိုကို''
သြင္ရိပ္ေနာက္လွည့္ၾကည့္လိုက္ေတာ့ တစ္ဖက္ကားပိုင္ရွင္မွာ မမမႉးျဖစ္ေန၏။ အံ့ဩဝမ္းသာသြားေတာ့ ေၾကာက္စိတ္ေပ်ာက္ကာ ကားေပၚမွ ဆင္းရန္ ထိုင္ခုံခါးပတ္ျဖဳတ္လိုက္သည္။ ကိုကိုက မ်က္ေမွာင္ႀကီးၾကဳတ္လ်က္ တံခါးတြန္းဖြင့္ကာ အရင္ဆင္းသြား၍ ေျပးလိုက္ရသည္။ မမမႉးက သြင္ရိပ္တို႔ကို ျမင္ေတာ့ အနည္းငယ္အံ့ၾသေနၿပီး မ်က္ႏွာတည္သြားသည္။ ကိုကို႔ကို ရႈတည္တည္ၾကည့္ကာ ေဒါသႀကီးေနသည္။
"တမင္လုပ္တာမို႔လား၊ ဟမ္''
"မဟုတ္...မဟုတ္ရ”
"ဟုတ္တယ္၊ တမင္လုပ္တာ”
သြင္ရိပ္စကားထစ္ေနစဥ္ ကိုကိုေျပာလိုက္ေတာ့ သြင္ရပ္ အလန႔္တၾကား ကိုကို႔ကို ေမာ့ၾကည့္မိသည္။ ကိုကိုက မမကို သေဘာမက်ဘဴးမႀကိဳက္ဘူးဟု သြင္ရိပ္သိသည္။ သြင္ရိပ္ကို မမႏွင့္ မပတ္သက္ရန္ အႀကိမ္ႀကိမ္မွာထားသည္။ ဘယ္လိုျဖစ္ျဖစ္ မမကိုေတာ့ ယခုလိုေဒါသထြက္ေအာင္ မေျပာသင့္ပါ။ မမက ကိုကို႔ကို ရိုက္လိုက္မလားစိတ္ပူ၍ သြင္ရိပ္ ႏွစ္ဦးၾကားတြင္ ေၾကာက္ေၾကာက္ႏွင့္ ဝင္ရပ္လိုက္သည္။
"မမ၊ သြင္ရိပ္ေတာင္းပန္တယ္ေနာ္၊ သြင္ရိပ္အမွားပါ''
ကိုကိုက သြင္ရိပ္လက္တစ္ဖက္ကို ဆြဲယူကာ အေနာက္ပို႔လိုက္ေလသည္။
"ဘာမွေတာင္းပန္ဖို႔မလိုဘူးသြင္ရိပ္၊ သြင္ရိပ္မွာ အမွားမရွိဘူး၊ ကားထဲဝင္ေန ကိုကိုေျဖရွင္းလိုက္မယ္၊ ျပန္ေလ်ာ္ေပးရင္ ရၿပီလား”
သြင္ရိပ္ မမကို အားနာစြာ ၾကည့္မိသည္။ မမသည္ အံႀကိတ္ကာ စိတ္ထိန္းေနပုံရ၏။ သြင္ရိပ္ကို ၾကည့္၍ ကားေပၚ ျပန္တက္ကာ ေမာင္းထြက္သြားသည္။ ကား၏အရွိန္ႏႈန္း တရၾကမ္းေမာင္းသြားပုံအရ ေဒါသထြက္သြားပုံရသည္။ မမက သြင္ရိပ္ကို မေကာင္းသည့္လူဟု ထင္သြားၿပီလားမသိေပ။ သြင္ရိပ္ကားဆက္မေမာင္းေတာ့။ ကိုကိုက ဆက္ေမာင္းလာသည္။ ဓာတ္ပုံဆိုင္ေရာက္ေတာ့ ကိုကိုက သူ႕အလုပ္သူလုပ္ေန၏။ သြင္ရိပ္လည္း ေနာက္ဘက္ရွိ အခန္းထဲတြင္ သန့္ရွင္းေရးလုပ္ေနမိသည္။
မမ၏အၾကည့္စူးစူးမ်ား ဘယ္လိုမွေမ့လို႔မရ၊ ကိုကို႔စကားေၾကာင့္ မမစိတ္မေကာင္းျဖစ္သြား၏။
မမအဆင္ေျပလားသိခ်င္သည္။ ကိုကိုက မမနဲ႕ မဆက္သြယ္ရဘူးဆိုေတာ့ သြင္ရိပ္က ကိုကို႔အရိပ္၌ ခိုလႉံေနရသူမို႔ ဘယ္လြန္ဆန္ရဲပါ့မလဲ။
"သြင္ရိပ္၊ ကိုကို႔ကို အလုပ္ကူေပးမယ္ေျပာၿပီး ဘာလို႔ ဒီမွာ လာငိုင္ေနရတာလဲ”
ကိုကိုက ရယ္၍ သြင္ရိပ္လက္ကို ဆြဲကာ studioခန္းထဲသို႔ ေခၚလာသည္။
"modelထိုင္ေပး၊ ကိုကိုကင္မရာအသစ္ဝယ္ထားတာ စမ္းၾကည့္မလို႔”
