EP - [3]✨

4.6K 438 142
                                    

[Unicode]
Jungkookတစ်ယောက် ဒီနေ့ အပြင်ထွက်ရတာ ကျောချမ်းနေသည်။တစ်ယောက်က အနောက်ကနေ လိုက်ကြည့်နေသလိုမျိုး၊လှည့်ကြည့်လိုက်ရင်လည်း လူမပြောနဲ့ ပုရွက်ဆိတ်တောင် မတွေ့ဘူး၊ အဲ့အင်တင်တင်ခံစားချက်နဲ့ အလုပ်ပင် ကောင်းကောင်းမလုပ်နိုင်တော့၊

နေ့လည်လောက်ကျ Jungkookတာဝန်ချိန် ဆိုင်ထဲ အနက်ဝတ်စုံအပြည့်ဖြင့် လူတစ်ယောက် ဝင်လာတာမို့ တာဝန်အရ နုှတ်ဆက်လိုက်သည်။

သို့သော် ထိုမည်းမည်းနဲ့လူက ဝယ်စရာရှိတာ မဝယ်ပဲ Jungkookရှိတဲ့ ငွေရှင်းကောင်တာနား တစ်လှမ်းချင်း လျှောက်လာသည်။ခြေတစ်လှမ်း လှမ်းလိုက်တိုင်း Jungkookလည်း လန့်ပြီး ခြေတစ်လှမ်း နောက်ဆုတ်မိသည်။

မျက်နှာကလဲ maskအုပ်ထားသည်မို့ ကောင်းကောင်းပင် မမြင်ရ၊
ခြေလှမ်းတွေက မြန်လည်း မမြန်သလို၊နှေးလည်းမနှေးပေ၊အကြည့်တွေက လူကို တကြွပ်ကြွပ်နဲ့ ကိုက်စားတော့မဲ့ ပုံပေါက်နေတာမို့ ကြက်သည်းက တစ်ဖြန်းဖြန်းထလာသည်။

လူဆိုးတွေ၊ဘာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုပြီး ကောင်တာအောက်မှာ ချထားတဲ့ ခုံပုကို လက်ထဲ အသင့်ကိုင်ထားသည်။
ရုတ်ရုတ် ရုတ်ရုတ်ဆို ပိတ်ရိုက်လိုက်လို့ ရသည်မဟုတ်ပါလား။

ထိုလူက ကောင်တာရှေ့ရောက်တော့ ကောင်တာကို လက်ထောက်ကာ

"Jeon Jungkook??"

Jungkookတစ်ယောက် ထိုလူပြောတဲ့ စကားကို နားမလည်တော့

"ဟင်!!?"

"ခင်ဗျားနာမည်က Jeon Jungkookမလားလို့?"

"ဟု...ဟုတ်တယ်။"

ထိုအခါ ထိုမည်းမည်းနဲ့လူက သူ့ကျောပိုးအိတ်ထဲက စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ကောင်တာပေါ်တင်ကာ တဖန် လွယ်အိတ်ထဲ ဟိုရှာဒီရှာဖြင့် ရှာနေသည်။ခနနေတော့

"စိတ်မရှိရင် ဘောပင် ခနငှါးပါလား၊"

Jungkookလည်း ကြောင်အအဖြင့် စားပွဲပေါ်က ဘောပင်ပေးလိုက်သည်။

"ဟုတ်ပြီ၊နာမည်က Jeon Jungkookနော်၊"

"Omm"

"အသက်က ၂၃နှစ်??"

2gether 4ever✿ { Completed }Tempat cerita menjadi hidup. Temukan sekarang