[Unicode]
ဒီနေ့ကတော့ Jeon Jungkookတို့အတွက် ကံဆိုးတဲ့နေ့လို့ပြောရမယ်၊
ခါတိုင်းနေ့တွေလဲ ဗရုတ်သုက္ခဖြစ်နေပေမဲ့ ဒီနေ့မှ ပိုဆိုးနေသလို၊"Yarrr!!!! Jeon Jungkook~~၊ဒီတစ်သက် အလုပ်ကို အချိုးပြေပြေ မလုပ်တော့ဘူးလား။မင်းဒီအတိုင်းပဲ နေနေတော့မှာလား"
နေ့တိုင်း၊နေ့တိုင်း မနက်စာ စားဝိုင်းမှာ အဲ့စကားမပြောရရင် အသက်မရှည်ဘူးလား မသိဘူး၊အမြဲ အဲ့စကားပဲ ပြောတယ်၊
Appaကြီးတော်၊ဘိုးတော်တွေက ဒီကအချောလေးကို အလကားနေရင်း အလုပ်ထုတ်ထုတ်လိုက်တယ်လို့သာ ဖင်ကုန်းအော်ချင်တယ်။တကယ်ပဲ~~"Appaကလဲ သူတို့ဘာသာ သူတို့ သားကို ထုတ်ထုတ်လိုက်တာကို သားက ဘာလုပ်ရမှာလဲလို့၊"
"မင်းကမှ အချိုးပြေပြေမလုပ်တာ ငကုရဲ့၊"
"အဲ့ဆိုင်က အန်တီကြီးက သားကို လုပ်အားခ အပြည့်မှ မပေးတာလို့!!"
သားအဖနှစ်ယောက် သူအော်၊ကိုယ်အော်နဲ့ အသံချင်းပြိုင်ကာ အာခေါင်သံခြစ် အော်နေကြသည်မို့ မနက်စာ စားနေတဲ့Ommaမှာ ပါးစပ်ပိတ်ပြီး ငြိမ်နေလေသည်။
သားဘက်ကလဲ မပါသလို၊ယောကျာ်းဘက်ကလဲ မပါပေ၊"မင်းကြီးတော်က ဘယ်ပေးမလဲ၊မင်းက တနေကုန် လျှောာက်လည်နေပြီး ဆိုင်သိမ်းချိန်ကြမှ ဆိုင်ကို လာတယ်ဆို၊"
"အာ့ဘယ်သူပြောတာလဲ၊"
"မင်းကြီးတော်ပဲ ပြောတာ။"
တကယ်ပါ၊Appaက ကျနော့်လို ကလေးလေးနဲ့ အပြိုင် လိုက်ပြောနေတယ်၊Ommaကလဲ သူ့ယောကျာ်းသူ မထိန်းဘူး။စိတ်ကုန်တယ်~~
"ကျစ်~~နားညီးတယ်၊ဆက်ပြောမနေနဲ့တော့၊"
Appaရဲ့ တော်ကီတွေကို နားမထောင်ချင်တော့တာမို့ ထမင်းဝိုင်းက ထကာ အခန်းထဲ သွားအိပ်နေလိုက်သည်။
"တွေ့လား မိန်းမ၊မင်းသားကို မင်းဆုံးမထား၊ကိုယ့်ကို မခန့်လေးစားနဲ့။@#!$¿"
Jungkookထသွားတော့ Ommaဘက် လှည့်သွားပြီး သွားပွားနေပြန်တယ်။"တော်ပါတော့ရှင်၊တနေ့တနေ့ ရှင်အဲ့စကားပြောနေတာနဲ့ ကျွန်မသားနဲ့ ကျွန်မ မနက်စာ ငတ်တယ်၊တကယ်တည်း!!"ဆိုပြီး Ommaလဲ ထသွားပြန်သည်။
KAMU SEDANG MEMBACA
2gether 4ever✿ { Completed }
Fiksi Penggemar❀◕Kim Taehyung Jeon Jungkook ❀◕ (Taekook)