"ကိုကိုကလည္း သြင္ရိပ္အိုက္တင္မလုပ္တတ္ဘူး၊ ရွက္စရာႀကီး”
ကိုကိုက ကင္မရာခ်ိန္ေနသျဖင့္ သြင္ရိပ္မွာ ဘာလုပ္ရမည္မသိ အူေၾကာင္ေၾကာင္ရပ္ေနမိသည္။ ကိုကိုက ကင္မရာတဖ်တ္ဖ်တ္ရိုက္၍ ဓာတ္ပုံမ်ားၾကည့္ကာ တခြိခြိရယ္ေနေသးသည္။ ထိုေန႕၌ ကိုကိုက သြင္ရိပ္ကို ဆိုင္တြင္ hand phoneတစ္လုံးလက္ေဆာင္ဝယ္ေပးခဲ့သည္။ သြင္ရိပ္အတြက္ မလိုအပ္ဟု ျငင္းေသာ္လည္း ကိုကို႔အတြက္ လိုအပ္သည္တဲ့။ ကိုကိုက သြင္ရိပ္အေပၚ အရမ္းေကာင္းေပးသည္။ ညီမေလးလို ဂ႐ုစိုက္ေပးခ်စ္ေပးသည္။ စိတ္ခ်ပါကိုကိုရယ္၊ သြင္ရိပ္ ဘယ္ေတာ့မွ ကိုကို႔ကို သစၥာမေဖာက္ပါ။
~
စာရိုက္စက္ေပၚ လႈပ္ရွားေနသည့္မႉး၏လက္ေခ်ာင္းျဖဴျဖဴသြယ္သြယ္မွာ တျဖည္းျဖည္းႏွေး
ေကြးသြားလိုက္ ျမန္လာလိုက္။ တေတာက္ေတာက္စာရိုက္ေနရာ ခ်က္ခ်င္းႏွေးေကြးသြားရင္း မႉး၏အာ႐ုံတို႔မွာ ဘယ္လိုမွစုစည္းမရေပ၊၊ မႉး ထရပ္ကာ ေခါက္တုံ႕ေခါက္ျပန္လမ္းထေလွ်ာက္မိသည္။ ေလဝင္ေလထြက္မရွိသျဖင့္ မႊန္းက်ပ္မိလာ၍ တိုက္ေအာက္၌ လမ္းခဏသြားေလွ်ာက္ရန္ စိတ္ကူးကာ တံခါးဖြင့္လိုက္သည္။ တံခါးေရွ႕တြင္ သြင္ရိပ္ေရာက္ေန၍ အံ့ဩမိရသည္။
"မင္း ဘယ္လိုလုပ္ၿပီး ဒီေရွ႕ေရာက္ေနတာလဲ”
"ဟို ဟိုေန႕က ကိစၥအတြက္ သြင္ရိပ္ မမကို ေတာင္းပန္ခ်င္လို႔ပါ၊ သြင္ရိပ္တို႔ မယဥ္ေက်းမိလို႔”
မႉး အျပင္သို႔ ေခါင္းျပဴၾကည့္၍ တံခါးျပန္ပိတ္လိုက္သည္။ သြင္ရိပ္က တုံ႕ႏွေးစြာ ဝင္လာ၏။
"သြင္ရိပ္ ကိုကိုအလုပ္သြားတုန္း ခိုးထြက္လာတာ၊ မမကို အားနာလို႔”
"မင္းေတာ္ေတာ္သတၱိရွိတာပဲ၊ ေန႕သစ္က တို႔နဲ႕ မပတ္သက္ရဘူးလို႔ေျပာထားတယ္မလား”
"မမဘယ္လိုသိတာလဲဟင္၊ သြင္ရိပ္နားမလည္နိုင္ဘူး၊ ကိုကို ဘာလို႔ မမနဲ႕ မပတ္သက္ခိုင္းလဲဆိုတာ မမက စိတ္ေကာင္းရွိတဲ့သူပဲေလ”
သြင္ရိပ္စကားကို မႉးၿပဳံးမိသြားသည္။ ကြန္ပ်ဴတာေရွ႕ရွိ ခုံ၌ ဝင္ထိုင္၍ သြင္ရိပ္ကို လွည့္ၾကည့္လိုက္သည္။ ဆံပင္ႏွစ္ခုခြစည္း၍ က်စ္ဆံၿမီးက်စ္ထားကာ ဆံၿမိတ္ပါးပါးခ်ထား၏။ မ်က္လုံးဝိုင္းဝိုင္း၊ ပါးေဖာင္းေဖာင္း၊ ႏႈတ္ခမ္းစုစုေလးျဖင့္ နို႔နံ႕မစင္ေသးသည့္ကေလး႐ုပ္ေလး။ အသားအေရမွာလည္း ျဖဴႏုက baby skinျဖစ္သည္။ လူေကာင္မွာ ေသးေသးျဖင့္ ႂကြက္ျဖဴေလးအတိုင္း cuteလြန္းသည္။
"ေန႕သစ္က ဘာလို႔ တို႔နဲ႕မပတ္သက္ခိုင္းလဲဆိုေတာ့ တို႔က မင္းနဲ႕သူ႕ကို ခြဲပစ္ဖို႔ ႀကိဳးစားေနတယ္ဆိုတာ သူသိလို႔ေပါ့”
"ရွင္!’’
