[Unicode]
"မြန်မြန်လုပ်လေ ကိုရာ!! ကြာလိုက်တာ""Daddyကယဲ အဖိုးရီးကျနေတာပဲ၊ရုပ်စိရုပ်စိနဲ့!!(လုှပ်စိလုှပ်စိ)"
နေပူကြဲတဲကြီးထဲမှာ အားကျိုးမာန်တက် လေထိုးနေတဲ့ Kim Taehyungတစ်ယောက် ဒီလေမပြည့်နိုင်တဲ့ ရေကူးကန်ကြီးကိုကြည့်ကာ ထိုင်ပင်ငိုချင်နေပြီ၊ကြားထဲ ပွစိပွစိနဲ့ အဆူခံနေရတော့ လူက သေချင်စော်တောင်နံလှပြီ၊သူတို့ကိုကြည့်တော့ အရိပ်အောက်မှာ ဖျာခင်းထိုင်နေကြတာကိုများ~
နည်းနည်းပါးပါး လာဝိုင်းကူဖို့မရှိဘူး။နေကာမျက်မှန်ကြီးတပ်ပြီး ကားယားကြီးထိုင်နေကြတယ်လေ။
ရုံးပိတ်ရက် အပြင်မထွက်ချင်လို့ အချောင်ခိုပြီး ဟိုနေ့က Chulဝယ်လာတဲ့ဟာနဲ့ အိမ်တွင်းရေကူးကန် လုပ်ပါတယ်ဆိုမှ ပိုလို့တောင် ပင်ပန်းနေသလိုလို~~
ဒီလေထိုးစက်ကြီးကလည်း အိပဲ့အိပဲ့နဲ့၊ မကြာခင်သေတော့မဲ့ လူအိုကြီးလိုပဲ၊
"ပြီးသေးဝူးရားရို့!!!"
"Daddyတစ်ယောက်တည်း လုပ်နေတာလေကွာ၊မြန်မြန်ပြီးစေချင်ရင် လာကူပေါ့၊"
ဟုတ်တယ်၊နေပူရတဲ့ကြားထဲ ဒင်းတို့ကတမှောက်~
"အားဝူး။လာကူဝူး။Chulအအေးသောက်နေတယ်ယေ။မြင်ဝူးလား??"
ရေကူးဝတ်စုံအတိုလေးနဲ့ ငြိမ့်နေတဲ့ အမိက သူ့ကိုပြောတော့ မအားဘူးဟုဆိုကာ လက်ထဲ အအေးခွက်လေးကို ဝှေ့ပြလေသည်။ကတောက်စ်~
ကူညီဖော်များရမလားဆိုပြီး လှမ်းကြည့်တော့ လေးယောက်လုံး မသိချင်ယောင်ဆောင်နေကြလေသည်။
သူ့Baeက အဆိုးဆုံး၊မှောက်တောင် အိပ်နေလိုက်သေးတယ်။ခိုင်းစားထား၊ခိုင်းစားထား!!ဒီက လူကြီးကိုပဲ ခိုင်းစားနေလိုက်ကြ~အီးဟီး~
မနေနိုင်တဲ့အဆုံး အဒေါ်ကြီးက လာကူမှ $ကျိုးနည်းရေကူးကန်က လေတွေပြည့်ဖောင်းလာလေည်။
"ယေး~~ ရေကူးမယ်။ဒန်တန်တန်၊ရေကူးမယ်။ဒန်တန်တန်"
စပ်စလူး၊နတ်ပူးကာ အော်ပြီးပြေးလာကြတဲ့ ကလေးတွေကြောင့် ခုနကပင်ပန်းထားသမျှ အကုန်ရေစုံမျော~၊