EP - [4]✨

4K 375 66
                                    

[Unicode]
"Daddy!!!"
စာကြည့်ခန်းမှာ အလုပ်လုပ်နေတဲ့ Taehyungပေါင်ပေါ် တက်ထိုင်ကာ စကားစမြည်ပြောလာတဲ့ chulလေး~~

"ပြောပါ မင်းသမီးလေး။"

"Chulကို ကြည့်~~"
Laptopကနေ မျက်နှာမခွာပဲ ပြောလာတာမို့ Taehyungမျက်နှာကို သူ့လက်သေးသေးလေးတွေနဲ့ဆုပ်ကိုင်ကာအတင်းလှည့်နေသည်။

"ဘာပြောမလို့တုန်း ဒယ်ဒီ့မင်းသမီးလေး၊"

"Daddy နက်ဖြန်ကယေ Mommyနဲ့ အကြင်တူတူသွားရမဲ့ နေ့မရားဟင်"

Chulလေးပြောမှ Taehyungပြက္ခဒိန်ကို အပြေးကြည့်မိသည်။ဟုတ်သားဘဲ ။ မနက်ဖြန်ဆို Yeon Lina ဆိုတဲ့ Taehyung အရင်မိန်းမနဲ့ကလေးတွေကိုပေးတွေ့ရမေ့နေ့ဘဲ။

Taehyungနဲ့ ထိုမိန်းမ ကွာရှင်းတုန်းက ကလေးတွေရဲ့ အုပ်ထိန်းသူနေရာအတွက် အမှုရင်ဆိုင်ရင်း အဖေဖြစ်တဲ့ Taehyung က ရသွားခဲ့သည်။
သို့ပေမဲ့ ချွင်းချက်တစ်ခုအနေနဲ့ သုံးလတစ်ခါ ကလေးတွေနဲ့ ထိုမိန်းမကို ပေးတွေ့ရမယ်ဆိုတဲ့ ကိစ္စက ပါလာခဲ့သည်။ခုဆို ကွာရှင်းထားတာ၃နှစ်ကျော်ပြီဆိုပေမဲ့ သုံးလတစ်ခါ ကလေးတွေက ထိုမိန်းမနဲ့ တွေ့စမြဲပေ၊

ဟူး~~~~~သူလည်းဒီရက်ပိုင်းး bae ကိုအပိုင်ရရေး taehyung အရေးဖြစ်နေတာနဲ့ ကလေးတွေနဲ့ ပေးတွေ့ရမယ့်ကိစ္စကို မေ့တောင်မေ့နေ😌

"အဲ့တော့ ဒယ်ဒီ့ မင်းသမီးလေးက ပျော်နေတယ်ပေါ့၊ဟုတ်လားး"

"ဟီဟီ~ဟုတယ်Daddy ၊Mommyနဲ့ တွေ့ယတော့မှာယေ။"

ဘာမှမသိတဲ့ သမီးငယ်လေးကို အမေလို့ မခေါ်ထိုက်တဲ့ သူအမေနဲ့တွေ့ရတော့မှာမို့ ပျော်နေလေရဲ့၊

"ဟုတ်ပါပြီ၊ခုတော့ သွားအိပ်တော့၊မိုးချုပ်နေပြီ၊မနက်အစောကြီးထရမယ်မလား၊သွားအိပ်တော့နော် မင်းသမီးလေ~~အူးမွ~"

မျက်နှာကို တစ်ဖက်လှည့်ထားသည်မို့ သိသိသာသာ ဖောင်းထွက်နေတဲ့ ပါးဖောင်းဖောင်းလေးကို Taehyungအသည်းယားစွာ မွှေးကြူ လိုက်သည်။

"Daddyယဲ ဂုနိုက်၊အရုပ်တွေ ကြာကြီးရုပ်နဲ့နော်၊နေအကောင်း ဖစ်ရိမ့်မယ် Daddy၊စောစောအိပ်နော်၊chulစကား နားထောင်နော်၊"

2gether 4ever✿ { Completed }Where stories live. Discover now