EP - [13]✨

3.5K 318 51
                                    

[Unicode]
Taehyungတစ်ယောက် အလုပ်တစ်ရက်နားတုန်း နားခိုက် အေးဆေးနေရမလား မှတ်တယ်။ခုတော့

"Daddy ပျင်းတယ်။Pa Baeကို ကြန်ခေါ်ပေးရို့!!"

Baeကလည်း အိမ်ပြန်သွားတာမလို့
အိမ်မှာ Chulလေးရယ်၊Taehyungရယ်သာ~~
အကြီးနှစ်ယောက်က ကျောင်းသွားတာကြောင့် အငယ်လေးChulက ပျင်းနေကာ Baeကိုပြန်ခေါ်ပေးဖို့ Taehyungကို ဦးနှောက်ဖောက်စားနေသည်။

"Chul သမီးလေး!!လိမ္မာတယ်နော်၊Pa Baeက ကိစ္စရှိလို့ သူ့အိမ်သူပြန်သွားတာလေ သမီးရဲ့၊Daddyသမီးက လိမ္မာပါတယ်။လာDaddyနဲ့ဆော့မယ်လေ။"

"ရှော့ဝူး၊Pa Baeနဲ့ပဲ ရှော့မှာ၊Daddyနဲ့ ရှော့ဝူး။ခေါ်ပေး Pa Baeကို!! အီးဟီး😭"

"Okok!၊မငိုနဲ့နော်၊
Daddyဖုန်းခေါ်ပေးမယ်၊ဟုတ်ပြီလား?"

တီး~~~📱

မကိုင်၊

ထပ်ခေါ်တော့လည်း မကိုင်၊Baeမအားလို့ နေမယ်ဟုတွေးမိကာ အရစ်ထုပ်လေးကို နားလည်အောင်ပြောပြဖို့ လုပ်ရသည်။

"တွေ့လားChul၊Pa Baeက ဖုန်းမကိုင်ဘူး!"

"သိဝူး၊Pa Baeကို ခေါ်ပေး!!"

"ခေါ်လို့ရရင် Daddyတစ်ခါထဲ အိမ်မှာခေါ်ထားမှာပေါ့၊ခုဟာက~~"

"Daddy!!!မီဝေါ့!!!အီးဟီး😭😭"

ငိုယိုပြီး Taehyungဆံပင်တွေ စောင့်ဆွဲ၊လက်မောင်းတွေကို ကိုက်သွားကာ အိပ်ခန်းထဲဝင်သွားသည်။

Chulလေး စိတ်ကောက်ပြီး အခန်းထဲဝင်သွားတော့ မနေနိုင်၊မထိုင်နိုင် သမီးရူး Taehyungခမျာ ပြာသလဲလဲနဲ့ ကောက်ကောက်ပါအောင် လိုက်သွားလေသည်။




ဒေါက် ဒေါက်🚪🚪

"သမီးလေးရေ~"

"မီဝေါ့!!!!အီးဟီး😭"

"Chulလေး~~Daddyအူကြူးလေး၊Daddyငယ်ဆုံးလေးရေ လိမ္မာတယ်နော်၊တံခါးလာဖွင့်ပေးပါအုံး။"

"Pa Baeကို ခေါ်ပေးရုှိ၊ဗြဲ😭"

အော်ငိုသောင်းကျန်းနေတဲ့ အငယ်လေးကြောင့် အဒေါ်ကြီးပါ ရောက်လာပြီး ဝိုင်းချော့သော်လည်း မရ။

"Chulလေးရေ~~လိမ္မာပါတယ်။ဒေါ်ကြီးကို အခန်းထဲ ပေးဝင်ပါနော်!!"

2gether 4ever✿ { Completed }Hikayelerin yaşadığı yer. Şimdi keşfedin