EP - [16]✨

3.4K 327 94
                                    

[Unicode]
ဒေါက် ဒေါက်🚪!!

"Hyunie!!!! ဒေါ်ကြီးကို တံခါး ခနဖွင့်ပေးပါအုံး"

"Hyunie~~"

အဒေါ်ကြီးတစ်ယောက် တံခါးခေါက်နေတာ အချိန်အတော်ပင်ကြာနေပြီ၊အခန်းထဲက ကလေးက ခုထိတံခါးလာမဖွင့်သေး။

"သား!!!hyunie~~ဒေါ်ကြီးပြောနေတာ ကြားလား??"

ဘာအသံမှလည်း မကြား၊အခန်းထဲလည်း တိတ်ဆိတ်နေတော့ စိုးရိမ်တွေက အစိုးမရစွာ၊တစ်ခုခုများဖြစ်နေမလားဆိုပြီး စိတ်ပူနေမိသည်။

အပြင်က ဆူညံသံတွေကြောင့် အခန်းထဲက ထွက်လာကြတဲ့ Taehyungနဲ့Jungkook။

"အဒေါ်ကြီး ဘာဖြစ်နေတာလဲ။"
ဆိုပြီး Taehyungကမေးလာတော့

"ဟို...ဟိုလေ Hyunieလေး အခန်းထဲဝင်သွားတာ ကြာလှပြီ၊ခုထိထွက်မလာသေးဘူး၊လော့လည်းချထားတယ်။"

ဟုတ်လားဆိုတဲ့ ပုံစံနဲ့ Taehyungလည်း တံခါးရှေ့သွားကာ ခေါက်လိုက်ရင်း~~

"Kim Hyun~Daddyကို တံခါးလာဖွင့်ပေး!!"

"....."

"Kim Hyun!!၊Daddyသော့နဲဖွင့်ပြီး ဝင်လာမှာနော်"

သော့နဲ့ဖွင့်ပြီး ဝင်သွားလို့ရပေမဲ့လည်း hyunieကိုယ်တိုင်တံခါးလာဖွင့်တာလိုချင်တဲ့ Taehyungကြောင့် အခက်တွေ့နေရသည်။

"......"

"အဲ့ကောင်လေး တော်တော် အကြောမာပြနေတာ၊နေအုံး ခုနက ထီးယူပေး!!!!"

တစ်ခုခုဆို ဒေါသရှေ့တန်းတင်လွန်းတဲ့ Taehyung။ဟိုကလည်း ခေါင်းကြောမာတဲ့ အဂျစ်!၊အဖေရော၊သားရောတထေရာတည်း!!

ဖြောင်း!!!

လက်မောင်းကို ခပ်ဆတ်ဆတ်ရိုက်လာတဲ့ Baeကြောင့် ဘုကြည့်ကြည့်လိုက်တော့ သူ့ပါးစပ်ကို လှမ်းပိတ်သည်။

"စကားကို လူလိုပြောလေ၊ဘာလို့ အော်နေရတာလဲ?၊ကလေးက စိတ်မကောင်းဖြစ်နေတာကို"

"ကိုယ်လည်း အေးဆေးပြောနေတာပဲကို"

"အေးဆေးပြောနေတာကလည်း၊ကိုဖယ်နေ၊ကျနော် ပြောမယ်။"

အကုန်လုံးကို ခပ်လှမ်းလှမ်းမှာနေခိုင်းကာ သူကပဲ တံခါးအသာခေါက်ပြီး ချော့ပြောဖို့လုပ်ရသည်။
ကလေးဆိုတာ အချော့ကြိုက်တယ်မဟုတ်ပါလား??

2gether 4ever✿ { Completed }Where stories live. Discover now