မႉးကို မ်က္လုံးအျပဴးသားၾကည့္ကာ အူတူတူၾကည့္ေနသည္။ မႉးစကားကို အလုံးစုံနားလည္ပုံမရေပ။
"သြင္ရိပ္၊ မင္း မမနဲ႕ တြဲခ်င္လား”
သြင္ရိပ္မ်က္ႏွာပ်က္သြားသည္။ ငိုမဲ့မဲ့ျဖင့္ မႉးကို ၾကည့္ေန၏။
"မင္း မမနဲ႕ တြဲခ်င္္တယ္ဆိုရင္ မမဘက္က လက္ခံဖို႔ အဆင္သင့္ပဲေနာ္”
မႉး သြင္ရိပ္အနားေလွ်ာက္သြားၿပီး ပခုံးကို လွမ္းကိုင္လိုက္ေတာ့ အသာေနာက္ဆုတ္သြား၏။ မႉး ႏႈတ္ခမ္းတြန႔္ခ်ိဳးၿပဳံး၍ အိပ္ခန္းထဲသို႔ ဝင္လာသည္။ ၿပီးေနာက္ လက္ပတ္နာရီကို ယူထုတ္လိုက္သည္။
မႉးသိခ်င္လိုက္တာ၊ ဒီနာရီ သြင္ရိပ္ကို ေပးလိုက္ရင္ ေန႕သစ္ဘယ္လိုခံစားရမလဲဆိုတာေပါ့။
မႉး အိပ္ခန္းထဲမွ ျပန္ထြက္လာေတာ့ သြင္ရိပ္က မလႈပ္မယွက္ရပ္ေနဆဲ။ အေတြးမ်ားေနပုံရ၏။
မႉး ဧည့္ဆိုဖာရွည္၌ ဝင္ထိုင္လိုက္သည္။ ေန႕သစ္ေပးထားသည့္လက္ပတ္နာရီကို စားပြဲေပၚတင္ကာ သြင္ရိပ္ရပ္ေနသည့္ဘက္သို႔ တြန္းေပးလိုက္သည္။
"ခုနက မမ မင္းကို စေနာက္တာပါ”
"ေနာက္ ေနာက္တာလား’’
မဝံ့မရဲေမးလာေတာ့ မႉး ခပ္တည္တည္ေခါင္းညိတ္လိုက္သည္။ သြင္ရိပ္က စိတ္ေအးသြားသလို သက္ျပင္းသဲ့သဲ့ခ်၍ မႉးကို သြားၿဖီးျပေနေသးသည္။ သြင္ရိပ္လိုျဖဴစင္သူႏွင့္ ေန႕သစ္က မတန္ေပ။ မႉး လက္ပတ္နာရီကို ေမးပင့္ျပလိုက္သည္။
"ဒီနာရီေလးက မမလက္ေဆာင္ရထားတာ၊ အခု မမက သြင္ရိပ္ကို လက္ေဆာင္ျပန္ေပးမယ္''
"မမလက္ေဆာင္ရထားတာကို ဘာလို႔မသိမ္းထားတာလဲ၊ သြင္ရိပ္မယူပါရေစနဲ႕ေနာ္''
"ယူထားလိုက္ပါ၊ မမကို ကူညီခ်င္တယ္ဆိုရင္ေပါ့၊ သြင္ရိပ္ယူမွ မမစိတ္ေနလို႔ေကာင္းၿပီး အကူအညီျဖစ္မွာကြယ့္”
သြင္ရိပ္က အျပစ္ကင္းစြာ ၿပဳံး၍ လက္ေကာက္ဝတ္၌ ပတ္ၾကည့္ေနေလသည္။ ၿပဳံးေနသည့္သြင္ရိပ္ကို ၾကည့္ရင္း မႉး ႏႈတ္ခမ္းမဲ့ပစ္လိုက္သည္။
====
ဆက္ရန္။
#ေႂကြ

ရင်ထဲက မှူး/ရင္ထဲက မႉးTahanan ng mga kuwento. Tumuklas ngayon