[Unicode]
"အမလေး~~ငါ့မြေးတွေ လာမှလာပါ့မလို့ မျှော်နေတာ~"ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ကလေးတွေကို Baeမိဘတွေဆီ အလည်ခေါ်သွားခြင်းဖြစ်သည်။အရင်ထဲက ကလေးတွေနဲ့ တစ်ရက်လာခဲ့ပါဆိုပြီး ခနခနဖိတ်နေတာရယ်~~
ကားပေါ်က ဆင်းလာတဲ့ ကလေးတွေကိုမြင်ပြီး Jeon Omma နဲ့Appaမှာ အသည်းတယားယား
"ချစ်စရာလေးတွေကွယ်။လာပါအုံး သည်းတုန်းလေး~"
ဂါဝန်တကားကားနဲ့ ဆူပုတ်နေတဲ့ Chulလေးကို Jeon Ommaက လှမ်းခေါ်လိုက်တော့ ငိုရင်း ပြေးလာသည်။
"ဟယ်တော့~~ဖွားမြေးက ဘာလို့ငိုနေတာတုန်း!!"
"အီးဟီး~~ဖွားဖွားရီး!! Daddyနဲ့ Pa Bae ကောင်ဝူး!!!Chulကို ဂါဝံရီး ဝတ်ခိုင်းတယ်။အီးဟီး😭"
တစ်ခါတလေ Vd callမှာ စကားပြောနေကြတာမလို့ ကလေးတွေနဲ့ Baeမိဘတွေက သိပ်တော့ မစိမ်း.
"ဂါဝန်က ဘာဖြစ်လို့လဲ သည်းတုန်းရဲ့၊ဒီလောက်လှတာကိုကွယ်"
"ဂါဝံက ရူးမတေ ဝတ်တာတဲ့ ဖွားဖွားရီးရဲ့"
"ဘယ်သူပြောတာတုန်း!Daddyလား??"
"ဟုတ်ဖူး။Chenie Oppa😭"
Chenie ကိုလက်ညိုးထိုးပြီး ပြောလာတော့
"အရူးမ လျှောက်ပြောမနေနဲ့၊Oppaမပြောဘူး။"
"Chulမှန်တိုင်းကြောတာ။"
"အီးဟီး~Daddyရေ သားမပြောတဲ့ဟာကို Chulက သားပြောတယ်ဆိုပြီး လျှောက်ပြောနေတယ် ဗြဲ😭။"
အငိုသန်တဲ့ အလတ်ကောင်လေးက သူ့Daddyနား အပြေးသွားကာ အော်ငိုရင်း တိုင်ပြောပြန်သည်။
"အီးဟီး Oppa ရိမ်ကြောနေတာ၊"
ဘာမှမဟုတ်တဲ့ ကိစ္စကို ဘောလီဘောပုတ်သလို ဟိုဘက်၊ဒီဘက်ပုတ်ကာ ငိုရင်းရန်ဖြစ်နေကြတဲ့ အငယ်နှစ်ယောက်ကိုကြည့်ပြီး Hyunieမှာ ခေါင်းတစ်ခါခါဖြင့်~၊ပါးစပ်ကလည်း~~
"စိတ်ပျက်စရာကောင်းလိုက်!"
ဟုဆိုကာ စုတ်သပ်ရင်း အိမ်ထဲဝင်သွားလေရဲ့။"ထိုင်ကြ၊ထိုင်ကြ၊ဖွားမြေးတွေ စားဖို့မုန့်သွားယူပေးမယ်နော်။"
ဆိုပြီး Jeon Ommaက ပြောလာတော့